Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါကစ္စတန်နိုင်ငံတွင် လှေတိမ်းမှောက်ခဲ့တာကြောင့် သေဆုံးသူဦးရေမှာ (၅၁)ဦးထိ မြင့်တက်လာ

Pika (NP News) - ဖေဖော်ဝါရီ ၁

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဇန်နဝါရီ(၂၉)ရက်က အသက်(၇)နှစ်မှ (၁၄)နှစ်ကြားရှိ  ကျောင်းသားများကို တင်ဆောင်လာသော လှေတစ်စီးတိမ်းမှောက်ကာ နစ်မြုပ်ခဲ့ခြင်းကြောင့် သေဆုံးသူအရေအတွက် ထပ်မံ မြင့်တက်လာခဲ့ပြီး (၅၁)ဦးထိ ရှိလာပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ(၃၁)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ 

မတော်တဆမှုဖြစ်ပွားပြီးနောက် ရေငုပ်သမားများသည် အေးခဲနေသော ရေပြင်တွင် သုံးရက်ကြာ ရှာဖွေမှုများ လုပ်ဆောင်ပြီးနောက် သေဆုံးသူဦးရေ အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အသက်(၇)နှစ်မှ (၁၄)နှစ်ကြားရှိ ကျောင်းသားများသည် madrasah ကျောင်းမှဖြစ်ပြီး လေ့လာရေးခရီးအတွက် Tanda Dam ရေကန်သို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့က အကြီးတန်းအရာရှိ တစ်ဦးဖြစ်သူ ခါတီရာအယ်မတ် က "အေးနေတဲ့ရာသီဥတုကြောင့် Tanda Dam ရေကန်ရဲ့ရေတွေက အေးနေတဲ့ အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပါတယ်၊၊ ဒါပေမယ့် ရေငုပ်သမားတွေက ရေနက်ထဲအထိ ငုပ်ပြီး အလောင်းတွေကို ပြန်လည်ဆယ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်" ဟု ပြောဆိုခဲ့သည်။

ထို့နောက် ကျောင်းဆရာတစ်ဦးနှင့် လှေမောင်းသမားတစ်ဦး၏ ရုပ်အလောင်းများကို ထပ်မံဆယ်ယူနိုင်ခဲ့ပြီး သေဆုံးသူဦးရေမှာ (၅၁)ဦးထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ခါတီရာအယ်မတ်က ထပ်မံပြောကြားခဲ့သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် ဒါဇင်နှင့်ချီသော မိဘများနှင့် ဆွေမျိုးများသည် ကမ်းစပ်တွင် စုဝေးနေခဲ့ကြ ကြောင်း မျက်မြင်တွေ့ရှိသူ မူဟာမတ်အူမာက ပြောကြားခဲ့သည်။ 

မူဟာမတ်အူမာ က "အခင်းဖြစ်ပွားရာနေရာကနေ အလောင်းတစ်လောင်းကို ဆယ်ယူရတိုင်း သူတို့သား ဟုတ်/မဟုတ်ဆိုတာကို ကြည့်ဖို့အတွက် ရေငုပ်သမားတွေကိုဆီကို အပြေးဆင်းသွားကြတာကို တွေ့ခဲ့ရပါတယ်၊၊ အကြိမ်တိုင်း အော်ဟစ်ငိုယိုသံတွေကို ကြားခဲ့ရပါတယ်၊၊ ကျွန်တော့်ဘဝမှာ ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ ဒီအခြေအနေက စကားလုံးနဲ့တောင် ဖော်ပြလို့ မရတော့တဲ့ အခြေအနေပါ" ဟု ပြောဆိုခဲ့သည်၊၊ 

Tanda Dam ရေကန်သည် Khyber Pakhtunkhwa ပြည်နယ် ကိုဟတ်မြို့ရှိ madrasah ကျောင်းနှင့် (၅) ကီလိုမီတာ အကွာအဝေးတွင် တည်ရှိကြောင်းလည်း သိရသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီး နောက် ဇန်နဝါရီ(၃၁)ရက်တွင် သေဆုံးသူဦးရေ အတိအကျကို ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Fazal Naeem က ထုတ်ပြန်ပေးခဲ့ကြောင်းလည်း သိရသည်။ 

Fazal Naeem က "အဲဒီလှေက လူ(၂ဝ) ကနေ (၂၅)ယောက်လောက်အထိပဲ စီးလို့ရတာပါ၊၊ အဲဒါကို လှေမောင်း သမားက ဝန်ပိုတင်ထားခဲ့တာပါ" ဟု ပြောဆိုခဲ့သည်။ လက်ရှိအချိန်အထိ ကျောင်းသားလေးဦးနှင့် ဆရာတစ်ဦးတို့ ကို ကယ်ဆယ်ထားနိုင်ကြောင်း Fazal Naeem က ပြောကြားခဲ့သည်။


Zawgyi Version; 

ပါကစၥတန္ႏိုင္ငံတြင္ ေလွတိမ္းေမွာက္ခဲ့တာေၾကာင့္ ေသဆုံးသူဦးေရမွာ (၅၁)ဦးထိ ျမင့္တက္လာ

Pika (NP News) - ေဖေဖာ္ဝါရီ ၁

ပါကစၥတန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းတြင္ ဇန္နဝါရီ(၂၉)ရက္က အသက္(၇)ႏွစ္မွ (၁၄)ႏွစ္ၾကားရွိ  ေက်ာင္းသားမ်ားကို တင္ေဆာင္လာေသာ ေလွတစ္စီးတိမ္းေမွာက္ကာ နစ္ျမဳပ္ခဲ့ျခင္းေၾကာင့္ ေသဆုံးသူအေရအတြက္ ထပ္မံ ျမင့္တက္လာခဲ့ၿပီး (၅၁)ဦးထိ ရွိလာၿပီျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ဇန္နဝါရီ(၃၁)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။ 

မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ ေရငုပ္သမားမ်ားသည္ ေအးခဲေနေသာ ေရျပင္တြင္ သုံးရက္ၾကာ ရွာေဖြမႈမ်ား လုပ္ေဆာင္ၿပီးေနာက္ ေသဆုံးသူဦးေရ အခ်က္အလက္မ်ားကို ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ 

အသက္(၇)ႏွစ္မွ (၁၄)ႏွစ္ၾကားရွိ ေက်ာင္းသားမ်ားသည္ madrasah ေက်ာင္းမွျဖစ္ၿပီး ေလ့လာေရးခရီးအတြက္ Tanda Dam ေရကန္သို႔ သြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ကယ္ဆယ္ေရးအဖြဲ႕က အႀကီးတန္းအရာရွိ တစ္ဦးျဖစ္သူ ခါတီရာအယ္မတ္ က "ေအးေနတဲ့ရာသီဥတုေၾကာင့္ Tanda Dam ေရကန္ရဲ႕ေရေတြက ေအးေနတဲ့ အတြက္ ကယ္ဆယ္ေရးလုပ္ငန္းေတြ ေႏွာင့္ေႏွးခဲ့ရပါတယ္၊၊ ဒါေပမယ့္ ေရငုပ္သမားေတြက ေရနက္ထဲအထိ ငုပ္ၿပီး အေလာင္းေတြကို ျပန္လည္ဆယ္ယူႏိုင္ဖို႔ ႀကိဳးစားေနပါတယ္" ဟု ေျပာဆိုခဲ့သည္။

ထို႔ေနာက္ ေက်ာင္းဆရာတစ္ဦးႏွင့္ ေလွေမာင္းသမားတစ္ဦး၏ ႐ုပ္အေလာင္းမ်ားကို ထပ္မံဆယ္ယူႏိုင္ခဲ့ၿပီး ေသဆုံးသူဦးေရမွာ (၅၁)ဦးထိ ျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္း ခါတီရာအယ္မတ္က ထပ္မံေျပာၾကားခဲ့သည္။ မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ ဒါဇင္ႏွင့္ခ်ီေသာ မိဘမ်ားႏွင့္ ေဆြမ်ိဳးမ်ားသည္ ကမ္းစပ္တြင္ စုေဝးေနခဲ့ၾက ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူ မူဟာမတ္အူမာက ေျပာၾကားခဲ့သည္။ 

မူဟာမတ္အူမာ က "အခင္းျဖစ္ပြားရာေနရာကေန အေလာင္းတစ္ေလာင္းကို ဆယ္ယူရတိုင္း သူတို႔သား ဟုတ္/မဟုတ္ဆိုတာကို ၾကည့္ဖို႔အတြက္ ေရငုပ္သမားေတြကိုဆီကို အေျပးဆင္းသြားၾကတာကို ေတြ႕ခဲ့ရပါတယ္၊၊ အႀကိမ္တိုင္း ေအာ္ဟစ္ငိုယိုသံေတြကို ၾကားခဲ့ရပါတယ္၊၊ ကြၽန္ေတာ့္ဘဝမွာ ဒီလိုျမင္ကြင္းမ်ိဳး တစ္ခါမွ မျမင္ဖူးပါဘူး။ ဒီအေျခအေနက စကားလုံးနဲ႔ေတာင္ ေဖာ္ျပလို႔ မရေတာ့တဲ့ အေျခအေနပါ" ဟု ေျပာဆိုခဲ့သည္၊၊ 

Tanda Dam ေရကန္သည္ Khyber Pakhtunkhwa ျပည္နယ္ ကိုဟတ္ၿမိဳ႕ရွိ madrasah ေက်ာင္းႏွင့္ (၅) ကီလိုမီတာ အကြာအေဝးတြင္ တည္ရွိေၾကာင္းလည္း သိရသည္။ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ရပ္ဆိုင္းလိုက္ၿပီး ေနာက္ ဇန္နဝါရီ(၃၁)ရက္တြင္ ေသဆုံးသူဦးေရ အတိအက်ကို ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Fazal Naeem က ထုတ္ျပန္ေပးခဲ့ေၾကာင္းလည္း သိရသည္။ 

Fazal Naeem က "အဲဒီေလွက လူ(၂ဝ) ကေန (၂၅)ေယာက္ေလာက္အထိပဲ စီးလို႔ရတာပါ၊၊ အဲဒါကို ေလွေမာင္း သမားက ဝန္ပိုတင္ထားခဲ့တာပါ" ဟု ေျပာဆိုခဲ့သည္။ လက္ရွိအခ်ိန္အထိ ေက်ာင္းသားေလးဦးႏွင့္ ဆရာတစ္ဦးတို႔ ကို ကယ္ဆယ္ထားႏိုင္ေၾကာင္း Fazal Naeem က ေျပာၾကားခဲ့သည္။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့အပါအဝင် မြို့နယ်အသီးသီး၌ အသံတိတ်သပိတ်နှင့်အပြိုင် တပ်မတော်ထောက်ခံပွဲများပြုလုပ်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved