Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗြိတိန်နိုင်ငံ၏ စီးပွားရေးမှာ စစ်ဖြစ်နေသော ရုရှားနိုင်ငံ စီးပွားရေးထက် ပိုမိုကျဆင်းနေကြောင်း IMF ဆို

Pika (NP News) - ဖေဖော်ဝါရီ ၁

ကမ္ဘာပေါ်ရှိ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများထဲတွင် ဗြိတိန်နိုင်ငံ၏ စီးပွားရေးသည် အဆိုးဆုံးအခြေအနေတွင် ရှိကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့  IMF က ခန့်မှန်းပြောဆိုခဲ့သည်။

ဗြိတိန်နိုင်ငံသည် ရုရှားထက် စီးပွားရေးအခြေအနေ  ပိုမိုကျဆင်းနေပြီး ၂ဝ၂၃ ခုနှစ်တွင် စီးပွားရေးကျဆင်းမှုများနှင့် ရင်ဆိုင်ရမည့် တစ်ခုတည်းသော G-7 အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့သည်။

ဗြိတိန်နိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့်နှစ်တွင်  (ဝ ဒသမ ၃) ရာခိုင်နှုန်း တိုးလာခဲ့သော်လည်း ယခုနှစ်တွင် (ဝ ဒသမ ၆) ရာခိုင်နှုန်း ကျဆင်းသွားနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းပြောဆိုခဲ့သည်။ အဆိုပါ ကိန်းဂဏန်းများသည် ၂ဝ၂၂ ခုနှစ်တွင် (၂ ဒသမ ၂) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီးနောက် (ဝ ဒသမ ၃) ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ခန့်မှန်းထားသော ပိတ်ဆို့အရေးယူမှုများခံရသည့် ရုရှားနိုင်ငံ စီးပွားရေးထက် ပိုမိုနည်းပါး ကြောင်းလည်း သိရသည်။

ဗြိတိန်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုသည် ၂ဝဝ၉ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းနောက်ပိုင်း ပထမဆုံးစီးပွားရေး ကျဆင်းမှုဖြစ်ကြောင်းလည်း သိရသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ၂ဝ၂၃ ခုနှစ် ခန့်မှန်းချက်များအရ အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် (၁ ဒသမ ၄) ရာခိုင်နှုန်း၊ ဂျာမနီနိုင်ငံက (ဝ ဒသမ ၁) ရာခိုင်နှုန်း၊ ပြင်သစ်က (ဝ ဒသမ ၇) ရာခိုင်နှုန်း၊ အီတလီက (ဝ ဒသမ ၆) ရာခိုင်နှုန်း၊ ဂျပန်က (ဝ ဒသမ ၈) ရာခိုင်နှုန်း နှင့် ကနေဒါက (၁ ဒသမ ၅) ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်ကြောင်းသိရသည်။ 

အခြား G-7 အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးပိုင်းသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ကတည်းက တိုးတက်လာခြင်း (သို့မဟုတ်) ပြောင်းလဲလာခြင်းမျိုးမရှိခဲ့သော်လည်း ဗြိတိန်နိုင်ငံ၏ စီးပွားရေးမှာ အတိုးနှုန်းနှင့် အခွန်နှုန်းများ တိုးလာခဲ့ခြင်းကြောင့် ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ပြောကြားခဲ့သည်။ 

ဗြိတိန်နိုင်ငံတွင် စီးပွားရေးကျဆင်းမှုများကြောင့် အစိုးရ၏ အသုံးစရိတ်ကန့်သတ်မှုနှင့်အတူ လူနေမှုစရိတ် အကျပ်အတည်းများ ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။


Zawgyi Version; 

ၿဗိတိန္ႏိုင္ငံ၏ စီးပြားေရးမွာ စစ္ျဖစ္ေနေသာ ႐ုရွားႏိုင္ငံ စီးပြားေရးထက္ ပိုမိုက်ဆင္းေနေၾကာင္း IMF ဆို 

Pika (NP News) - ေဖေဖာ္ဝါရီ ၁

ကမာၻေပၚရွိ စက္မႈဖြံ႕ၿဖိဳးၿပီး ႏိုင္ငံမ်ားထဲတြင္ ၿဗိတိန္ႏိုင္ငံ၏ စီးပြားေရးသည္ အဆိုးဆုံးအေျခအေနတြင္ ရွိေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕  IMF က ခန႔္မွန္းေျပာဆိုခဲ့သည္။

ၿဗိတိန္ႏိုင္ငံသည္ ႐ုရွားထက္ စီးပြားေရးအေျခအေန  ပိုမိုက်ဆင္းေနၿပီး ၂ဝ၂၃ ခုႏွစ္တြင္ စီးပြားေရးက်ဆင္းမႈမ်ားႏွင့္ ရင္ဆိုင္ရမည့္ တစ္ခုတည္းေသာ G-7 အဖြဲ႕ဝင္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္လာမည္ျဖစ္ေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြ အဖြဲ႕က ထုတ္ျပန္ေျပာဆိုခဲ့သည္။

ၿဗိတိန္ႏိုင္ငံ၏ စီးပြားေရးသည္ ၿပီးခဲ့သည့္ႏွစ္တြင္  (ဝ ဒသမ ၃) ရာခိုင္ႏႈန္း တိုးလာခဲ့ေသာ္လည္း ယခုႏွစ္တြင္ (ဝ ဒသမ ၆) ရာခိုင္ႏႈန္း က်ဆင္းသြားႏိုင္ေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕က ခန႔္မွန္းေျပာဆိုခဲ့သည္။ အဆိုပါ ကိန္းဂဏန္းမ်ားသည္ ၂ဝ၂၂ ခုႏွစ္တြင္ (၂ ဒသမ ၂) ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ၿပီးေနာက္ (ဝ ဒသမ ၃) ရာခိုင္ႏႈန္း ျမင့္တက္လာမည္ဟု ခန႔္မွန္းထားေသာ ပိတ္ဆို႔အေရးယူမႈမ်ားခံရသည့္ ႐ုရွားႏိုင္ငံ စီးပြားေရးထက္ ပိုမိုနည္းပါး ေၾကာင္းလည္း သိရသည္။

ၿဗိတိန္ႏိုင္ငံ၏ စီးပြားေရးက်ဆင္းမႈသည္ ၂ဝဝ၉ ခုႏွစ္ ဘ႑ာေရး အက်ပ္အတည္းေနာက္ပိုင္း ပထမဆုံးစီးပြားေရး က်ဆင္းမႈျဖစ္ေၾကာင္းလည္း သိရသည္။ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕၏ ၂ဝ၂၃ ခုႏွစ္ ခန႔္မွန္းခ်က္မ်ားအရ အေမရိကန္ႏိုင္ငံ၏ စီးပြားေရးတိုးတက္မႈႏႈန္းသည္ (၁ ဒသမ ၄) ရာခိုင္ႏႈန္း၊ ဂ်ာမနီႏိုင္ငံက (ဝ ဒသမ ၁) ရာခိုင္ႏႈန္း၊ ျပင္သစ္က (ဝ ဒသမ ၇) ရာခိုင္ႏႈန္း၊ အီတလီက (ဝ ဒသမ ၆) ရာခိုင္ႏႈန္း၊ ဂ်ပန္က (ဝ ဒသမ ၈) ရာခိုင္ႏႈန္း ႏွင့္ ကေနဒါက (၁ ဒသမ ၅) ရာခိုင္ႏႈန္း ျမင့္တက္လာမည္ျဖစ္ေၾကာင္းသိရသည္။ 

အျခား G-7 အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ စီးပြားေရးပိုင္းသည္ ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလ ကတည္းက တိုးတက္လာျခင္း (သို႔မဟုတ္) ေျပာင္းလဲလာျခင္းမ်ိဳးမရွိခဲ့ေသာ္လည္း ၿဗိတိန္ႏိုင္ငံ၏ စီးပြားေရးမွာ အတိုးႏႈန္းႏွင့္ အခြန္ႏႈန္းမ်ား တိုးလာခဲ့ျခင္းေၾကာင့္ ပိုမိုဆိုး႐ြားလာခဲ့ျခင္းျဖစ္ေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕က ေျပာၾကားခဲ့သည္။ 

ၿဗိတိန္ႏိုင္ငံတြင္ စီးပြားေရးက်ဆင္းမႈမ်ားေၾကာင့္ အစိုးရ၏ အသုံးစရိတ္ကန႔္သတ္မႈႏွင့္အတူ လူေနမႈစရိတ္ အက်ပ္အတည္းမ်ား ပိုမိုဆိုး႐ြားလာႏိုင္ဖြယ္ရွိေၾကာင္းလည္း သိရသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နမီးဘီးယားနိုင်ငံမှာ ရှားပါးမျိုးစိတ် ကြံ့မှောင်ခိုမှု ၉၃ ရာခိုင်နှုန်းထိ ရှိလာ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved