ဝုဖ်ကွင်းလယ်လူ မက်သီးယက်နူးနက်စ် အပြောင်းအရွှေ့အတွက် နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့တဲ့ မန်စီးတီးအသင်း
Pika (NSS) - သြဂုတ် ၃၁
မန်စီးတီးအသင်းသည် ဝုဖ်ကွင်းလယ်ကစားသမားမက်သီးယက်နူးနက်စ် အပြောင်းအရွှေ့အတွက် ဝုဖ်အသင်း တာဝန်ရှိသူများနှင့် နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
အသက်(၂၅)နှစ်အရွယ် မက်သီးယက်နူးနက်စ်သည် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လိုသော ၎င်း၏ ဆန္ဒကို ပြသရန်အတွက် ဝုဖ်အသင်းနှင့်အတူ လေ့ကျင့်ရေးမဆင်းခြင်းမျိုးကို လုပ်ဆောာင်ခဲ့ကြောင်း သိရသည်။
မက်သီးယက်နူးနက်စ်သည် ပြောင်းရွှေ့ကြေးပေါင်(၄၇ ဒသမ ၅) သန်းဖြင့် မန်စီတီးအသင်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်းလည်း သိရသည်။ ထို့အပြင် အသက်(၂၁)နှစ်အရွယ် မန်စီးတီးကွင်းလယ်ကစားသမား Tommy Doyle သည် မန်စီးတီးအသင်းမှ ဝုဖ်အသင်းသို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိနေကြောင်း ဘောလုံးသတင်းထောက် ဖာဘရီဇီရိုရိုမာနို က ပြောကြားခဲ့သည်။
မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းသည် ဘန်လေအသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး လေးလခန့်အနားယူရနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ အဆိုပါအချက်ကြောင့် မန်စီးတီးအသင်း သည် ၎င်းတို့၏ ကွင်းလယ်ပိုင်းကို အားဖြည့်ရန်အတွက် ကွင်းလယ်ကစားသမားများကို ထပ်မံခေါ်ယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိနွေရာသီ အပြောင်းအရွှေ့ကာလမပြီးဆုံးမီ မက်သီးယက်နူးနက်စ်၏ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့မည်ဆိုပါက ၎င်းသည် စက်တင်ဘာလ(၂)ရက်တွင် မန်စီးတီးအသင်းနှင့် ဖူလ်ဟမ်အသင်းတို့ ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲဦးထွက်ကစားခွင့် ရနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံတွင် iPhone တင်သွင်းမှုများ ပြန်လည်မြင့်တက်လာခဲ့ကြောင်း Vedomosti သတင်းစာဖော်ပြ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ