Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရေဒီယိုသတ္တိကြွရေဆိုးများ စွန့်လွှတ်မှုနှင့်ပတ်သက်ပြီး ဂျပန်သံရုံးကို တရုတ်နိုင်ငံသားများ တိုက်ခိုက်

Pika (NSS) - သြဂုတ် ၂၉ 

ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများ ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့ပြီးနောက် တရုတ်နိုင်ငံရှိ ဂျပန်သံရုံးကို အုတ်ခဲဖြင့် ပစ်ပေါက်မှုများရှိခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီက ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံတွင် ဂျပန်နိုင်ငံသားများ နှောင့်ယှက်ခံနေရခြင်းမှာ ဝမ်းနည်းဖွယ်ကောင်းသော ကိစ္စတစ်ခု ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် ပြီးခဲ့သည့်သီတင်းပတ်တွင် ရေဆိုးစွန့်ပစ်မှုကို စတင် လုပ်ဆောင်ပြီးနောက် တရုတ်သည် ဂျပန်နိုင်ငံမှ ပင်လယ်စာတင်သွင်းမှုအားလုံးကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း အဆိုပါရေဆိုးစွန့်ပစ်မှုမှာ ဘေးကင်းကြောင်း  ဂျပန်အစိုးရ နှင့် ကုလသမဂ္ဂ၏ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က ပြောခဲ့သည်။

အဆိုပါ အချိန်မှစတင်ပြီး ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံရှိ ၎င်း၏ နိုင်ငံသားများကို အာရုံစိုက်ခံရမည့်အရာမျာား မလုပ်ကြရန် တိုက်တွန်းခဲ့ပြီး စာသင်ကျောင်းများနှင့် သံတမန်ရေးရာတာဝန်များလုပ်ဆောင်နေသည့် နေရာအနီး တွင် လုံခြုံရေးများကို တိုးမြှင့်ချထားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ(၂၈)ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဂျပန်သံရုံးကို အုတ်ခဲဖြင့်ပစ်ပေါက်ခံရကြောင်း နိုင်ငံခြားရေး ဝန်ကြီး ယိုရှီမာဆာဟာယာရှီက အတည်ပြုခဲ့ပြီး အဆိုပါအခြေအနေများကို ထိန်းသိမ်းရန်အတွက် တရုတ်အစိုးရ ကို ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါက တောင်းဆိုခဲ့ကြောင်း သိရသည်။


ယိုရှီမာဆာဟာယာရှီ က "ဒါဟာ အလွန်ဝမ်းနည်းစရာကောင်းပြီး စိုးရိမ်စရာကိစ္စတစ်ခုပါပဲ။ ဂျပန်နိုင်ငံသားတွေနဲ့ သံတမန်ရေးရာမစ်ရှင်တွေ လုံခြုံရေးအတွက် သင်လျော်တဲ့အစီအစဉ်တွေလုပ်ဆောင်ဖို့ တရုတ်အစိုးရကို ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်။ ပြီးတော့ အခြေအနေတွေ ပိုဆိုးမလာစေဖို့အတွက်  တည်ငြိမ်အေးချမ်းစွာ ဆောင်ရွက်ကြဖို့ တရုတ်နိုင်ငံသားတွေကို တိုက်တွန်းဖို့ ပြောကြားလိုပါတယ်" ဟု ပြောခဲ့သည်။

တရုတ်အစိုးရသည် ဖူကူးရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဆိုးစွန့်ပစ်မှုများနှင့်ပတ်သက်ပြီး မှားယွင်း သောသတင်းအချက်အလက်များကိုပေးကာ ပြည်သူများကို စိုးရိမ်အောင်လုပ်ဆောင်နေမည့်အစား တိကျသော သတင်းအချက်အလက်များကိုပေးသင့်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

တရုတ်နိုင်ငံရှိ ဂျပန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဝန်ထမ်းတွေဟာ စိုးရိမ်ပူပန်နေကြပါပြီ။ လူအချို့ဟာ သံရုံးဝင်ပေါက်နားကို ရောက်လာခဲ့ပါတယ်။ ပြီးတော့ အုတ်ခဲနဲ့ပစ်ပေါက်တာတွေလုပ်ခဲ့ပြီး နောက်ပိုင်းမှာ ရဲတွေက သူတို့ကိုဖမ်းသွားခဲ့ပါတယ်" ဟု ပြောခဲ့သည်။


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်းဝမ်ဘင်က "တရုတ်နိုင်ငံမှာရှိတဲ့ နိုင်ငံခြားသားတွေရဲ့ လုံခြုံရေး၊ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ဥပဒေနဲ့အညီကာကွယ်ပေးသွားမှာပါ" ဟု ပြောခဲ့သည်။

တရုတ်နိုင်ငံရှိ ဂျပန်သံရုံးကို အုတ်ခဲဖြင့် ပစ်ပေါက်ခံရမှုနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုများ မည်ကဲ့သို့ လုပ်ဆောင်သွားမလဲဟု မေးမြန်းခံရချိန်တွင် ဝမ်းဝမ်ဘင်က ယခုကဲ့သို့ တုံ့ပြန်ဖြေဆိုခဲ့ခြင်းဖြစ်သည်။ ဝမ်းဝမ်ဘင် က "အိမ်နီးချင်းနိုင်ငံတွေအားလုံးရဲ စိုးရိမ်မှုတွေကို အလေးအနက်ထားပြီး ရေဒီယိုသတ္တိကြွရေဆိုးတွေ ပင်လယ်ထဲ စွန့်ပစ်တာကို ချက်ချင်းရပ်တန့်ဖို့ ဂျပန်အစိုးရကို ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံကူးလက်မှတ်အတွက် Online မှ QR Code ဖြင့် ရက်ချိန်းရယူသည့်စနစ်အား ပြောင်းလဲဆောင်ရွက်မည်ဟု ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးအသိပေး

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved