Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘဏ္ဍာနှစ်(၁ဝ)လနီးပါးအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၇၉ သန်းရရှိ

ဖူးပြည့် (NP News) - ဖေဖော်ဝါရီ ၁

၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလ ၂၅ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ချိန် ၁ ဒသမ ၈ သန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းအချက်အလက်များအရ သိရသည်။

ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ချိန် ၁ ဒသမ ၈ သန်းကျော်တင်ပို့နိုင်မှုသည် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၆၇၉ သန်းရှိကြောင်းသိရသည်။

အဆိုပါ ကာလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်မှုသည် ဧပြီလတွင် တန်ချိန် ၂ သိန်းခွဲကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၈၂ သန်း၊ မေလတွင် တန်ချိန် (၁)သိန်းခွဲကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၅၁ သန်း၊ ဇွန်လတွင် တန်ချိန် (၁)သိန်းခွဲနီးပါး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅ဝ၊ ဇူလိုင်လတွင် တန်ချိန် ၁ ဒသမ ၈ သိန်းကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၆၆ သန်း၊ ဩဂုတ်လတွင် တန်ချိန် ၁ သိန်းခွဲကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၅၃ သန်းတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလတွင် တန်ချိန် ၉ သောင်းကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၃၇ သန်း၊ အောက်တိုဘာလတွင် တန်ချိန် ၁ ဒသမ ၆ သိန်းကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၆၅ သန်း၊ နိုဝင်ဘာလတွင် တန်ချိန် ၂ ဒသမ ၆ သိန်းကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁ဝ၆ သန်း၊ ဒီဇင်ဘာလတွင် တန်ချိန် ၂ ဒသမ ၂ သိန်းကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၉ဝ နှင့် ဇန်နဝါရီလ ၂၅ ရက်အထိ တန်ချိန် ၁ ဒသမ ၉ သိန်းကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၇၉ သန်း တင်ပို့ထားကြောင်းသိရသည်။

ယင်းကာလအတွင်း နိုဝင်ဘာလတွင် အများဆုံးတင်ပို့မှုရှိခဲ့ပြီး စက်တင် ဘာလတွင် တင်ပို့မှုအနည်းဆုံးဖြစ်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆန်တင်ပို့မှုအများဆုံးဖြစ်ပြီး တရုတ်နိုင်ငံသို့ ဆန်ကွဲတင်ပို့မှုအများဆုံး ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧကပေါင်း (၁၅)သန်းခန့်ရှိပြီး နွေစပါးစိုက်ဧကပေါင်း နှစ်သန်းရှိသည့်အတွက် နှစ်စဉ် စပါးတင်းသန်းပေါင်း (၂၁၃)သန်းခန့် ထွက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်၏ ရည်မှန်းချက်သည် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ခုနစ်သန်းခန့်နှင့် ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် သုံးနိုင်ငံစာရင်းဝင်နိုင်ငံအဖြစ် ရပ်တည်ရေးဖြစ်သည်။


zawgyi version












Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗြိတိန်နိုင်ငံ၏ စီးပွားရေးမှာ စစ်ဖြစ်နေသော ရုရှားနိုင်ငံ စီးပွားရေးထက် ပိုမိုကျဆင်းနေကြောင်း IMF ဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved