Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂရင်းလန်းမှာ နှစ်ပေါင်း ၁ဝဝဝ အတွင်း အပူဆုံး စံချိန်တင်လာ

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂

ဂရင်းလန်းရှိ အပူချိန်ဟာ နှစ်ပေါင်း ၁ဝဝဝ အတွင်း အပူဆုံးဖြစ်လာကြောင်း ဒေတာအသစ်က ဖော်ပြခဲ့ပြီး၊ ကမ္ဘာပေါ်မှာ လူသားတို့ နေ့စဉ်ဖန်တီးအသုံးပြုမှုတွေကြောင့် ရာသီဥတုပြောင်းလဲမှုအခြေအနေများ ကြီးထွားလာ နေတဲ့ အကျိုးသက်ရောက်မှုကို မီးမောင်းထိုးပြနေပါတယ်။

ဖေဖော်ဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့တဲ့ သိပ္ပံပညာဂျာနယ် Nature မှ လေ့လာမှုတစ်ခုအရ အပူချိန်ဟာ ၁၉၉၅ ခုနှစ်မှစ ၂ဝ ရာစုအတွင်း ပျမ်းမျှထက် ၁.၅ ဒီဂရီစင်တီဂရိတ် (၂.၇ ဒီဂရီဖာရင်ဟိုက်) မြင့်တက်လာကြောင်း တွေ့ရှိခဲ့ပါတယ်။ အချက်အလက်များအရ ဂရင်းလန်းရဲ့ရေခဲလွှာများနဲ့ ရေခဲမြစ်များအတွင်းမှာ သိသိသာသာ ပူလာ ပြီဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ကြွင်းလောင်စာသုံးစွဲမှုဟာ လေထုထဲသို့ ကာဗွန်ကို ထုတ်လွှတ်ပေးပြီး ကမ္ဘာကြီးကို ပူနွေးစေတာကြောင့် ကမ္ဘာကြီးပူနွေးလာမှုရဲ့အဆိုးရွားဆုံးသော ဂယက်ရိုက်ခတ်မှုများကိုရှောင်ရှားဖို့ အစိုးရတွေအနေနဲ့ လိုအပ်တဲ့ အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်လာပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားပါတယ်။

ကမ္ဘာ့အကျော်ကြားဆုံး ရေခဲမြစ်အများအပြားဟာ ကမ္ဘာမြေပူနွေးလာတာနဲ့အမျှ ၂ဝ၅ဝ ခုနှစ်မှာ ပျောက်ကွယ်သွား နိုင်ကြောင်း ကုလသမဂ္ဂအစီရင်ခံစာမှာ တွေ့ရှိခဲ့ပါတယ်။

ယခင်အချက်အလက်များအရ ဂရင်းလန်း ပူနွေးမှုနှုန်းမှာ ကျန်အာတိတ်ဒေသများထက် နိမ့်ကျနေပေမယ့် ကမ္ဘာ့ ပျမ်းမျှထက် လေးဆ ပိုမိုပူနွေးလာနေပါတယ်။ ကမ္ဘာ့အမွေအနှစ် ရေခဲနေရာ ၅ဝ ကို စောင့်ကြည့်လေ့လာနေရာမှာ ရေခဲမြစ် ၁၈၆ဝဝ ကျော်မှ သုံးပုံတစ်ပုံခန့်သည် ရာစုနှစ်အလယ်ပိုင်းမှာ ပျောက်ကွယ်သွားဖွယ်ရှိတယ်လို့ ယူဆ ရပါတယ်။ ကမ္ဘာပေါ်ရှိ ရေခဲမြစ်များရဲ့သုံးပုံနှစ်ပုံဟာ၂၁ဝဝ ပြည့်နှစ်မှာ ပျောက်ကွယ်သွားဖွယ်ရှိကြောင်း အခြား လေ့လာမှုတစ်ခုက ဆိုပါတယ်။


Zawgyi Version; 

ဂရင္းလန္းမွာ ႏွစ္ေပါင္း ၁ဝဝဝ အတြင္း အပူဆုံး စံခ်ိန္တင္လာ

ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂

ဂရင္းလန္းရွိ အပူခ်ိန္ဟာ ႏွစ္ေပါင္း ၁ဝဝဝ အတြင္း အပူဆုံးျဖစ္လာေၾကာင္း ေဒတာအသစ္က ေဖာ္ျပခဲ့ၿပီး၊ ကမာၻေပၚမွာ လူသားတို႔ ေန႔စဥ္ဖန္တီးအသုံးျပဳမႈေတြေၾကာင့္ ရာသီဥတုေျပာင္းလဲမႈအေျခအေနမ်ား ႀကီးထြားလာ ေနတဲ့ အက်ိဳးသက္ေရာက္မႈကို မီးေမာင္းထိုးျပေနပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္၊ ဗုဒၶဟူးေန႔က ထုတ္ေဝခဲ့တဲ့ သိပၸံပညာဂ်ာနယ္ Nature မွ ေလ့လာမႈတစ္ခုအရ အပူခ်ိန္ဟာ ၁၉၉၅ ခုႏွစ္မွစ ၂ဝ ရာစုအတြင္း ပ်မ္းမွ်ထက္ ၁.၅ ဒီဂရီစင္တီဂရိတ္ (၂.၇ ဒီဂရီဖာရင္ဟိုက္) ျမင့္တက္လာေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ အခ်က္အလက္မ်ားအရ ဂရင္းလန္းရဲ႕ေရခဲလႊာမ်ားနဲ႔ ေရခဲျမစ္မ်ားအတြင္းမွာ သိသိသာသာ ပူလာ ၿပီျဖစ္တယ္လို႔ သိရပါတယ္။

႐ုပ္ႂကြင္းေလာင္စာသုံးစြဲမႈဟာ ေလထုထဲသို႔ ကာဗြန္ကို ထုတ္လႊတ္ေပးၿပီး ကမာၻႀကီးကို ပူေႏြးေစတာေၾကာင့္ ကမာၻႀကီးပူေႏြးလာမႈရဲ႕အဆိုး႐ြားဆုံးေသာ ဂယက္႐ိုက္ခတ္မႈမ်ားကိုေရွာင္ရွားဖို႔ အစိုးရေတြအေနနဲ႔ လိုအပ္တဲ့ အေျပာင္းအလဲေတြလုပ္ဖို႔ လိုအပ္လာၿပီျဖစ္ေၾကာင္း သိပၸံပညာရွင္မ်ားက သတိေပးထားပါတယ္။

ကမာၻ႔အေက်ာ္ၾကားဆုံး ေရခဲျမစ္အမ်ားအျပားဟာ ကမာၻေျမပူေႏြးလာတာနဲ႔အမွ် ၂ဝ၅ဝ ခုႏွစ္မွာ ေပ်ာက္ကြယ္သြား ႏိုင္ေၾကာင္း ကုလသမဂၢအစီရင္ခံစာမွာ ေတြ႕ရွိခဲ့ပါတယ္။

ယခင္အခ်က္အလက္မ်ားအရ ဂရင္းလန္း ပူေႏြးမႈႏႈန္းမွာ က်န္အာတိတ္ေဒသမ်ားထက္ နိမ့္က်ေနေပမယ့္ ကမာၻ႔ ပ်မ္းမွ်ထက္ ေလးဆ ပိုမိုပူေႏြးလာေနပါတယ္။ ကမာၻ႔အေမြအႏွစ္ ေရခဲေနရာ ၅ဝ ကို ေစာင့္ၾကည့္ေလ့လာေနရာမွာ ေရခဲျမစ္ ၁၈၆ဝဝ ေက်ာ္မွ သုံးပုံတစ္ပုံခန႔္သည္ ရာစုႏွစ္အလယ္ပိုင္းမွာ ေပ်ာက္ကြယ္သြားဖြယ္ရွိတယ္လို႔ ယူဆ ရပါတယ္။ ကမာၻေပၚရွိ ေရခဲျမစ္မ်ားရဲ႕သုံးပုံႏွစ္ပုံဟာ၂၁ဝဝ ျပည့္ႏွစ္မွာ ေပ်ာက္ကြယ္သြားဖြယ္ရွိေၾကာင္း အျခား ေလ့လာမႈတစ္ခုက ဆိုပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အသက် ၈ နှစ်သာရှိသေးပေမယ့် ဆန်းသစ်တီထွင်မှုအများအပြားကို လုပ်ပြနိုင်ခဲ့တဲ့ အိန္ဒိယကလေးငယ်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved