Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နေတိုးအုပ်စုဝင်နိုင်ငံများမှာ ရုရှားကြေးစားတပ်ဖွဲ့တွေကို နှင်ထုတ်သွားဖို့ အခွင့်အရေးမရှိကြောင်း ဘီလာရုစ့်သမ္မတပြော

ဂျန်ဇက် (NSS) - စက်တင်ဘာ ၁

နေတိုးအုပ်စုဝင်နိုင်ငံများအနေနဲ့ ရုရှားကြေးစားတပ်ဖွဲ့  Wagner Group ရဲ့တပ်ဖွဲ့ဝင်များကို ဘီလာရုစ့်နိုင်ငံအတွင်းကနေ အမြန်ဆုံးထွက်ခွာသွားဖို့ တောင်းဆိုပိုင်ခွင့် အခွင့်အရေးမရှိကြောင်း ဘီလာရုစ့်သမ္မတ လူကာရှန်ကိုက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ဘီလာရုစ့်သမ္မတဟာ နိုင်ငံတော်လုံခြုံရေးကောင်စီမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း ပိုလန် နဲ့ ဘော်လ်တစ်ဒေသနိုင်ငံတွေရဲ့တောင်းဆိုမှုတွေကို တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ 

ပိုလန် နဲ့ ဘော်လ်တစ်ဒေသနိုင်ငံတွေဟာ ရုရှားကြေးစားတပ်ဖွဲ့ဝင်တွေကို ဘီလာရုစ့်နိုင်ငံအတွင်းကနေ အမြန်ဆုံး ထွက်ခွာသွားဖို့ ဒီသီတင်းပတ်အစောပိုင်းက တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ဘီလာရုစ့်နယ်စပ်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်လာကြောင်း၊ ဘီလာရုစ်နိုင်ငံဟာ ဘယ်တော့မှမရှိခဲ့ဖူးတဲ့ ရန်လိုတဲ့ရည်ရွယ်ချက်တွေကို လုပ်ဆောင်နေကြောင်း သတင်းတွေက ဆိုပါတယ်။

ရုရှားကြေးစားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့လပိုင်းက ရုရှားအစိုးရကို လက်နက်ကိုင်ပုန်ကန်မှုများဖြစ်ပွားခဲ့ပြီး ဘီလာရုစ့် သမ္မတရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် ပုန်ကန်မှုများ အဆုံးသတ်ခဲ့ကာ ကြေးစားတပ်ဖွဲ့ဝင်တွေကို ဘီလာရုစ့်နိုင်ငံ ကို ရွှေ့ပြောင်းအခြေချခွင့်ပေးခဲ့ကြောင်း သိရပါတယ်။


ဘီလာရုစ့်သမ္မတက ပိုလန်နိုင်ငံဟာ စစ်အေးခေတ်တိုက်ပွဲကာလတုန်းက ရရှိထားတဲ့ ဥရောပမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ချထားရေး သဘောတူညီချက်တွေကို လိုက်နာမှုမရှိကြောင်း ဝေဖန်ထားပါတယ်။ ဘီလာရုစ့်သမ္မတက ပိုလန်၊ လစ်သူယေးနီးယား နဲ့ ယူကရိန်းတို့ဟာ ဘီလာရုစ့်နိုင်ငံကို တိုက်ခိုက်မယ့် အစွန်းရောက်အကြမ်းဖက်အဖွဲ့ တွေကို လက်နက်တပ်ဆင်ပေးနေကြောင်း ဆိုပါတယ်။

ပိုလန်နိုင်ငံကလည်း ရုရှားကြေးစားတပ်ဖွဲ့ဝင်တွေဟာ ပိုလန်နိုင်ငံကို တိုက်ခိုက်ဖို့ ကြိုးပမ်းနေကြောင်း မကြာသေးမီက စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။ ရုရှားကြေးစားတပ်ဖွဲ့ခေါင်းဆောင်ပရီဂိုဇင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ရုရှားနိုင်ငံမော်စကိုမြို့ကနေ စိန့်ပီတာဘရက်စ်ကို ပြန်လာချိန်အတွင်း လမ်းမှာလေယာဉ်ပျက်ကျကာ အခြား ကြေးစားတပ်ဖွဲ့ခေါင်းဆောင်များနဲ့အတူ သေဆုံးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ရုရှားကြေးစားတပ်ဖွဲ့ဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတိုက်ပွဲတွေမှာ လက်စွမ်းပြနိုင်ခဲ့သလို ယူကရိန်းနဲ့ ရုရှား စစ်ပွဲတွေမှာလည်း မြို့များသိမ်းယူနိုင်တဲ့အထိ အစွမ်းပြခဲ့ပါတယ်။ ကြေးစားတပ်ဖွဲ့တွေဟာ အာဖရိကနိုင်ငံတွေမှာ လည်း အခြေကျတပ်စွဲမှုများ ရှိနေခဲ့ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

UEFA တစ်နှစ်တာ အကောင်းဆုံးဆုများကို မန်စီးတီးနည်းပြဂွါဒီယိုလာ နဲ့ တိုက်စစ်မှူးဟာလန်းတို့ ရရှိ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved