Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယနိုင်ငံရှိ တိုက်ခန်းတစ်ခုတွင် ကျင်းပသောမင်္ဂလာဆောင်ပွဲအတွင်း မီးလောင်မှုကြောင့် အနည်းဆုံး လူ(၁၄)ဦး သေဆုံး

Pika (NP News) - ဖေဖော်ဝါရီ ၁

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ Jharkhand ပြည်နယ်ရှိ တိုက်ခန်းတစ်ခုတွင် ကျင်းပနေသော မင်္ဂလာပွဲအတွင်း  ဇန်နဝါရီ (၃၁) ရက်က မီးလောင်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ကလေး(၃)ဦး အပါအဝင် အနည်းဆုံး လူ(၁၄)ဦး သေဆုံးခဲ့ ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ 

မီးလောင်မှုသည် Dhanbad မြို့ Ashirwad Tower (၁၃)ထပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ(၁၂)ဦးသည် မီးလောင် ဒဏ်ရာများ ပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း အနည်းဆုံး လူ(၁၈)ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ က ပြောကြားခဲ့သည်။ ယင်းအဆောက်အဦးတွင် အခြားလူများ ထပ်မံပိတ်မိနေခြင်း ရှိ/မရှိ ဆိုသည့်အချက်ကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။

မီးလောင်မှုများဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ က ပြောကြား ခဲ့သည်။ ရဲမှူးချုပ်ဆန်ဂျီဖ်ကူမာ က "မီးလောင်မှုကြောင့် အနည်းဆုံးလူ(၁၄)ဦး သေဆုံးခဲ့ပြီး (၁၂) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်၊၊ မင်္ဂလာပွဲတက်ဖို့ လူတော်တော်များများက တိုက်ခန်းထဲမှာ စုဝေးနေခဲ့ကြတာပါ၊၊ မီးလောင်မှု ဖြစ်ပွားရတဲ့အကြောင်းအရင်းကိုတော့ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး၊၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပဲ အဓိကထား အာရုံစိုက်လုပ်ဆောင်နေပါတယ်၊၊ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံကို ပို့ဆောင်ပြီးပါပြီ" ဟု ပြောဆိုခဲ့သည်။

မီးလောင်မှုများဖြစ်ပွားပြီးနောက် ဒါဇင်နှင့်ချီသော မီးသတ်သမားများသည် မီးငြိမ်းသတ်ရန်အတွက် ကြိုးပမ်းခဲ့ကြ ပြီး အချိန် နှစ်နှာရီနီးပါးကြာမြင့်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုများဖြစ်ပွားချိန်တွင် တိုက်ခန်းရှိ အချို့လူများ သည် ပြတင်းပေါက်များမှ ခုန်ချရန် ကြိုးစားခဲ့ကြကြောင်းလည်း သိရသည်။ 

မီးလောင်မှုကြောင့် သေဆုံးသူများအတွက် ဝမ်းနည်းမိကြောင်း သေဆုံးသူများ၏ မိသားစုတစ်စုချင်းအတွက် နစ်နာကြေးအဖြစ် ရူပီး(၂)သိန်း နှင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးချင်းစီကို ရူပီး(၅)သောင်းစီ ပေးအပ်သွားမည်ဖြစ် ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီ က "မီးလောင်မှုကြောင့် သေဆုံးသွား တဲ့သူတွေအတွက် တကယ်ကို ဝမ်းနည်းမိပါတယ်၊၊ ထိခိုက်ဒဏ်ရာရရှိသူတွေ အမြန်ဆုံးပြန်ကောင်းလာနိုင်ဖို့ ဆုတောင်းပေးပါတယ်" ဟု တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။


Zawgyi Version; 







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် အင်ဒိုနီးရှားဗိုလ်ချုပ်ကြီးတစ်ဦးကို စေလွှတ်မည်ဟု သမ္မတဝီဒိုဒို ပြော

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved