Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
KNU ဥက္ကဋ္ဌဟောင်းက ငြိမ်းချမ်းရေးအကြောင်းကို ဒေသခံများနှင့်ထိတွေ့ပြောဆိုမှုများရှိလာ၊ အမျိုးသားရေးတာဝန်ကို ကျရာနေရာမှ ဆောင်ရွက်ပေးရန် ဆန္ဒရှိဟုဆို

မျိုးကြီး (NSS) - သြဂုတ် ၂၉

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးအနေဖြင့် ငြိမ်းချမ်းရေးအကြောင်းကို ဒေသခံများနှင့်ထိတွေ့ကာ ပြောဆိုရှင်းပြမှုများ လာကြောင်း သတင်းရရှိသည်။


ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးသည် ၎င်းလက်ထက်အတွင်း ပြည်တွင်းငြိမ်းချမ်းရေး ကြိုးစားခဲ့မှုများအပေါ် ဂုဏ်ပြုပွဲအား ယနေ့(သြဂုတ်လ ၂၉ ရက်)တွင် KNU တပ်မဟာ(၆)နယ်မြေ၊ ဖါးပြရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

“KNU ဥက္ကဋ္ဌဟောင်းက လိုက်လံဆွေးနွေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဖါးပြရွာသားအနေနဲ့ ကျေးရွာနေပြည်သူတွေအနေနဲ့ ဒီပြည်တွင်းငြိမ်းချမ်းရေးကို အပတ်တကုပ်ကြိုးစားခဲ့တဲ့ အဖိုးမူတူးကို ဂုဏ်ပြုချင်တဲ့အပေါ်မှာ ဒီဖါးပြရွာကနေပြီးတော့မှ သူ့ကိုဂုဏ်ပြုပွဲလေးလုပ်ပေးတာပါ။ အဲဒါပါပဲ”ဟု ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက NSS ကို ပြောသည်။

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့သော KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးအား ဂုဏ်ပြုပွဲကို ပဒိုစောရွှေမောင်းနှင့် ဖါးပြရွာသားများက ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမနက် လုပ်တယ်။ ၉ နာရီမှာလုပ်တယ်။ ၁၂ နာရီမှာ ပြီးမြောက်တယ်။ အဖိုးမူတူးက သူ့မှာက တာဝန်မရှိတော့ဘူးပေါ့နော်။ KNU အစည်းအရုံးအနေနဲ့ တာဝန်မရှိတဲ့အပေါ်မှာ ကရင်ပြည်သူတစ်ယောက်အနေနဲ့တော့ အမျိုးသားတွေရဲ့ လိုလားတောင်းတမှုကို ပြည့်ဝဖို့အတွက် သူကလည်းပဲ အမျိုးသားရေးတာဝန်ကို ကျရာနေရာကနေပြီးတော့ ဆောင်ရွက်ပေးဖို့ သူ့မှာဆန္ဒရှိတဲ့အကြောင်းတော့ ပြောသွားပါတယ်” ဟု ပဒိုစောရွှေမောင်းက ဆက်လက်ပြောသည်။

ထို့ပြင် KNU ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးက နိုင်ငံအတွင်း၌ မငြိမ်းမချမ်းဖြစ်ပေါ်နေမှု ငြိမ်းချမ်းအောင်ဆောင်ရွက်ရန်မှာ နိုင်ငံသားတိုင်းတွင် တာဝန်ရှိသကဲ့သို့ ကရင်အမျိုးသားထုနေထိုင်ရာဒေသများတွင်လည်း ငြိမ်းချမ်းရေးရရှိရန် မိမိအပေါ်တွင်လည်း တာဝန်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု သိရသည်။

အလားတူ KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌပဒိုစောရွှေမောင်းကလည်း အားလုံးသည် ငြိမ်းချမ်းလိုကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် ကြံဆောင်ရာတွင် နည်းလမ်းကွဲလွဲမှုများရှိနေ၍သာ ယခုကဲ့သို့ အကွဲကွဲအပြားပြားဖြစ်နေခြင်းဖြစ်ကြောင်းလည်း သုံးသပ်ထားသည်။

ဆက်လက်ပြီး KNU ဥက္ကဋ္ဌစောမူတူးစေးဖိုး၏ ငြိမ်းချမ်းရေးလုပ်ကိုင်လိုမှုဆန္ဒနှင့်ပတ်သက်၍လည်း ပဒိုစောရွှေမောင်းက “သူ့ရဲ့စဉ်းစားမှု၊ သူ့ရဲ့ဆန္ဒရှိပါတယ်။ အဲဒါတွေက ရှိပါတယ်။ သူ့ဆန္ဒရှိတယ် အခြေအနေပေးရင် ပေးသလိုပေါ့နော် ဆောင်ရွက်လို့ရတဲ့အနေအထားရှိခဲ့မယ်ဆိုလို့ရှိရင် ရှေ့ဆက်ဆောင်ရွက်ဖို့ ရှိတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်တွင်လည်း KNU တပ်မဟာ(၆)နယ်မြေ၊ မဲကသာရွာ၌ ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးသည် ခရိုင်ဥက္ကဋ္ဌ၊ ခရိုင်အမှုဆောင်များ၊ တပ်ရင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စရပ်များကိုလည်း ထည့်သွင်းပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။

“ဒီမနက်လည်း လုပ်တယ်။ အခုအပြင်းအထန်းဆုံးဖြစ်နေတာက တပ်မဟာ(၆)နယ်မြေပေါ့။ ဒါပေမယ့် အခုသွားပြောနေတဲ့ဟာက ဒေါနတောင်အနောက်ခြမ်း ကော့ကရိတ်နဲ့ ဘုရားသုံးဆူကြားမှာရှိတဲ့ ဧရိယာက ကျေးရွာတွေမှာ သွားပြောနေတာပေါ့။ အခုဟာကတော့ သူက လွတ်လွတ်လပ်လပ်ပြောလို့ရပြီပေါ့။ KNU အကြောင်း ပြောစရာမလိုတော့ဘူးလေ။ အတွေ့အကြုံရှိတဲ့ လူတစ်ယောက်အနေနဲ့ပဲ ငြိမ်းချမ်းရေးအကြောင်းပြောတော့ သူပြောရတာ ပိုကောင်းတာပေါ့။ အဖွဲ့အစည်းကို ကိုယ်စားပြုနေရာစရာ မလိုတော့ဘူးလေ”ဟု KNU နှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NSS ကိုပြောသည်။

ဥက္ကဋ္ဌဟောင်းစောမူတူးစေးဖိုးအနေဖြင့် ငြိမ်းချမ်းရေးအတွက် ရှေ့ထွက်ကာ ယခုကဲ့သို့ ထိတွေ့ပြောဆိုမှုများပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်းနှင့် အခြားသော ကျေးရွာဒေသခံများနှင့်လည်း ဆက်လက်တွေ့ဆုံသွားဖွယ်ရှိကြောင်း အထက်ပါသတင်းအရင်းအမြစ်က သုံးသပ်ထားသည်။

ထို့ပြင် တပ်မဟာ(၆)နယ်မြေရှိ ဒေသခံတစ်ဦးကလည်း “အဓိကတော့ ဒေသတွင်းမှာ ငြိမ်းချမ်းချင်တဲ့ဟာပေါ့။ အဲဒီတော့ အခုက လူထုနဲ့စပြီးတွေ့ဆုံတာပေါ့။ အားလုံးကလည်း စိတ်ဝင်စားနေကြတယ်။ ဒေသတွင်းငြိမ်းချမ်းမှ ဖြစ်မှာပေါ့လေ။ မငြိမ်းချမ်းရင် အကုန်လုံး အိုးမဲ့အိမ်မဲ့ကြတယ်။ အစ်ကို ကိုယ်တိုင်လည်း အိမ်မှာမနေနိုင်တဲ့ဘဝ ဖြစ်နေတာကို။ အဓိကတော့ ဒေသတွင်းမှာ အရမ်းငြိမ်းချမ်းချင်တယ်” ဟု NSS ကို ဖွင့်ဟပြောကြားထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးသည် ယခုနှစ် ဧပြီလအတွင်း ကျင်းပခဲ့သော (၁၇)ကြိမ်မြောက်ညီလာခံ၌ ပါဝင်အရွေးချယ်ခံခြင်းမရှိတော့ဘဲ ဥက္ကဋ္ဌအဖြစ်မှ အနားယူခဲ့ခြင်းဖြစ်သည်။ 

KNU ဥက္ကဋ္ဌသစ်အဖြစ် ပဒိုစောကွယ်ထူးဝင်းဖြစ်လာခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အပေါ်တွင် လိုက်နာစရာအကြောင်းမရှိတော့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘင်္ဂလားဒေရှ့်အစိုးရက မြန်မာအပါအဝင် နိုင်ငံပေါင်း(၉)နိုင်ငံကနေ ကြက်သွန်များတင်သွင်းဖို့ခွင့်ပြု

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved