Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရခဲ့သည့်ပွဲတွင် အသင်းကစားသမားများ၏ ပွဲအစပိုင်းကစားပုံ ဆိုးဝါးခဲ့ကြောင်း မန်ယူနည်းပြ ဝန်ခံ

Pika (NSS) - သြဂုတ် ၂၇ 

မန်ယူအသင်းသည် ဩဂုတ်လ(၂၆)ရက် ညက နော်တင်ဟမ်ဖောရက်စ်အသင်းနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲ တွင် (၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း မန်ယူအသင်းနည်းပြတန်ဟက်က ၎င်း၏ အသင်းကစားသမားများ၏ ဆိုးရွားသော စတင်မှုများကို ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။


နော်တင်ဟမ်ဖောရက်စ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် မန်ယူအသင်းသည် ပွဲစစပြီးချင်းလေးမိနစ်အတွင်း (၂)ဂိုး သွင်းခံခဲ့ရသည့်အတွက် စိတ်ပျက်သွားခဲ့ကြောင်း မန်ယူနည်းပြတန်ဟက် က ပြောခဲ့သည်။ 

နော်တင်ဟမ်ဖောရက်စ်အသင်းတိုက်စစ်မှူး Taiwo Awoniyi သည် ပွဲချိန်(၂)မိနစ်တွင် အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး နောက်တန်းကစားသမား Willy Boly က ပွဲချိန်(၄)မိနစ်တွင် တစ်ဂိုးထပ်မံသွင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မန်ယူအသင်းကွင်းလယ်ကစားသမား အဲရစ်ဆန်သည် ပွဲချိန်(၁၇)မိနစ်တွင် ချေပဂိုးပြန်လည်သွင်းယူခဲ့ ပြီး ကွင်းလယ်ကစားသမားကတ်စမဲရိုးသည် ပွဲချိန်(၅၂)မိနစ်တွင် နောက်ထပ်တစ်ဂိုး ထပ်မံသွင်းယူ ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။


ထို့နောက် မန်ယူကွင်းလယ်ကစားသမား ဖာနန်ဒက်ဇ်သည် ပွဲချိန်(၇၆)မိနစ်တွင် ပင်နယ်တီကန်သွင်းခွင့် ရခဲ့ပြီး နောက် တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့ကာ (၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မန်ယူနည်းပြတန်ဟက် က "တကယ်ကို ဆိုးရွားတဲ့ စတင်မှုတစ်ခုပါပဲ။ ပထမလေးမိနစ်အတွင်းမှာ ကျွန်တော်တို့ နှစ်ဂိုးပေးခဲ့ရပြီး အမှားတွေ လုပ်ခဲ့မိပါတယ်။ ဒါပေမယ့်လည်း ပွဲချိန်(၁၅)မိနစ်လောက်မှာ ကျွန်တော်တို့ ပြန်လည်ဦးဆောင်ကစားလာနိုင်ပြီး ဂိုးတွေ ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး အကောင်းဆုံးဂိုးတွေသွင်းယူနိုင်ခဲ့တယ်လို့ ထင်ပါတယ်" ဟု ပြောခဲ့သည်၊၊

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရေကြောင်းသိပ္ပံပညာ (ဂုဏ်ထူး)ဘွဲ့ဆိုင်ရာ ပထမနှစ်သင်တန်းအတွက် သင်တန်းသား/သူ (၃ဝဝ) လက်ခံသွားမည်

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved