Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လျှပ်စစ်သုံးယာဉ်(EV)တင်သွင်းရန် အဆိုပြုသော ကုမ္ပဏီ(၄ဝ)နီးပါးအထိ တိုးမြင့်လာခဲ့ပြီး ကုမ္ပဏီ(၆)ခုအား သွင်းကုန်လိုင်စင်ခွင့်ပြုပေးထား

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၅

လျှပ်စစ်အသုံးပြုယာဉ်(EV)တင်သွင်းရန် အဆိုပြုထားသော ကုမ္ပဏီ(၄ဝ)နီးပါးအထိ တိုးမြင့်လာခဲ့ပြီး လတ်တလော၌ ကုမ္ပဏီ(၆)ခုအား သွင်းကုန်လိုင်စင်ခွင့်ပြုပေးထားကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၌ ဖေဖော်ဝါရီလ ၄ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်သော EV အသိပညာမျှဝေခြင်းအစီအ စဉ်တွင် စက်မှုဝန်ကြီးဌာနမှ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်မြတ်မွန်သိန်းက အထက် ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်း၌ လျှပ်စစ်သုံးယာဉ်နှင့်စပ်ဆက်ပစ္စည်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ဒီဇင်ဘာလ ၃၁ ရက်အထိ Pilot Project အဖြစ် တင်သွင်းသုံးစွဲခွင့်ပြုထားကြောင်း သိရသည်။

ပြည်ပမှ EV များတင်သွင်းလိုသည့် ကုမ္ပဏီ(၂၆)ခုမှ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သည့် ဦးဆောင်ကော်မတီထံ လာရောက်ကာ အစီအစဉ်များကို ဆွေးနွေးတင်ပြမှုများရှိခဲ့ပြီး ၎င်းကုမ္ပဏီ(၂၆)ခုအပြင် ကုမ္ပဏီ(၁၃)ခုမှလည်းထပ်မံ၍ အဆိုပြုလာမှုများရှိကြောင်း သိရသည်။

“စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကနေ လာရောက်လျှောက်ထားတာရှိပါတယ်။ လက်ရှိမှာစုစုပေါင်း ကုမ္ပဏီ ၂၆ ခုအထိ Proposal လာတင်ပြီးတော့ လျှောက်ထားတာတွေရှိပါတယ်။ ၎င်းအပြင် ထပ်မံပြီးတော့ အဆိုပြုတင်ပြထားတဲ့ ကုမ္ပဏီတွေလည်း လက်ရှိ (၁၃)ခု လောက်အထိလည်း ရှိနေပါတယ်” ဟု ဒုတိယအထွေထွေမန်နေဂျာ ဒေါ်မြတ်မွန်သိန်းက ပြောသည်။

လတ်တလော၌ လျှပ်စစ်သုံးယာဉ်(EV)များ တင်သွင်းရန်အတွက် ကုမ္ပဏီ(၆)ခုအား သွင်းကုန်လိုင်စင်ခွင့်ပြုပေးထားကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

EV တင်သွင်းမှုများနှင့်ပတ်သက်၍ လတ်တလော၌ အခွန်အခများကိုလည်း သုညရာခိုင် နှုန်းသို့ လျှော့ချပေးကာ လျှပ်စစ်သုံးယာဉ်များတိုးတက်များပြားလာရေး ဆောင်ရွက်နေကြောင်း တွေ့ရသည်။

“လက်ရှိမှာဆိုရင် ကုမ္ပဏီ(၆)ခုအထိကို သွင်းကုန်လိုင်စင်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ ဒီကုမ္ပဏီ(၆)ခုက မကြာခင်မှာ လျှပ်စစ်အသုံးပြု လူစီးယာဉ်၊ တက္ကစီယာဉ်တွေ ရောက်ရှိတော့မှာဖြစ်ပါတယ်” ဟု စက်မှုဝန်ကြီးဌာနမှ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်မြတ်မွန်သိန်းက ဆိုသည်။

ပြီးခဲ့သော ရက်ပိုင်းများအတွင်း ကုမ္ပဏီ(၂)ခုက တရုတ်နိုင်ငံမှတင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ် အစီး(၄ဝ) မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ၎င်းတို့အထဲ အချို့တစ်ဝက်ကို အများပြည်သူအသုံးပြုနိုင်ရန် ရန်ကုန်လေဆိပ်နှင့်နေပြည်တော်တို့၌ တက္ကစီအဖြစ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း နစကဘက်မှ ပြောဆိုထားသည်။


zawgyi version

လွ်ပ္စစ္သုံးယာဥ္(EV)တင္သြင္းရန္ အဆိုျပဳေသာ ကုမၸဏီ(၄ဝ)နီးပါးအထိ တိုးျမင့္လာခဲ့ၿပီး ကုမၸဏီ(၆)ခုအား သြင္းကုန္လိုင္စင္ခြင့္ျပဳေပးထား

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၅

လွ်ပ္စစ္အသုံးျပဳယာဥ္(EV)တင္သြင္းရန္ အဆိုျပဳထားေသာ ကုမၸဏီ(၄ဝ)နီးပါးအထိ တိုးျမင့္လာခဲ့ၿပီး လတ္တေလာ၌ ကုမၸဏီ(၆)ခုအား သြင္းကုန္လိုင္စင္ခြင့္ျပဳေပးထားေၾကာင္း သတင္းရရွိသည္။

ရန္ကုန္ၿမိဳ႕၊ မင္းရဲေက်ာ္စြာလမ္းရွိ ကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI)၌ ေဖေဖာ္ဝါရီလ ၄ ရက္ ေန႔လည္ပိုင္းတြင္ ျပဳလုပ္ေသာ EV အသိပညာမွ်ေဝျခင္းအစီအ စဥ္တြင္ စက္မႈဝန္ႀကီးဌာနမွ ဒုတိယအေထြေထြမန္ေနဂ်ာ ေဒၚျမတ္မြန္သိန္းက အထက္ ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ျပည္တြင္း၌ လွ်ပ္စစ္သုံးယာဥ္ႏွင့္စပ္ဆက္ပစၥည္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလမွစတင္ကာ ဒီဇင္ဘာလ ၃၁ ရက္အထိ Pilot Project အျဖစ္ တင္သြင္းသုံးစြဲခြင့္ျပဳထားေၾကာင္း သိရသည္။

ျပည္ပမွ EV မ်ားတင္သြင္းလိုသည့္ ကုမၸဏီ(၂၆)ခုမွ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး ဦးေဆာင္သည့္ ဦးေဆာင္ေကာ္မတီထံ လာေရာက္ကာ အစီအစဥ္မ်ားကို ေဆြးေႏြးတင္ျပမႈမ်ားရွိခဲ့ၿပီး ၎ကုမၸဏီ(၂၆)ခုအျပင္ ကုမၸဏီ(၁၃)ခုမွလည္းထပ္မံ၍ အဆိုျပဳလာမႈမ်ားရွိေၾကာင္း သိရသည္။

“စိတ္ဝင္စားတဲ့ ကုမၸဏီေတြကေန လာေရာက္ေလွ်ာက္ထားတာရွိပါတယ္။ လက္ရွိမွာစုစုေပါင္း ကုမၸဏီ ၂၆ ခုအထိ Proposal လာတင္ၿပီးေတာ့ ေလွ်ာက္ထားတာေတြရွိပါတယ္။ ၎အျပင္ ထပ္မံၿပီးေတာ့ အဆိုျပဳတင္ျပထားတဲ့ ကုမၸဏီေတြလည္း လက္ရွိ (၁၃)ခု ေလာက္အထိလည္း ရွိေနပါတယ္” ဟု ဒုတိယအေထြေထြမန္ေနဂ်ာ ေဒၚျမတ္မြန္သိန္းက ေျပာသည္။

လတ္တေလာ၌ လွ်ပ္စစ္သုံးယာဥ္(EV)မ်ား တင္သြင္းရန္အတြက္ ကုမၸဏီ(၆)ခုအား သြင္းကုန္လိုင္စင္ခြင့္ျပဳေပးထားေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။

EV တင္သြင္းမႈမ်ားႏွင့္ပတ္သက္၍ လတ္တေလာ၌ အခြန္အခမ်ားကိုလည္း သုညရာခိုင္ ႏႈန္းသို႔ ေလွ်ာ့ခ်ေပးကာ လွ်ပ္စစ္သုံးယာဥ္မ်ားတိုးတက္မ်ားျပားလာေရး ေဆာင္႐ြက္ေနေၾကာင္း ေတြ႕ရသည္။

“လက္ရွိမွာဆိုရင္ ကုမၸဏီ(၆)ခုအထိကို သြင္းကုန္လိုင္စင္ခြင့္ျပဳထားၿပီးျဖစ္ပါတယ္။ ဒီကုမၸဏီ(၆)ခုက မၾကာခင္မွာ လွ်ပ္စစ္အသုံးျပဳ လူစီးယာဥ္၊ တကၠစီယာဥ္ေတြ ေရာက္ရွိေတာ့မွာျဖစ္ပါတယ္” ဟု စက္မႈဝန္ႀကီးဌာနမွ ဒုတိယအေထြေထြမန္ေနဂ်ာ ေဒၚျမတ္မြန္သိန္းက ဆိုသည္။

ၿပီးခဲ့ေသာ ရက္ပိုင္းမ်ားအတြင္း ကုမၸဏီ(၂)ခုက တ႐ုတ္ႏိုင္ငံမွတင္သြင္းလာသည့္ လွ်ပ္စစ္သုံးယာဥ္ အစီး(၄ဝ) ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာခဲ့ၿပီး ၎တို႔အထဲ အခ်ိဳ႕တစ္ဝက္ကို အမ်ားျပည္သူအသုံးျပဳႏိုင္ရန္ ရန္ကုန္ေလဆိပ္ႏွင့္ေနျပည္ေတာ္တို႔၌ တကၠစီအျဖစ္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း နစကဘက္မွ ေျပာဆိုထားသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယက ဆေးဝါးထိန်းချုပ်ရေးစနစ် အားကောင်းစေရေးအတွက် အမေရိကန်ဒေါ်လာ သန်း (၈ဝ)နီးပါးသုံးစွဲမည်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved