သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ စီးပွားရေးသိပ္ပံဘွဲ့ (၅)ခုအတွက် ပထမနှစ်ကျောင်းသားများခေါ်ယူ
စော(NSS) - ဩဂုတ် ၃၀
သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်)မှ စီးပွားရေးသိပ္ပံဘွဲ့(၅)ခုအတွက် ပထမနှစ်ကျောင်းသားများခေါ်ယူနေကြောင်း သိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်) မှ ယနေ့(ဩဂုတ်လ ၃၀ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်တွင် စီးပွားရေးသိပ္ပံဘွဲ့(၅)ခုဖြစ်သည့် ဒေသဆိုင် ရာဖွံ့ဖြိုးမှုပညာ၊ စာရင်းကိုင်နှင့် ဘဏ္ဍရေးပညာ၊ အသုံးချစာရင်းအင်းပညာ၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာနှင့် လူမှုစီးပွားရေးလုပ်ငန်းစီးမံခန့်ခွဲမှုပညာတို့ကို သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့် ဘာသာတွဲဖြင့် အောင်မြင်ပြီးသူမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားသူများအား လက်ခံနိုင်သည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင် စာမေးပွဲရမှတ် အနည်းအများပေါ်မူတည်၍ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဝင်ခွင့်လျှောက်လွှာပုံစံကို စက်တင်ဘာလ (၁)ရက်မှစတင်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၏ Website၊ သမဝါယမနှင့် စီးမံခန့်ခွဲမှုပညာတက္ကသိုလ်၏ Website နှင့် သင်တန်းရေးရာဌာနတို့တွင် ရယူနိုင်ကြောင်း သိရသည်။
ထို့ပြင် သမဝါယမဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနများ၏ တိုင်း၊ပြည်နယ်၊ခရိုင်၊မြို့နယ်ရုံးများသို့ စာတိုက်မှဖြစ်စေ သင်တန်းရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ အောက်တိုဘာလ (၁၀)ရက်ထက် နောက်မကျဘဲပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေလီ-မန်စံဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့၌ဓာတ်အားပြတ်တောက်
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း