Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နယ်ခြားမြေပုံကိစ္စမှာ စိတ်အေးအေးထားဖို့ အိန္ဒိယအစိုးရကို တရုတ် ပြောကြား

Htay Oung (NSS) - စက်တင်ဘာ ၁

၄င်းရဲ့ပိုင်နက်တွေကိုပါ လိမ်ညာထည့်သွင်းထားတယ်လို့ နယူဒေလီက ပြောဆိုနေတဲ့ တရုတ်မြေပုံသစ်ကိစ္စမှာ အိန္ဒိယအနေနနဲ့ စိတ်အေးအေးထားဖို့ ပေကျင်းက ပြောဆိုတယ်လို့ BBC က ယမန်နေ့ ရေးသားပါတယ်။

အိန္ဒိယ အရှေ့မြောက်ပိုင်း ( မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့) အာရူနာချယ်_ပရာဒက်ရှ်ပြည်နယ်နဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ (ဂျမူး-ကက်ရ်ှမီးယား) အတ်ဆိုင်_ချင်းကုန်းပြင်မြင့်ကို တရုတ်ပိုင်နက်ဖြစ်ကြောင်း မြေပုံကို ပေကျင်းက ထုတ်ပြန်ပြီးနောက် အိန္ဒိယနိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတို့အနေနဲ့ လွန်လွန်ကဲကဲ အဓိပ္ပါယ်မဖွင့်သင့်ဘူးလို့ ပေကျင်းက တုံ့ပြန်ပါ တယ်။ တစ်ချိန်တည်းမှာပဲ သမ္မတရှီကျင့်ဖျင်အနေနဲ့ နယူးဒေလီမှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ပျက်ကွက်ဖွယ်ရှိကြောင်း မီဒီယာများက ဖော်ပြနေကြပါတယ်။

အတည်မပြုရသေးတဲ့သတင်းများအရ ရှီအစား ဝန်ကြီးချုပ် လီကျင်းက တက်ရောက်လိမ့်မယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ စောစောပိုင်းမှာတော့ စက်တင်ဘာ ၉ ရက် ၁ဝ ရက်အထိ ကျင်းပမယ့် အဲဒီအစည်းအဝေးကို တက်ရောက် ဒေလီကို သွားရောက်မှာဖြစ်ကြောင်း ရှီကိုယ်တိုင် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကြာသပတေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာတော့ အဲဒီတက်ရောက်မယ့်ကိစ္စကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခြင်း မရှိခဲ့ပါဘူး။

မြေပုံကိစ္စ အငြင်းပွားမှုနဲ့ပတ်သက်ပြီး အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အမည်မသိသတင်းရင်းမြစ်များ က ပြောဆိုတယ်လို့ Reuters သတင်းအေဂျင်စီက ဖော်ပြခဲ့ပေမယ့် ဘီဘီစီအနေနဲ့ အဆိုပါရှင်းလင်းချက်ကို သီးခြား အတည်မပြုနိုင်ပါဘူး။


မြေပုံကို ကန့်ကွက်နေကြတာ အိန္ဒိယတစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ တောင်တရုတ်ပင်လယ် (ဧရိယာ) အများစုကို တရုတ်ရဲ့ပိုင်ဆိုင်မှုအဖြစ် မြေပုံမှာ ထည့်သွင်းထားတဲ့အတွက် ဖိလစ်ပိုင်နဲ့ မလေးရှားတို့ကလည်း ဆန့်ကျင်ကန့်ကွက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်ရဲ့ ခွဲထွက်ပြည်နယ်တစ်ခုဖြစ်ပြီး အမှန်တကယ် ပေကျင်းရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ တရုတ်ကပြောဆိုနေတဲ့ ထိုင်ဝမ်သည်လည်း မြေပုံ မှာ ဖော်ပြထားမှုကို ကန့်ကွက်ခဲ့ပါတယ်။

မြေပုံအသစ်ဟာ သူ့နိုင်ငံရဲ့ပြန်လည်ပြင်ဆင်ထားတဲ့ အချက်အလက်များကို ထည့်သွင်းစဉ်းစားထားခြင်းမရှိ ကြောင်း နီပေါနိုင်ငံရေးသမားတစ်ဦးက မှတ်ချက်ချခဲ့ပြီး တရုတ်နိုင်ငံကို သွားရောက်လည် ပတ်မယ့်အစီအစဉ်ကို လည်း ဖျက်သိမ်းခဲ့ပါတယ်။ တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အဲဒီဟိမဝန္တာတောင်တန်းဒေသနိုင်ငံဟာ အိန္ဒိယ နဲ့လည်း နယ်မြေကိစ္စအတွက် တင်းမာမှုဖြစ်စေခဲ့ရပါတယ်။

(တရုတ်ဟာ နယ်မြေပိုင်ဆိုင်မှုအတွက် ဘူတန်နိုင်ငံနဲ့လည်း တင်းမာမှုဖြစ်ခဲ့ရပြီး ဘူတန်က အကူအညီတောင်းတဲ့ အတွက် နီပေါနဲ့ ဘူတန်အကြား အဲဒီဒေသမှာ အိန္ဒိယနဲ့ တရုတ်တို့ စစ်တပ်ချင်း မျက်နှာချင်းဆိုင်တွေ့ခဲ့ဖူးပါတယ်။ ဘာသာပြန်သူ)

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ် BRICS ထိပ်သီးအစည်းအဝေးပြင်ပမှာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ _မိုဒီနဲ့ ရှီကျင့်ဖျင်တို့ ဆွေးနွေးမှာဖြစ်ကြောင်း ပြောကြားပြီးနောက် ရက်ပိုင်းအကြာ တရုတ်အစိုးရ စံပြု ၂ဝ၂၃ ခုနှစ်ထုတ် နိုင်ငံတော်မြေပုံ ထွက်ပေါ်လာခြင်းပတ်သက်ပြီး အခုလိုကန့်ကွက်မှုများ တိုးမြင့်လာခြင်းဖြစ်ပါတယ်။

တရုတ်ဘက်က ပြောဆိုချက်တွေဟာ အဓိပ္ပာယ်မရှိဘူးလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်_ဂျိုင်ရှန်ကာက ပြောပါတယ်။ နှစ်နိုင်ငံနယ်စပ် အငြင်းပွားနေတဲ့နယ်ခြားတစ်လျှောက် မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့နေကြ တဲ့ နှစ်ဖက်တပ်များကို မြန်ဆန်ထိရောက်စွာ နောက်ဆုတ်ပေးရေးအတွက် သဘောတူညီထားခဲ့ကြတယ်လို့ အိန္ဒိယအရာရှိတစ်ဦးက ဆိုပါတယ်။

အငြင်းပွားနယ်နိမိတ်ကိစ္စဟာ နှစ်ပေါင်းများစွာကြာမြင့်အောင် ဆက်ဆံရေး ပျက်ပြားစေခဲ့တဲ့ ပြဿနာတစ်ခုဖြစ်ခဲ့ ပြီး ကြာသပတေးနေ့ ထုတ်ပြန်လိုက်တဲ့မြေပုံမှာတော့ တရုတ်အနေနဲ့သူု့ရဲ့ ယခင်သဘောထား ဟောင်းများမှ ပြောင်းလဲခြင်းမရှိကြောင်း ပြသလိုက်ခြင်းဖြစ်ပါတယ်။ 

ဒါဟာ တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာကို ဥပဒေနဲ့အညီ ကျင့်သုံးတဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်ကြောင်း ပေကျင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ၀မ်ဝေဘင်းက မှတ်ချက်ပေးပါတယ်။ သက်ဆိုင်ရာ အသီးသီး တို့က ဒီကိစ္စအပေါ် အဓိပ္ပါယ်ပြန်ဆိုခြင်းမှ ရှောင်ကြဉ်ကြပြီး ဓမ္မဓိဋ္ဌာန်ကျကျ တည်တည်ငြိမ်ငြိမ် ရှု့မြင်ကြဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

သူရဲ့ပိုင်ဆိုင်နယ်မြေဖြစ်ကြောင်း တရုတ်ရဲ့ ကြိုးပမ်းမှုတိုင်းကို အိန္ဒိယအနေနဲ့ ဒေါသတကြီး မကြာခဏတုံ့ပြန်လေ့ ရှိပါတယ်။ အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှု ရင်းမြစ်မှာ ဟိမဝန္တာ တောင်တန်းတစ်လျှောက် မိုင် ၂၁ဝဝ ခန့်ရှည်လျှားတဲ့ နယ်ခြားဒေသကို သူပိုင်ကိုယ်ပိုင် အငြင်းပွားမှုဖြစ်ပါတယ်။ နယ်ခြားသတ်မှတ်ထားခြင်းများမှာ အားနည်း ညံ့ဖျင်းပြီး LAC လို့ခေါ်တဲ့ အမှန်တကယ် ထိန်းချုပ်မျဉ်းတစ်လျှောက် နျူလက်နက်ပိုင် အိမ်နီးချင်းနိုင်ငံ ကြီးနှစ်နိုင်ငံမှ စစ်သားတွေဟာ ထိပ်တိုက်ရန်စောင်နေကြပါတယ်။ (နယ်ခြားသတ်မှတ်ရာမှာ မြစ်-ချောင်း-တောင်ကုန်း-တောင်စွယ်များကို အမှတ်အသားပြုလေ့ရှိကြပြီး အလွန်မြင့်မားပြီး ရာသီဥတုဆိုးရွားတဲ့ ဟိမ၀န္တာ တောင်တန်းဒေသမှာ အဲဒီအမှတ်အသားတွေဟာ မကြာခဏ ပြောင်းလဲလေ့ရှိပါတယ်။ ဘာသာပြန်သူ)

အရှေ့ဖျား (ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့) အာရူနာချယ်_ပရာဒက်ရှ် ပြည်နယ်တစ်ခုလုံးကို သူတို့အပိုင် “ တောင်တိဗက်” အဖြစ် စွပ်စွဲပြီး ပေကျင်းရဲ့ဖော်ပြမှုကို အိန္ဒိယက ပြတ်ပြတ်သားသား ပယ်ချလိုက်ပါတယ်။ ဟိမဝန္တာတောင်တန်းရှိ အက်ဆိုင်ချင်းကုန်းပြင်မြင့်ကိုလည်း တရုတ်က ထိန်းချုပ်ထားတယ်လို့ အိန္ဒိယက ပြောပါတယ်။

လက်ဒက်ဒေသ ဂယ်လွမ်ချိုင့်ဝှမ်းမှာ ပဋိပက္ခဖြစ်ပွား ခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်ကတည်းက အိန္ဒိယနဲ့ တရုတ်တို့အကြား ဆက်ဆံရေးဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ နှစ်ဖက် တပ်ဖွဲ့ဝင်အသီးသီးတို့ အသက်သေဆုံးရတဲ့ အဲဒီပဋိပက္ခဟာ ၁၉၇၅ ခုနှစ်နောက်ပိုင်း အိမ်နီးချင်းနှစ်နိုင်ငံအကြား အသေအပျောက်ဖြစ်ပေါ်တဲ့ ထိပ်တိုက်တွေ့မှုလည်းဖြစ်ပါ တယ်။

(တရုတ်နဲ့ မြန်မာတို့ဟာ မိုင်ပေါင်း ၁၃၂ဝ ခန့် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ တစ်နည်းအားဖြင့် မြန်မာ့ကမ်းရိုး အရှည် စုစုပေါင်း အလျားမိုင်ခန့်ရှိနေပါတယ်။ မြောက်ဖျား အိန္ဒိယနယ်စပ်မှ ကချင်ပြည်နယ်ကို ကွေ့ပတ်ပြီး အရှေ့ပိုင်း လောနိုင်ငံ နယ်စပ်အထ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုလိုနီလက်အောက်ကျရောက်စဉ် ဗြိတိသျှတို့နဲ့ အလွမ်းသင့်တဲ့ ချန်ကေရှိတ်အစိုးရလက်ထက် တရုတ်-မြန်မာ နယ်ခြားမျဉ်းကို သတ်မှတ်နိုင်ခဲ့ပေမယ့် နယ်ခြား တစ်လျှောက် ဟန်လူမျိုးလည်း မဟုတ်၊ ဗမာလည်း မဟုတ်သူများ အစဉ်တစိုက်နေထိုင်ရာ ဒေသတို့မှာ မပြတ်မသားရှိခဲ့ပါတယ်။

ဖဆပလအစိုးရလက်ထက် ၁၉၅၃ ခုနှစ် ဘုရင့်နောင်စစ်ဆင်ရေး (ကူမင်တန် တရုတ်ဖြူ ၊ ရှမ်း/အရှေ့)၊-- နဂါးနိုင် စစ်ဆင်ရေး (ကူမင်တန် တရုတ်ဖြူ ၊ ရှမ်း/အရှေ့)- ကျော်ထွန်းစစ်ဆင်ရေး (ကူမင်တန် တရုတ်ဖြူ ၊ ရှမ်း/အရှေ့) - အောင်ပန်းစစ်ဆင်ရေး (ကူမင်တန် တရုတ်ဖြူ ၊ ရှမ်း/အရှေ့) - ချယ်ရီစစ်ဆင်ရေး (တရုတ် ဖြူ+KNDO၊ မော်ချီးဒေသ) တို့အပြင် ၁၉၆ဝ ခုနှစ်အထိ ကျူးကျော်၀င်ရောက်လာသူ တရုတ်ဖြူများကို တပ်မတော်က ရှင်းလင်း ခဲ့ရပါတယ်။

ထိုစဉ်အတွင်း ဖဆပလအစိုးရတာ၀န်ပေးချက်အရ ၁၉၅၄-၁၉၆၀-ခုနှစ်အထိ နယ်ခြားဒေသ အရာရှိချုပ် တပ်မတော် ဗိုလ်မှူးကြီးစောမြင့် (မှူးသမိန်) ရဲ့ “ ယိမ်းနွဲ့ပါး_စစ်တံခွန်အဖွဲ့“ က မိုင်ထောင်ကျော်ရှည်လျားတဲ့ တရုတ်-မြန်မာနယ်ခြားတစ်လျှောက် စစ်ဆေးမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ တရုတ်ဖြူနဲ့ နောက်တော်ပါ လက်နက်ကိုင်များရဲ့ အနိုင်ကျင့်သတ်ဖြတ်ခံရသူ တိုင်းရင်းသားများ၊ ခြေတော်တင် ဖျက်ဆီးခံရတဲ့ တောင်ပေါ်သူ မိန်းမပျိုလေးများအကြောင်း မှူးသမိန်က ရေးသားခဲ့ဖူးပါတယ်။

တရုတ်မြန်မာနယ်ခြားကိစ္စမှာ ဖဆပလအစိုးရလက်ထက်ကတည်းက အငြင်းပွားမှုပြီးပြတ်၍ နှစ်နိုင်ငံအတည် ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ရာစုနှစ်၀က်ကျော် ကြာမြင့်လာတဲ့အခါ ယခင်သဘောတူညီချက်များအတိုင်း ဆက်လက်တည်ရှိ နေ-မနေ နှစ်နိုင်ငံပြန်လည်စစ်ဆေးသင့်ကြောင်း ယခုသတင်းက မီးမောင်းထိုးပြနေပါတယ်။ ။သတင်းဘာသာပြန်သူ)

#တရုတ်အစိုးရမြေပုံသစ် #ပိုင်နက်နယ်မြေအငြင်းပွားမှု #တရုတ်-အိန္ဒိယ #ဘူတန် #ဗီယက်နမ် #ထိုင်၀မ် #မလေးရှား #ဖိလစ်ပိုင် #တရုတ်ဖြူကျူးကျော်မှု #ယိမ်းနွဲ့ပါး_စစ်တံခွန်အဖွဲ့ #ဂျမူး_ကက်ရ်ှမီးယား #အတ်ဆိုင်_ချင်း #ဗိုလ်မှူးကြီးစောမြင့်_မှူးသမိန

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းဘဏ် နှင့် မြန်မာဘဏ်တို့ပူးပေါင်းလုပ်ဆောင်သည့် ငွေလွှဲဝန်ဆောင်မှုကို ထိုင်းရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိတ်ဝင်စားမှုမြင့်တက်နေ

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved