Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အရေးကြုံလာပါက နိုင်ငံရေးပါတီများအနေဖြင့် ရှေ့တန်းမှ အတူပူးပေါင်းဆောင်ရွက်သင့်ဟု UEC ဥက္ကဋ္ဌပြော

မျိုးကြီး (NSS) - စက်တင်ဘာ ၅

နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အရေးကြုံလာပါက နိုင်ငံရေးပါတီများအနေဖြင့် ရှေ့တန်းမှအတူပူးပေါင်းဆောင်ရွက်သင့်ကြောင်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။


၎င်းက ယနေ့(စက်တင်ဘာလ ၅ ရက်)နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အစိုးရအဖွဲ့ရုံး၌ပြုလုပ်သော နိုင်ငံရေးပါတီ (၃၆) ပါတီကို မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများသည် ပါတီဝင်အင်အားတောင့်တင်းကာ ထိုက်သင့်သည့် ပါတီရန်ပုံငွေရှိရန်လိုအပ်ပြီး သို့မှသာ ခိုင်မာသော ပါတီများအဖြစ် ရပ်တည်နိုင်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အကြံပြုထားသည်။

“အလားတူ နိုင်ငံတော်နဲ့ပြည်သူလူထုအတွက် အရေးကြုံလာပါက ရှေ့တန်းမှအတူပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာကြုံတွေ့ခဲ့ရတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးကိစ္စများ ဖြစ်ပါတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ၌ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများစွာ သွား ရောက်ကူညီခဲ့ကြသော်လည်း နိုင်ငံရေးပါတီအနည်းငယ်မျှသာ ပါဝင်ကူညီဆောင်ရွက်ခဲ့သည်ဟု ဦးသိန်းစိုးက မှတ်ချက်ပြုထားသည်။

“မိုခါမုန်တိုင်းသင့်ဒေသများကို အစိုးရဌာနများအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများစွာ သွားရောက်ကူညီကြတာတွေ့ရမှာဖြစ်ပေမယ့် နိုင်ငံရေးပါတီအနည်းငယ်မျှသာ ပါဝင်ကူညီဆောင်ရွက်ခဲ့ပါတယ်။ အလားတူ စီးပွားရေးကဏ္ဍမှာ ဈေးကစားခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ပြည်သူတွေခံစားနေရပေမယ့် ပါတီများက ပြည်သူများနဲ့အတူ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမှာဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြော သည်။

ထို့ပြင် နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင်လည်း တက်စွမ်းသမျှပါဝင်ကာ ပြည်သူလူထုနှင့်အတူ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်လည်း ကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးက ထပ်မံတိုက်တွန်းထားသည်။

လက်ရှိနစကလက်ထက်၌ ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ကော်မရှင်၌ မှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံရေးပါတီ (၆၄)ပါတီရှိခဲ့ပြီး ယင်းတို့အနက်မှ (၃၆)ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပေးထားသည်။

၎င်းဥပဒေအရ မှတ်ပုံတင်ပြန်လည်မလျှောက်ထားသော နိုင်ငံရေးပါတီ(၅၀)ခန့်ရှိခဲ့ပြီး ၎င်းတို့အထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)တို့ ပါဝင်ခဲ့သည်။

လက်ရှိတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်မလျှောက်ထားသော နိုင်ငံရေးပါတီများသည် ဥပဒေအရ ပျယ်ပြယ်သွားပြီဖြစ်ကြောင်း UEC ဘက်က ကြေညာထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိမ်စီးကားမှ တွဲကားကိုကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်အား ဝင်တိုက်မှုကြောင့် လင်မယား(၂)ဦး ပွဲချင်းပြီးသေဆုံးမှု သံဖြူဇရပ်တွင်ဖြစ်ပွား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved