Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီရစ်ထရီးယားအစိုးရထောက်ခံသူ နှင့် ကန့်ကွက်သူ ပြည်ပရောက်အချင်းချင်း အစ္စရေးနိုင်ငံတွင် အဓိကရုန်းဖြစ်

ဂျန်ဇက် (NSS) - စက်တင်ဘာ ၃ 

အစ္စရေးနိုင်ငံဆိုင်ရာ အီရစ်ထရီးယားသံရုံးရဲ့လတ်တလောလုပ်ရပ်များနဲ့ပတ်သက်ပြီး ဂျူးနိုင်ငံ တဲလ်အဗစ်မြို့တောင်ပိုင်းမှာ အဓိကရုန်းဖြစ်ပွားခဲ့တဲ့အတွက် လူ ၁ဝဝ ကျော် ဒဏ်ရာရရှိတယ်လို့ Jerusalem Post က ယမန်နေ့ ရေးသားပါတယ်။ 

အီရစ်ထရီးယားသံရုံးရဲ့လုပ်ရပ်များကို တားဆီးပေးဖို့ အစ္စရေးရဲများထံ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ကြောင်း ဆန့်ကျင်သူများက ပြောကြားခဲ့ပါတယ်။


စနေနေ့ ညနေပိုင်း ဂျုးနိုင်ငံ တဲလ်အဗစ်မြို့မှာ အီရစ်ထရီးယား အစိုးရထောက်ခံသူနှင့် ကန့်ကွက်သူ ပြည်ပရောက် အချင်းချင်းတို့သာမက အစ္စရေးရဲတပ်ဖွဲ့တို့အကြားမှာ အဓိကရုန်းဖြစ်ပွားခဲ့ပါတယ်။

အီရစ်ထရီးယားနိုင်ငံဟာ အာဖရိက ဦးချိုပုံဒေသလို့ခေါ်တဲ့ စူးအက်တူးမြောင်း ဝင်-ထွက်ပေါက် ပင်လယ်နီ ကမ်းခြေမှာ တည်ရှိပြီး လူဦးရေ ၄ သန်း (သို့မဟုတ်) ၇ သန်းခန့် ရှိပါတယ်။ လူမျိုးစုအချင်းချင်းတို့အကြား လူ့အခွင့် အရေးချိုးဖောက်မှုတိုက်ပွဲများကြောင့် အငတ်ဘေးဆိုက်ခဲ့ဖူးတဲ့ အီသီယိုပီးယားနိုင်ငံဟာ အီရစ်ထရီးယားရဲ့ တောင်ဘက်မှာ တည်ရှိပြီး၊ အနောက်ဘက်မှာ လောလောဆယ် နိုင်ငံ့လက်နက်ကိုင်အဖွဲ့နှစ်ရပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံတည်ရှိပါတယ်။ အရှေ့တောင်ဘက် အိမ်နီးချင်းနိုင်ငံကတော့ လူဦးရေ ၁ သန်းခန့်သာရှိတဲ့ ဒီဂျာဘူတီနိုင်ငံဖြစ်ပါတယ်။

အီရစ်ထရီးယားနိုင်ငံ အာဏာရှင်အစိုးရဟာ သူ့တိုင်းပြည်အတွင်း (နိုင်ငံရေးလှုပ်ရှားမှုများအတွက်) သေဒဏ် ပြဋ္ဌာန်းထားပါတယ်။ ပြည်ပရောက် အီရစ်ထရစ်ရီးယားလူမျိုးတို့အပေါ်မှာလည်း ဒုက္ခသည်ခိုလှုံခွင့်အပေါ် နှောင့်ယှက်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်းများ ပြုလုပ်နေတယ်လို့ သက်ဆိုင်ရာနိုင်ငံအစိုးရများထံ တိုင်ကြား ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။


ပြည်ပရောက် အီရီထရီးယားဒုက္ခသည်များအပေါ် စောင့်ကြည့်ရန်နဲ့ ခြေရာခံရန် သံရုံးရဲ့ကြိုးပမ်းမှုများကို အီရစ်ထရီယားအစိုးရဆန့်ကျင်ရေးဆန္ဒပြသူများအနေနဲ့ မကျေမနပ်ဖြစ်နေခဲ့ကြတာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ ဒုက္ခသည်အဖြစ် လှုံခွင့်ပေးနေတဲ့ အစ္စရေးအစိုးရနဲ့ အီရစ်ထရီးယားတို့အကြား လက်ရှိဖြစ်ပွားနေတဲ့ အငြင်းပွားမှုဟာ အခုလို ရုန့်ရင်းဆန်ချတ်ဖြစ်ကြရတဲ့အကြောင်းရင်းများထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေတယ်လို့ ဆန့်ကျင်ကန့်ကွက်သူတွေက ပြောပါတယ်။

အစ္စရေးနိုင်ငံဆိုင်ရာ အီရီထရီးယားသံရုံးဟာ ဒုက္ခသည်များထံမှ ငွေညှစ်ဖို့အတွက် ဒုက္ခသည်များအဖြစ် အသွင်ယူ ထားတဲ့စပိုင်တွေကို စေလွှတ်ထားကြောင်း လွန်ခဲ့တဲ့ရက်သတ္တပတ်မှာ ဆွစ်ဇာလန်အခြေစိုက် “စိန့်_ဂါလာ_ တက်ဘလတ်“ သတင်းစာက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတွင်းမှ ထွက်ပြေးလာသူများကို ခြေရာခံပြီး “ကြွေးမြီများ” (သို့မဟုတ်) “အခွန်အခများ” ပြန်လည်ပေးဆပ်ရန် ခြိမ်းခြောက်ခံရသူများအကြောင်းကို သတင်းစာက အသေးစိတ်ရေးသားထားပြီး ရေခြားမြေခြားရောက်ရှိနေသူ အီရစ်ထရီးယားလူမျိုးတို့အပေါ် အကျပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

အီရီထရီးယားအစိုးရရဲ့ ပြင်းထန်လွန်းတဲ့ အာဏာကျင့်သုံးမှုကြောင့် "အာဖရိကမြောက်ကိုရီးယား" လို့ မကြာခဏ တင်စားခေါ်ဝေါ်ကြပါတယ်။ ကမ္ဘာဦးလူသားများ နေထိုင်ခဲ့ကြောင်း အထောက်အထားများနဲ့ အလွန်ရှေးကျတဲ့ သမိုင်းနောက်ခံ၊ ယဉ်ကျေးမှုပေါင်းစုံရောယှက်တဲ့ အံ့မခန်း ဗိသုကာလက်ရာများကြောင့် လူသိများပါတယ်။ ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးပြီး အီတလီနဲ့ တူရကီရဲ့အော်တိုမန်အင်ပါယာအတွင် ကျရောက်ခဲ့ဖူးတဲ့ အီရစ်ထရီးယားဟာ အမေရိကန်ရဲ့ စောင်မမှုကြောင့် အီသီယိုးပီးယားရဲ့ ဖက်ဒရယ်ပြည်နယ်အဖြစ်မှ ၁၉၉၀-ခုနှစ်မှာ သီးခြားလွတ်လပ် တဲ့တိုင်းပြည်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း သမ္မတဖြစ်လာတဲ့ “အက်ဆိုင်ရာ_အက် ဖွာကီ” ဟာ သူ့ရဲ့နိုင်ငံရေး အတိုက်အခံများကို စနစ်တကျ အကျဉ်းချ သတ်ဖြတ်ခဲ့ပါတယ်။ 


အီရစ်ထရီးယားမှာ နိုင်ငံသားအားလုံး ကျား-မ မရွေး စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းထားပါတယ်။ အစ္စရေး- အမေရိကန် (သို့မဟုတ်) အခြားတိုင်းပြည်တွေမှာလို ကန့်သတ်ခြင်းမရှိဘဲ နှစ်ကာလ အပိုင်းအခြားမရှိစစ်မှု ထမ်းဆောင်ကြဖို့ တာဝန်ရှိပါတယ်။ 

အစိုးရစစ်ဘက်ဝန်ထမ်းအဖြစ် တာ၀န်ထမ်းဆောင်ရခြင်းဟာ စစ်တပ် (သို့မဟုတ်) အရပ်ဘက်ဋ္ဌာနတစ်ခုခုမှာ ဖြစ်နိုင်ပေမယ့် ကလေးမီးဖွားထားတဲ့အမျိုးသမီးများအတွက် ဖျားနာခြင်း၊ မသန်မစွမ်းဖြစ်ခြင်းနဲ့ “#ပိုင်ရာဆိုင်ရာ_ အကပ်ကောင်း” ခြင်းများဟာ စစ်တပ်မှ နှုတ်ထွက်ခွင့် ရရှိဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်နေပါတယ်။

အဲဒါကြောင့် အီရစ်ထရီးယားရဲ့စနစ်ဟာ “အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း” သို့မဟုတ် “ကျွန်ပြုတဲ့” နည်းလမ်းဖြစ်နေတယ်လို့ ကုလသမဂ္ဂက ရှုတ်ချထားပါတယ်။

(မျောက်သာသာ အဆင့်မြင့်နို့တိုက်သတ္တဝါအဆင့်မှ ခေတ်သစ်လူသားများအဖြစ် ပြောင်းလဲလာသူများ နေထိုင်ခဲ့ ကြောင်း မနုဿဗေဒကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိနေတဲ့တိုင်းပြည်ဟာ ရွှေ-ကြေးနီ- ဇင့်နဲ့ ပိုတက်ဆီယမ်ဓါတ် သတ္တုများ ကြွယ်ဝပေမယ့် ဆိုးရွားစွာ မိုးခေါင်ခြင်း၊ ပြည်တွင်းသီးနှရိက္ခာမလုံလောက်ခြင်း၊ အကြိမ်aပါင်းများစွာ စစ်ဖြစ်ပွားခြင်းများကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနဲ့ လူသားရင်းမြစ် ဖွံ့ဖြိုးမှု အနည်းဆုံး တိုင်းပြည်တစ်ခု ဖြစ်နေပါ တယ်။ 

နိုင်ငံ့လူဦးရေရဲ့ ၆၆ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှု သတ်မှတ်မျဉ်းအောက်မှာ နေထိုင်ကြပြီး ပြည်ပမှာ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူ မိသားစု၀င်များရဲ့ ဟွန်ဒီလွှဲငွေများအပေါ်မှာ မှီခိုနေကြရပါတယ်။ ။သတင်းဘာသာပြန်သူ)

#အီရစ်ထရီးယား #အစ္စရေးနိုင်ငံ_တဲလ်အဗစ်မြို့ #ဆူဒန် #အီသီယိုပီးယား #အာဖရိက_ဦးချိုပုံဒေသ

( Jerusalem Post., 2 September 2023,” Why are Eritreans rioting against their regime in Israel?” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး (၉)ဦးထိခိုက်ဒဏ်ရာရရှိ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved