မာရဝိဇယဘုရားကြီးအား မနက်ဖြန်မှစ၍ ဝင်ကြေးအခမဲ့ဖြင့် ဖူးမြော်ခွင့်ပြုမည်ဖြစ်ပြီး ကင်မရာပါသည့်ဖုန်းတစ်လုံးလျှင် (၁၀၀၀)ကျပ်ကောက်ခံမည်
ယွန်း (NSS) - စက်တင်ဘာ ၃
မာရဝိဇယဘုရားကြီးအား မနက်ဖြန် (စက်တင်ဘာလ ၄ ရက်)မှစ၍ ဝင်ကြေးအခမဲ့ဖြင့် ဖူးမြော်ခွင့်ပြုမည်ဖြစ်ပြီး ကင်မရာပါသည့်ဖုန်းတစ်လုံးလျှင် (၁၀၀၀)ကျပ်ကောက်ခံမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ယနေ့(စက်တင်ဘာလ ၃ ရက်) နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
စက်တင်ဘာလ(၄)ရက်မှစ၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးကို ဝင်ကြေးအခမဲ့ဖြင့် ဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် ရုပ်ပွားတော်ကြီးနှင့် ဥယျာဥ်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသိုလ်တော်အဖြစ် ပါဝင်နိုင်ရေးအတွက် ကင်မရာပါသည့် ဖုန်းတစ်လုံးလျှင် (၁၀၀၀)ကျပ် ကောက်ခံသွားမည်ဖြစ်ပြီး Keypad ဖုန်းများမပါဝင်ကြောင်း သိရသည်။
ထို့ပြင် အပျော်ရိုက်ကင်မရာအတွက် (၅၀၀၀)ကျပ်၊ အလှဓာတ်ပုံရိုက်/Video(Pre Wedding အပါအဝင်) နှစ်နာရီစာအတွက် ငွေကျပ်(၅၀၀၀၀) ကောက်ခံမည်ဖြစ်ပြီး နာရီဝက်ပိုတိုင်း (၅၀၀၀)ကျပ် ထပ်မံကောက်ခံမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဥယျာဥ်တော်အတွင်း ယာဥ်ရပ်နားကွင်း၌ ယာဥ်ငယ်တစ်စီးလျှင် ငွေကျပ်(၂၀၀၀၀) ကောက် ခံမည်ဖြစ်ကာ အိမ်စီးယာဥ်ငယ်များကိုသာ ဥယျာဥ်တော်အတွင်း ဝင်ခွင့်ပြုပြီး ယာဥ်ကြီးနှင့် ဆိုင်ကယ်များကို ဥယျာဥ်တော်ပြင်ပတွင် ရပ်နားရန် ထုတ်ပြန်ထားသည်။
Buggy အခမဲ့စီးနင်းခွင့်နှင့်ပတ်သက်၍ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများအတွက်သာ အခမဲ့စီးနင်းခွင့်ပြုရန် စီစဥ်ထားကြောင်း သိရသည်။
မာရဝိဇယရုပ်ပွားတောက်ကြီးကို လာရောက်ဖူးမြော်သူများ အသက်သာဆုံးဖြစ်စေရန်အတွက် ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပြုကြောင်း နစကဥက္ကဋ္ဌက ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားခဲ့သည်။
ထိုသို့ ဝင်ရောက်ဖူးမြော်ခွင့်ပြုရာတွင် ပထမသုံးလတာကာလအတွင်း စမ်းသပ်ကာလအဖြစ် အမြဲတမ်းစည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခြင်းမပြုဘဲ ယာယီစည်းကမ်းသတ်မှတ် ချက်များဖြင့်သာ ဆောင်ရွက်သွားရန်လည်း ၎င်းက ပြောသည်။
မာရဝိဇယရုပ်ပွားတော်ကြီးအား သြဂုတ်လ(၈)ရက်တွင် စတင်၍ အခမဲ့ဖူးမြော်ခွင့်ပေးခဲ့ရာ သြဂုတ်လ(၃၀)ရက်အထိ ရဟန်းသံဃာများနှင့် သီလရှင်များအပါအဝင် စုစုပေါင်း (၃၃၈၁၁ဝ)ဦး လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကနေဒါက အိန္ဒိယနဲ့ ကုန်သွယ်ရေး သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးပွဲကို ခေတ္တရပ်ဆိုင်း
RELATED POSTS
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ
29 May 2024 | ဘာသာရေး,ပြည်တွင်း