ကရင်၊ ကချင်၊ ကယား၊ ချင်း နှင့် မန္တလေးတို့မှ နယ်လုံဝန်ကြီးများဖြစ်သော ဗိုလ်မှူးကြီး (၅)ဦး အစားထိုးတာဝန်ပေးခံရ
မြူနစ် (NSS) - စက်တင်ဘာ ၂
ကရင်၊ ကချင်၊ ကယား၊ ချင်း နှင့် မန္တလေးတို့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများဖြစ်သည့် ဗိုလ်မှူးကြီး(၅)ဦး အစားထိုးတာဝန်ပေးအပ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
နစကသည် ယမန်နေ့(စက်တင်ဘာလ ၁ ရက်)ညပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ တိုင်း သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများကို အစားထိုးခန့်အပ်ကာတာဝန်ပေးလိုက်ကြောင်း ကြေညာခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း အစား ဗိုလ်မှူးကြီးကျော်သူရကို အစားထိုးတာဝန်ပေးလိုက်သည်။
ထို့ပြင် ကယားပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ အစား ဗိုလ်မှူးကြီးသန်းစိုးအောင်ကို တာဝန်ပေးအပ်လိုက်သည်။
ဆက်လက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင် အစား ဗိုလ်မှူးကြီး မင်းကျော်သူ၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင် အစား ဗိုလ်မှူးကြီး သိန်းထွန်းအောင်တို့ကို အစားထိုးတာဝန်ပေးအပ်ခဲ့ကြောင်း နစကမှ အသိပေးထားသည်။
အလားတူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း အစား ဗိုလ်မှူးကြီးနေလင်းစိုးကို အစားထိုတာဝန်ပေးအပ်လိုက်ကြောင်းလည်း နစကမှ ကြေညာထားသည်။
လတ်တလောကာလ၌ ကရင်၊ ကချင်၊ ကယားနှင့် ချင်းပြည်နယ်တို့တွင် တပ်မတော်လုံခြုံရေးအဖွဲ့နှင့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။
ထို့အတူ မန္တလေးတိုင်းအတွင်း၌လည်း ဖောက်ခွဲတိုက်ခိုက်မှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ ပစ်ခတ်လုပ်ကြံမှုများသည်လည်း မကြာခဏဖြစ်ပွားလျက်ရှိနေသည်ကို တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်္ဂလာဒုံမြို့နယ်၌ အသက်(၈၀)အရွယ် ရောဂါသည်အဖိုးအိုတစ်ဦး စွန်ပစ်ခံခဲ့ရပြီး ကူညီကယ်ဆယ်မှုပြုလုပ်နေစဉ် ကွယ်လွန်ခဲ့
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း