နမီးဘီးယားနိုင်ငံမှာ ရှားပါးမျိုးစိတ် ကြံ့မှောင်ခိုမှု ၉၃ ရာခိုင်နှုန်းထိ ရှိလာ
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂
နမီးဘီးယားနိုင်ငံမှာ ရှားပါးမျိုးစိတ် ကြံ့ကောင်ရေ ၈၇ ကောင်ထိ မှောင်ခိုသတ်ဖြတ်ခံရပြီး ၂ဝ၂၁ ခုနှစ်က မှောင်ခိုသတ်ဖြတ်ခံရတဲ့ ကြံ့ကောင်ရေ ၄၅ ကောင်ထက် အဆမတန် များပြားလာခဲ့ကြောင်း အစိုးရရဲ့ တရားဝင် အချက်အလက်များအရ သိရပါတယ်။
ကြံ့အမွှေးနဲ့ လက်သည်းခြေသည်းများကဲ့သို့အစိတ်အပိုင်းများနဲ့ ပြုလုပ်ထားတဲ့ပစ္စည်းများအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် အာဖရိကရဲ့ ရှားပါးကြံ့တွေဟာ ဆယ်စုနှစ်များအတွင်း သုတ်သင်ခံခဲ့ရပါတယ်။ ကြံ့ရဲ့ အစိတ် အပိုင်းများဟာ အရှေ့အာရှမှာ ဆေးဝါးနဲ့ လက်ဝတ်ရတနာအတွက် အသုံးပြုကြပြီး တန်ဖိုးလည်း ကြီးပါတယ်။ ဇန်နဝါရီလ ၃ဝ ရက်၊ တနင်္လာနေ့က သဘာဝပတ်ဝန်းကျင်၊ သစ်တောနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ရိုမီယို မူယွန်ဒါက နမီးဘီးယားရဲ့ အကြီးဆုံးပန်းခြံ အက်တိုရှာမှာ ကြံ့ကောင်ရေ ၄၆ ကောင် သေဆုံးခဲ့ပြီး မှောင်ခိုသမားများက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
"ကျွန်ုပ်တို့ရဲ့ အထင်ကရပန်းခြံ အက်တိုရှာ အမျိုးသားဥယျာဉ်ဟာ မှောင်ခို မဲခိုးယူတဲ့နေရာတစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့ အလေးထားသတိပြုမိပါတယ်" လို့ မူရနမ်ဒါက ပြောကြားပြီး ဝန်ကြီးဌာနနဲ့ ဥပဒေစိုးမိုးရေး အရာရှိများ ဟာ ပန်းခြံအတွင်း တောရိုင်းတိရစ္ဆာန်များအား ရာဇဝတ်မှု ကျူးလွန်မှုများ တားဆီးဖို့ ကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အာဖရိက တောင်ပိုင်းနိုင်ငံဖြစ်တဲ့ နမီးဘီးယားဟာ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ရှားပါးမျိုးစိတ် ကြံ့နက်များ နေထိုင်ရာနေရာဖြစ်ပြီး တောင်အာဖရိကပြီးရင် ကမ္ဘာပေါ်မှာ ကြံ့ဖြူများ အများဆုံးနေထိုင်ရာ နိုင်ငံလည်း ဖြစ်ပါ တယ်။ တစ်ချိန်တည်းမှာပဲ နမီးဘီးယားမှာ ဆင်မဲမှောင်ခို ဖမ်းဆီးမှုကတော့ ၂ဝ၁၅ ခုနှစ်က ၁ဝ၁ ကောင် ရှိခဲ့ရာမှာ ယမန်နှစ်က ဆင်ကောင်ရေ ၄ ကောင်သာ ရှိခဲ့ပြီး၊ အနိမ့်ဆုံးဖြစ်လာခဲ့ပါတယ်။
Zawgyi Version;
နမီးဘီးယားႏိုင္ငံမွာ ရွားပါးမ်ိဳးစိတ္ ႀကံ့ေမွာင္ခိုမႈ ၉၃ ရာခိုင္ႏႈန္းထိ ရွိလာ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂
နမီးဘီးယားႏိုင္ငံမွာ ရွားပါးမ်ိဳးစိတ္ ႀကံ့ေကာင္ေရ ၈၇ ေကာင္ထိ ေမွာင္ခိုသတ္ျဖတ္ခံရၿပီး ၂ဝ၂၁ ခုႏွစ္က ေမွာင္ခိုသတ္ျဖတ္ခံရတဲ့ ႀကံ့ေကာင္ေရ ၄၅ ေကာင္ထက္ အဆမတန္ မ်ားျပားလာခဲ့ေၾကာင္း အစိုးရရဲ႕ တရားဝင္ အခ်က္အလက္မ်ားအရ သိရပါတယ္။
ႀကံ့အေမႊးနဲ႔ လက္သည္းေျခသည္းမ်ားကဲ့သို႔အစိတ္အပိုင္းမ်ားနဲ႔ ျပဳလုပ္ထားတဲ့ပစၥည္းမ်ားအတြက္ လိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔အတြက္ အာဖရိကရဲ႕ ရွားပါးႀကံ့ေတြဟာ ဆယ္စုႏွစ္မ်ားအတြင္း သုတ္သင္ခံခဲ့ရပါတယ္။ ႀကံ့ရဲ႕ အစိတ္ အပိုင္းမ်ားဟာ အေရွ႕အာရွမွာ ေဆးဝါးနဲ႔ လက္ဝတ္ရတနာအတြက္ အသုံးျပဳၾကၿပီး တန္ဖိုးလည္း ႀကီးပါတယ္။ ဇန္နဝါရီလ ၃ဝ ရက္၊ တနလၤာေန႔က သဘာဝပတ္ဝန္းက်င္၊ သစ္ေတာနဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာနမွ ေျပာေရး ဆိုခြင့္ရွိသူ ႐ိုမီယို မူယြန္ဒါက နမီးဘီးယားရဲ႕ အႀကီးဆုံးပန္းၿခံ အက္တိုရွာမွာ ႀကံ့ေကာင္ေရ ၄၆ ေကာင္ ေသဆုံးခဲ့ၿပီး ေမွာင္ခိုသမားမ်ားက သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
"ကြၽႏ္ုပ္တို႔ရဲ႕ အထင္ကရပန္းၿခံ အက္တိုရွာ အမ်ိဳးသားဥယ်ာဥ္ဟာ ေမွာင္ခို မဲခိုးယူတဲ့ေနရာတစ္ခုျဖစ္ေၾကာင္း ကြၽႏ္ုပ္တို႔ အေလးထားသတိျပဳမိပါတယ္" လို႔ မူရနမ္ဒါက ေျပာၾကားၿပီး ဝန္ႀကီးဌာနနဲ႔ ဥပေဒစိုးမိုးေရး အရာရွိမ်ား ဟာ ပန္းၿခံအတြင္း ေတာ႐ိုင္းတိရစာၦန္မ်ားအား ရာဇ၀တ္မႈ က်ဴးလြန္မႈမ်ား တားဆီးဖို႔ ႀကိဳးပမ္းအားထုတ္မႈမ်ား အရွိန္ျမႇင့္လုပ္ေဆာင္ေနေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။
အာဖရိက ေတာင္ပိုင္းႏိုင္ငံျဖစ္တဲ့ နမီးဘီးယားဟာ ကမာၻေပၚမွာ တစ္ခုတည္းေသာ ရွားပါးမ်ိဳးစိတ္ ႀကံ့နက္မ်ား ေနထိုင္ရာေနရာျဖစ္ၿပီး ေတာင္အာဖရိကၿပီးရင္ ကမာၻေပၚမွာ ႀကံ့ျဖဴမ်ား အမ်ားဆုံးေနထိုင္ရာ ႏိုင္ငံလည္း ျဖစ္ပါ တယ္။ တစ္ခ်ိန္တည္းမွာပဲ နမီးဘီးယားမွာ ဆင္မဲေမွာင္ခို ဖမ္းဆီးမႈကေတာ့ ၂ဝ၁၅ ခုႏွစ္က ၁ဝ၁ ေကာင္ ရွိခဲ့ရာမွာ ယမန္ႏွစ္က ဆင္ေကာင္ေရ ၄ ေကာင္သာ ရွိခဲ့ၿပီး၊ အနိမ့္ဆုံးျဖစ္လာခဲ့ပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂရင်းလန်းမှာ နှစ်ပေါင်း ၁ဝဝဝ အတွင်း အပူဆုံး စံချိန်တင်လာ
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ