ကမ္ဘာတစ်ဝှမ်းတွင် ကိုဗစ်(၁၉)ရောဂါကူးစက်ခံရသူအသစ်များ တိုးလာနေကြောင်း WHO ပြော
Pika (NSS) - စက်တင်ဘာ ၂
ကမ္ဘာတစ်ဝှမ်းတွင် ဇူလိုင်လ(၃၁)ရက် မှ ဩဂုတ်လ(၂၇)ရက်အထိ ကိုဗစ်(၁၉)ရောဂါကူးစက်ခံရသူအသစ် (၁ ဒသမ ၄)သန်းကျော်ရှိပြီး သေဆုံးသူဦးရေသည် (၁၈၀၀)ကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ - WHO က စက်တင်ဘာလ(၁)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါကိန်းဂဏန်းများအရ (၂၈)ရက်တာ ကာလအတွင်း ရောဂါကူးစက်ခံရသူဦးရေသည် (၃၈)ရာခိုင်နှုန်းတိုးလာခဲ့ပြီး သေဆုံးသူဦးရေသည် (၅၀)ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း WHO ကပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်(၁၉)ရောဂါကူးစက်ခံရသူအသစ်(၁ ဒသမ ၂)သန်းကျော်ရှိပြီး သေဆုံးသူဦးရေသည် (၅၉၆)ဦးရှိကြောင်း၊ အီတလီနိုင်ငံတွင် ရောဂါကူးစက်ခံရသူအသစ် (၂၇၀၀၀)ရှိကာ ဗြိတိန်တွင် ကူးစက်ခံရသူအသစ်(၂၆၀၀၀)ရှိကြောင်းသိရသည်။ ရောဂါကူးစက်မှုအသစ် အများဆုံးတိုးလာသည့်နေရာများသည် မြေထဲပင်လယ်အရှေ့ဘက်ခြမ်းတွင် (၁၁၃)ရာခိုင်နှုန်း၊ အနောက်ပစိဖိတ်ဒေသတွင် (၅၂)ရာခိုင်နှုန်း၊ ဥရောပတွင်(၃၉)ရာခိုင်နှုန်းတိုးလာသော်လည်း အာဖရိကတိုက်တွင် ကူးစက်ခံရမှုများသည် (၇၆)ရာခိုင်နှုန်း လျော့ကျခဲ့ပြီး အရှေ့တောင်အာရှတွင် (၄၈)ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်းသိရသည်။
ဩဂုတ်လ ဒုတိယသီတင်းပတ်အတွင်း ဖြစ်ပွားသော ကိုဗစ်(၁၉)ရောဂါကူးစက်ခံရမှုများ၏ (၂၆)ရာခိုင်နှုန်းသည် ကိုရိုနာဗိုင်းရပ်စပ် မျိုးကွဲ Eris ကြောင့်ဖြစ်ကြောင်း WHO ကပြောကြားခဲ့သည်။ Arturo အမည်ရှိမျိုးကွဲကို နိုင်ငံပေါင်း(၁၀၉)ရှိ ရောဂါကူးစက်ခံသူသူ (၂၂ ဒသမ ၇) ရာခိုင်နှုန်းတွင် တွေ့ရှိခဲ့ပြီး Kraken အမည်ရှိမျိုးကွဲကို နိုင်ငံပေါင်း(၁၂၄)နိုင်ငံတွင် တွေ့ရှိကြောင်း အစီရင်ခံထားသည်။
ကိုဗစ်(၁၉)ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစတင်ပြီး လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူ သန်း(၇၇၀)ကျော်ရှိပြီး သေဆုံးသူဦးရေသည် (၆ ဒသမ ၉)သန်းကျော်ရှိကြောင်း WHO ၏ ထုတ်ပြန်ချက်များအရသိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကို ၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ ပထမဆုံးစတင်တွေ့ရှိခဲ့ပြီး WHO သည် အဆိုပါဗိုင်းရပ်စ်ကို ကိုဗစ်(၁၉)ဟု အမည်ပေးခဲ့ကာ ၂၀၂၀ ခုနှစ် မတ်လတွင် ကပ်ရောဂါအဖြစ် ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် ကိုဗစ်ရောဂါကို WHO က ကပ်ရောဂါအဖြစ် သတ်မှတ်ခြင်းမရှိတော့ပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရတ်မှာ အမေရိကန်နိုင်ငံသားကို သတ်ဖြတ်မှုအတွက် အီရန်နဲ့အီရတ်နိုင်ငံသား လေးဦးကို ထောင်ဒဏ်တစ်သက်ချမှတ်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ