စာသင်ကျောင်းတွေမှာ မွတ်စလင်အမျိုးသမီးတွေဝတ်ဆင်တဲ့ abaya dresses အဝတ်စားတွေမဝတ်ဆင်ဖို့ ပြင်သစ်ပညာရေးဝန်ကြီးဌာန အမိန့်ထုတ်ပြန်
ဂျန်ဇက် (NSS) - ဩဂုတ် ၂၈
ပြင်သစ်အာဏာပိုင်တွေဟာ မွတ်စလင်အမျိုးသမီးအချို့ ဝတ်ဆင်တဲ့ abaya dresses အဝတ်စားတွေကို ကျောင်းတွေမှာ ဝတ်ဆင်ခြင်းမျိုးမလုပ်ဖို့ တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။
ပြင်သစ်ကျန်းမာရေးဝန်ကြီး ဂါဘီရယ်လ် အက်တယ်လ်က စက်တင်ဘာလ ၄ ရက်မှစတင်ပြီး နိုင်ငံတဝှမ်း စာသင်ကျောင်းတွေမှာအမျိုးသမီးတွေကို အဆိုပါ အဝတ်စားမျိုးဝတ်ဆင်ခြင်းမလုပ်ဖို့ တားမြစ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ ပြင်သစ်အစိုးရဟာ စာသင်ကျောင်းတွေမှာ မွတ်စလင်အမျိုးသမီးတွေကို hijab အဝတ်စားများဝတ်ဆင်မှု ကာလအတန်ကြာတားမြစ်ပိတ်ပင်လိုက်ပြီးနောက် abaya dresses အဝတ်စားတွေ ဝတ်ဆင်မှုတွေနဲ့ပတ်သက်ပြီး အကြိတ်အနယ်ဆွေးနွေးမှုများဖြစ်လာခဲ့ကာ လက်ရှိအချိန်မှာတော့ abaya dresses အဝတ်စားတွေ ဝတ်ဆင်ခြင်းကို တားမြစ်ပိတ်ပင်ဖို့ အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
စာသင်ကျောင်းတွေမှာ abaya dresses အဝတ်စားတွေ ဝတ်ဆင်ခြင်းဟာ ကျောင်းသားမိဘတွေနဲ့ ကျောင်းဆရာတွေကြား တင်းမာမှုတွေပိုမိုဖြစ်လာစေခဲ့ကြောင်း ဆိုပါတယ်။
ပြင်သစ် ပညာရေးဝန်ကြီးဌာနက "စာသင်ကျောင်းတွေမှာ ဝတ်စားဆင်ယင်မှုတွေ လွတ်လပ်မှုရှိဖို့လိုအပ်တယ်။ စာသင်ကျောင်းတွေမှာ ဘာသာရေးအမှတ်အသား ဝတ်စားဆင်ယင်မှုတွေမလုပ်ဖို့ လိုအပ်တယ်။ စာသင်ခန်းထဲကို ဝင်လိုက်ချိန်မှာ ကျောင်းသားတွေကို ဘာသာရေးအမှတ်သားတွေ နဲ့ တားဆီးထားတာမျိုးမလုပ်စေလိုဘူး"လို့ပြောပါတယ်။
abaya dresses အဝတ်စားတွေ ဝတ်စားဆင်ယင်ခြင်းတားမြစ်ပိတ်ပင်ခြင်းက စာသင်ကျောင်းတွေမှာရှိတဲ့ မွတ်စလင်အမျိုးသမီးတွေအပေါ်မှာပါ အကျိုးသက်ရောက်တဲ့အတွက် အငြင်းပွားမှုတွေရှိနေကာ ပြစ်တင်ဝေဖန်တာတွေလည်းရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဂံရှိ ဘုရားစေတီများပေါ်တွင် ကန့်သတ်ထားသည့် တက်ရောက်ဖူးမြော်ခွင့်ကို နစကဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ပြန်လည်ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း