Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးတစ်ဦးကို စေလွှတ်မည်ဟု သမ္မတဝီဒိုဒို ပြော

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁

အင်ဒိုနီးရှားနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အောင်မြင်အောင် ဘယ်လိုလုပ်ဆောင်နိုင်ခဲ့သလဲဆိုသောအချက်ကို ပြသနိုင်ရန်အတွက် အင်ဒိုနီးရှားထိပ်တန်းစစ်ဗိုလ်ချုပ် ဦးဆောင်သောအဖွဲ့ကို မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် ဆွေးနွေးရန် စေလွှတ်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ထုတ်ဖော်ပြောဆိုလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး နှင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် တာဝန်ရှိနေကြောင်း သိရသည်။ 

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို က "ဒါဟာ မြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ချဉ်းကပ်မှုပါ။ ကျွန်တော်တို့ အင်ဒိုနီးရှားဟာ အတွေ့အကြုံရှိပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေနဲ့ အခြေအနေ အတူတူပါပဲ။ အတွေ့အကြုံတွေက ဖြေရှင်းလို့ရနိုင်ပါတယ်။ အင်ဒိုနီးရှားဟာ ဒီမိုကရေစီလမ်းကြောင်းကို ဘယ်လိုမျိုး စတင်ခဲ့သလဲဆိုတာကို ဆွေးနွေးသွားမှာပါ" ဟု ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများထဲ လူဦးရေအင်အားအကြီးဆုံး တတိယမြောက် ဒီမိုကရေစီနိုင်ငံဖြစ်ပြီး စစ်တပ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးဆူဟာတို နှစ်ပေါင်း ၃ဝ ကျော်ကြာ အုပ်ချုပ်ခံခဲ့ရ သော နိုင်ငံလည်း ဖြစ်သည်။ 

အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၉၈ ခုနှစ်က စီးပွားရေးအခက်အခဲများဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြပွဲများကြောင့် ဗိုလ်ချုပ်ကြီးဆူဟာတို သည် ရာထူးမှ ဆင်းပေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်ကတည်းက အာဏာသိမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး ယင်းအချိန်ကတည်းက နိုင်ငံသည် အထီးကျန်နိုင်ငံဖြစ်ခဲ့ရသလို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ စတင်ခဲ့သည်။ 

သို့သော်လည်း ပြီးခဲ့သော ၂ နှစ်တွင် မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး  ဆန္ဒပြအုပ်စုများကို ဖြိုခွင်းမှုများ စတင်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားသမ္မတ သည် ၎င်းကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်ကို ငြင်းဆန်ပယ်ချခြင်းမရှိသော်လည်း အလားတူ နောက်ခံသမိုင်းကြောင်းရှိနေသော စစ်တပ်၏ တာဝန်ရှိသူများကြား တွေ့ဆုံဆွေးနွေးမှုက ပိုမိုလွယ်ကူရန် အလားလာများကြောင်း ဆိုသည်။ 

အင်ဒိုနီးရှားသမ္မတ သည် မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားစစ်တပ်မှ မည်သူကို စေလွှတ်မည်လဲဆိုသော အချက်ကို အတိအကျပြောဆိုခြင်းမရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွင် ပါဝင်ခဲ့ဖူးသော အင်ဒိုနီးရှားစစ်တပ်မှ တာဝန်ရှိသူများကို စေလွှတ်ဖွယ်ရှိနေကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။


Zawgyi Version; 

ျမန္မာစစ္ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ အင္ဒိုနီးရွားဗိုလ္ခ်ဳပ္ႀကီးတစ္ဦးကို ေစလႊတ္မည္ဟု သမၼတဝီဒိုဒို ေျပာ

ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁

အင္ဒိုနီးရွားႏိုင္ငံသည္ ဒီမိုကေရစီအသြင္ကူးေျပာင္းမႈကို ေအာင္ျမင္ေအာင္ ဘယ္လိုလုပ္ေဆာင္ႏိုင္ခဲ့သလဲဆိုေသာအခ်က္ကို ျပသႏိုင္ရန္အတြက္ အင္ဒိုနီးရွားထိပ္တန္းစစ္ဗိုလ္ခ်ဳပ္ ဦးေဆာင္ေသာအဖြဲ႕ကို ျမန္မာစစ္တပ္ေခါင္းေဆာင္မ်ားႏွင့္ ေဆြးေႏြးရန္ ေစလႊတ္သြားမည္ျဖစ္ေၾကာင္း အင္ဒိုနီးရွားသမၼတ ဝီဒိုဒိုက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

အင္ဒိုနီးရွားႏိုင္ငံသည္ ယခုႏွစ္တြင္ အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူမည္ျဖစ္ရာ အဖြဲ႕ဝင္ႏိုင္ငံျဖစ္ေသာ ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီအေရး ႏွင့္ ႏိုင္ငံေရးျပႆနာမ်ားကို ေျဖရွင္းရန္ တာဝန္ရွိေနေၾကာင္း သိရသည္။ 

အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒို က "ဒါဟာ ျမန္မာႏိုင္ငံေရးျပႆနာကို ေျဖရွင္းႏိုင္ေရးအတြက္ ခ်ဥ္းကပ္မႈပါ။ ကြၽန္ေတာ္တို႔ အင္ဒိုနီးရွားဟာ အေတြ႕အႀကဳံရွိပါတယ္။ ျမန္မာႏိုင္ငံမွာ ျဖစ္ေနတာေတြနဲ႔ အေျခအေန အတူတူပါပဲ။ အေတြ႕အႀကဳံေတြက ေျဖရွင္းလို႔ရႏိုင္ပါတယ္။ အင္ဒိုနီးရွားဟာ ဒီမိုကေရစီလမ္းေၾကာင္းကို ဘယ္လိုမ်ိဳး စတင္ခဲ့သလဲဆိုတာကို ေဆြးေႏြးသြားမွာပါ" ဟု ဆိုသည္။

အင္ဒိုနီးရွားႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ ကမာၻ႔ႏိုင္ငံမ်ားထဲ လူဦးေရအင္အားအႀကီးဆုံး တတိယေျမာက္ ဒီမိုကေရစီႏိုင္ငံျဖစ္ၿပီး စစ္တပ္ေခါင္းေဆာင္ေဟာင္း ဗိုလ္ခ်ဳပ္ႀကီးဆူဟာတို ႏွစ္ေပါင္း ၃ဝ ေက်ာ္ၾကာ အုပ္ခ်ဳပ္ခံခဲ့ရ ေသာ ႏိုင္ငံလည္း ျဖစ္သည္။ 

အင္ဒိုနီးရွားႏိုင္ငံတြင္ ၁၉၉၈ ခုႏွစ္က စီးပြားေရးအခက္အခဲမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ဆႏၵျပပြဲမ်ားေၾကာင့္ ဗိုလ္ခ်ဳပ္ႀကီးဆူဟာတို သည္ ရာထူးမွ ဆင္းေပးခဲ့ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံတြင္ ၁၉၆၂ ခုႏွစ္ကတည္းက အာဏာသိမ္းမႈ စတင္ျဖစ္ပြားခဲ့ၿပီး ယင္းအခ်ိန္ကတည္းက ႏိုင္ငံသည္ အထီးက်န္ႏိုင္ငံျဖစ္ခဲ့ရသလို ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူမ်ားကို ဖိႏွိပ္ခဲ့ၿပီး ၂ဝ၁၁ ခုႏွစ္တြင္ ဒီမိုကေရစီအသြင္ကူးေျပာင္းမႈမ်ား စတင္ခဲ့သည္။ 

သို႔ေသာ္လည္း ၿပီးခဲ့ေသာ ၂ ႏွစ္တြင္ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီး  ဆႏၵျပအုပ္စုမ်ားကို ၿဖိဳခြင္းမႈမ်ား စတင္ခဲ့ေၾကာင္း သိရသည္။ အင္ဒိုနီးရွားသမၼတ သည္ ၎ကိုယ္တိုင္ ျမန္မာႏိုင္ငံသို႔ သြားေရာက္မည့္ခရီးစဥ္ကို ျငင္းဆန္ပယ္ခ်ျခင္းမရွိေသာ္လည္း အလားတူ ေနာက္ခံသမိုင္းေၾကာင္းရွိေနေသာ စစ္တပ္၏ တာဝန္ရွိသူမ်ားၾကား ေတြ႕ဆုံေဆြးေႏြးမႈက ပိုမိုလြယ္ကူရန္ အလားလာမ်ားေၾကာင္း ဆိုသည္။ 

အင္ဒိုနီးရွားသမၼတ သည္ ျမန္မာႏိုင္ငံသို႔ အင္ဒိုနီးရွားစစ္တပ္မွ မည္သူကို ေစလႊတ္မည္လဲဆိုေသာ အခ်က္ကို အတိအက်ေျပာဆိုျခင္းမရွိေသာ္လည္း အင္ဒိုနီးရွားႏိုင္ငံ၏ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈတြင္ ပါဝင္ခဲ့ဖူးေသာ အင္ဒိုနီးရွားစစ္တပ္မွ တာဝန္ရွိသူမ်ားကို ေစလႊတ္ဖြယ္ရွိေနေၾကာင္း သုံးသပ္မႈမ်ားလည္း ထြက္ေပၚေနသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘဏ္ဍာနှစ်(၁ဝ)လနီးပါးအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၇၉ သန်းရရှိ

RELATED POSTS
RECENT POSTS
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
08 Nov 2024
ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
08 Nov 2024
ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း
08 Nov 2024
အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
08 Nov 2024
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
08 Nov 2024
နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း
08 Nov 2024
မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
08 Nov 2024
ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
08 Nov 2024
မော်လမြိုင်တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရ
08 Nov 2024
ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး
08 Nov 2024
ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ
08 Nov 2024
အိန္ဒိယအတွက် သံတမန်ရေးဟန်ချက်ညှိခွင့်ရနေသည့် BRICS ပလက်ဖောင်း
08 Nov 2024
တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါးလာခြင်းသည် လူနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်
08 Nov 2024
၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ EU သိပ္ပံပညာရှင်တွေပြော
08 Nov 2024
အစိုးရ၏လိုငွေကို ပြည်တွင်း၊ ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်းနေပြီး ငွေကျပ်ဘီလျံ (၉၆၀ဝ)ထက် ပိုမချေးရန် သတ်မှတ်ထား
08 Nov 2024
တရုတ်ဇနီးမယားလုပ်ပါက ငွေကျပ်သိန်း(၁၀၀)ရမည်ဟု ပြောဆိုစည်းရုံးကာ အမျိုးသမီး (၃)ဦးအား ရောင်းစားရန် စီစဉ်သူကို အလုပ်နှင့် ထောင်ဒဏ်နှစ် (၃၀)ချမှတ်
07 Nov 2024
မလေးရှားနိုင်ငံတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီး၏ အလောင်းကို သင်္ဂြိုဟ်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ
07 Nov 2024
အမေရိကန်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ထရမ့် ရွေးချယ်တော့မည်
07 Nov 2024
အမေရိကန်က ထိုင်ဝမ်ကို မိတ်ဆွေပီသသောချဥ်းကပ်မှု ဆက်လုပ်ဖွယ်ရှိနေ
07 Nov 2024
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မီးပုံးပျံအလုံးရေ (၃၀၀၀)ကျော်ဖြင့် လွှတ်တင်ဖွင့်လှစ်သွားမည်
07 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved