မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံဒေသရှိ အာနန္ဒာဘုရား နှင့် ရွှေစည်းခုံဘုရား ရင်ပြင်တော်တို့တွင် ရေဝင်ရောက်မှုများဖြစ်ပွား
ယွန်း (NSS) - စက်တင်ဘာ ၃
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံဒေသရှိ အာနန္ဒာဘုရားနှင့် ရွှေစည်းခုံဘုရား ရင်ပြင်တော်တို့တွင် ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ယနေ့ (စက်တင်ဘာလ ၃ ရက်)၊ နံနက်(၄)နာရီအချိန်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံဒေသရှိ အာနန္ဒာဘုရားနှင့် ရွှေစည်းခုံဘုရားတို့၏ ရင်ပြင်များပေါ်သို့ ရေများဝင်ရောက်ခဲ့ကြောင်း ပုဂံရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူးက ပြောသည်။
"မနက်(၄)နာရီကနေ (၆)နာရီအထိ နှစ်နာရီလောက်ရွာတယ်။ အဲဒီနောက်ပိုင်းမှာတော့ မိုးဖွဲလေးတွေက (၁၀)နာရီလောက်အထိရွာတယ်။ ရင်ပြင်တော်တွေမှာက ရေထွက်ပေါက်တွေတော့ရှိတယ်။ ရေထွက်တာနည်းတော့ ရေစုပ်စက်တွေနဲ့ စုပ်ထုတ်ရတာပေါ့။ ရေတွေတင်နေတယ်လို့ စသိရကတည်းက ရေစုပ်စက်တွေနဲ့စပြီး စုပ်ထုတ်ခဲ့တယ် (၅)နာရီလောက်ကြရင် အကုန်ပြီးမယ်လို့မှန်းထားတယ် အခုဆိုရင်တော်တော်ကျသွားလောက်ပြီ"ဟု ညွှန်ကြားရေးမှူး ဦးမြင့်သန်းက NSS ကိုပြောသည်။
ရေဝင်ရောက်မှုများကြောင့် ရွှေစည်းခုံဘုရား ရင်ပြင်တော်၏ အနိမ့်ပိုင်းနေရာများတွင် (၁၀)လက်မခန့်ရေဝပ်ခဲ့ပြီး အာနန္ဒာဘုရားတွင်(၇)လက်မခန့် ရေဝင်ရောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ရေများအမြန်ကျဆင်းရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအပါအဝင် ဂေါပကအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှပူးပေါင်း၍ ရေစုပ်စက်များဖြင့် ဘုရားရင်ပြင်တော်ပေါ်ရှိ ရေများကို ရေစုပ်စက်ဖြင့် စုပ်ထုတ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောင်းမြမြို့၌ ကားနှင့်ဆိုင်ကယ်တို့ ယာဥ်တိုက်မှုဖြစ်ပွားရာမှ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံး
RELATED POSTS
18 Sep 2024 | ဘာသာရေး,ပြည်တွင်း
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ