Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်မြို့အပါအဝင် မြို့နယ်အသီးသီး၌ အသံတိတ်သပိတ်နှင့်အပြိုင် တပ်မတော်ထောက်ခံပွဲများပြုလုပ်

ပုံစာ - ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ နေ့လည် ၁ နာရီဝန်းကျင်ဆူးလေအနီးတစ်ဝိုက် မြင်ကွင်း

NP News - ဖေဖော်ဝါရီ ၁

ရန်ကုန်မြို့အပါအဝင် မြို့နယ်အသီးသီး၌ အသံတိတ်သပိတ်နှင့်အပြိုင် တပ်မတော်ထောက်ခံပွဲများကို ယနေ့(ဖေဖော်ဝါရီလ ၁ ရက်)တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ နံနက် ၁ဝ နာရီမထိုးမီအချိန်အထိ ရန်ကုန်မြို့အပါအဝင် အခြားသောမြို့ကြီးများရှိ လမ်းမများပေါ်တွင် ယာဉ်သွားယာဉ်လာနှင့် လမ်းသွားလမ်းလာများရှိခဲ့သည်ကို တွေ့ရှိရပြီး နံနက် ၁ဝ နာရီနောက်ပိုင်းမှစ၍ လမ်းမပေါ်များပေါ်တွင် ယာဉ်အသွားအလာနှင့်လူအသွားအလာ နည်းပါးခဲ့ကာ တိတ်ဆိတ်ခဲ့သည်ကို တွေ့ရှိရသည်။

ရန်ကုန်မြို့ရှိ ပြည်လမ်း၊ လှည်းတန်း၊ မြေနီကုန်း၊ လသာအပါအဝင် အခြားသောနေရာများတွင် နံနက် ၁၁ နာရီဝန်းကျင်ခန့်၌ လမ်းမများပေါ် တိတ်ဆိတ်ခြောက်သွေ့ခဲ့သည်ကို တွေ့ရှိရပြီး ကုန်စုံဆိုင်နှင့် ဈေးဆိုင်များမှာ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချမှုများရှိခဲ့သည်ကို တွေ့ရသည်။

ရန်ကုန်မြို့အပြင် အခြားသော တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်များတွင်လည်း အသံတိတ်သပိတ်များ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

အဆိုပါ အသံတိတ်သပိတ်နှင့်အပြိုင် ယနေ့ နေ့လည်ပိုင်းတွင်လည်း ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့၌ နစက(၂)နှစ်ပြည့် ဂုဏ်ပြုပွဲနှင့် တပ်မ တော်ထောက်ခံပွဲကို ကျင်းပခဲ့သည်ကိုတွေ့ရှိရသည်။

တပ်မတော်ချစ်မြတ်နိုးသူများနှင့် မျိုးချစ်သမဂ္ဂအဖွဲ့မှ ရဟန်းသံဃာများ ဦးဆောင်ကာ ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံရှေ့မှ မြို့တော်ခန်းမရှေ့သို့ စီတန်းလှည့်လည်ကာ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့သည်ကို တွေ့ရှိရသည်။

ထိုသို့ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(၂)နှစ်ပြည့်ကို ဂုဏ်ပြုပါသည်၊ ဗုဒ္ဓဘာသာရဟန်းတော်များအား ကာကွယ်ကြ၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဒို့အရေး၊ ဒို့အရေး” စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်ခဲ့သည်ကို တွေ့ရသည်။

“နိုင်ငံမှာ ဘာသာရေးခြိမ်းခြောက်မှုတွေ၊ ရဟန်းသံဃာတော်တွေ ဆုံးရှုံးမှုတွေ၊ အပြစ်မဲ့ ပြည်သူတွေ သတ်ဖြတ်ခံရတာတွေ၊ အစိုးရဝန်ထမ်းတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ ရက်ရက်စက်စက်အသတ်ခံနေရတာတွေ ဘယ်ခေတ်၊ ဘယ်ကာလမှာ ကြုံဖူးလဲ။ အခုလုပ်နေတာ ဘယ်အဖွဲ့တွေလဲ” ဟု တပ်မတော်ထောက်ခံပွဲအား ဦးဆောင်သူတစ်ဦးဖြစ်သည့် မိုက်ကယ်ကျော်မြင့် က ပြောဆိုခဲ့သည်။

ယနေ့ (ဖေဖော်ဝါရီလ ၁ ရက်)သည် ပြီးခဲ့သော ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါ ရီလ ၁ ရက်မှစ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သော နစကအစိုးရ၏ (၂)နှစ်ပြည့်မြောက်ခဲ့သော နေ့ရက်လည်း ဖြစ်သည်။


zawgyi version

ရန္ကုန္ၿမိဳ႕အပါအဝင္ ၿမိဳ႕နယ္အသီးသီး၌ အသံတိတ္သပိတ္ႏွင့္အၿပိဳင္ တပ္မေတာ္ေထာက္ခံပြဲမ်ားျပဳလုပ္

NP News - ေဖေဖာ္ဝါရီ ၁

ရန္ကုန္ၿမိဳ႕အပါအဝင္ ၿမိဳ႕နယ္အသီးသီး၌ အသံတိတ္သပိတ္ႏွင့္အၿပိဳင္ တပ္မေတာ္ေထာက္ခံပြဲမ်ားကို ယေန႔(ေဖေဖာ္ဝါရီလ ၁ ရက္)တြင္ ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

ယေန႔ နံနက္ ၁ဝ နာရီမထိုးမီအခ်ိန္အထိ ရန္ကုန္ၿမိဳ႕အပါအဝင္ အျခားေသာၿမိဳ႕ႀကီးမ်ားရွိ လမ္းမမ်ားေပၚတြင္ ယာဥ္သြားယာဥ္လာႏွင့္ လမ္းသြားလမ္းလာမ်ားရွိခဲ့သည္ကို ေတြ႕ရွိရၿပီး နံနက္ ၁ဝ နာရီေနာက္ပိုင္းမွစ၍ လမ္းမေပၚမ်ားေပၚတြင္ ယာဥ္အသြားအလာႏွင့္လူအသြားအလာ နည္းပါးခဲ့ကာ တိတ္ဆိတ္ခဲ့သည္ကို ေတြ႕ရွိရသည္။

ရန္ကုန္ၿမိဳ႕ရွိ ျပည္လမ္း၊ လွည္းတန္း၊ ေျမနီကုန္း၊ လသာအပါအဝင္ အျခားေသာေနရာမ်ားတြင္ နံနက္ ၁၁ နာရီဝန္းက်င္ခန႔္၌ လမ္းမမ်ားေပၚ တိတ္ဆိတ္ေျခာက္ေသြ႕ခဲ့သည္ကို ေတြ႕ရွိရၿပီး ကုန္စုံဆိုင္ႏွင့္ ေဈးဆိုင္မ်ားမွာ ပုံမွန္အတိုင္း ဖြင့္လွစ္ေရာင္းခ်မႈမ်ားရွိခဲ့သည္ကို ေတြ႕ရသည္။

ရန္ကုန္ၿမိဳ႕အျပင္ အျခားေသာ တိုင္းႏွင့္ျပည္နယ္မ်ားရွိ ၿမိဳ႕နယ္မ်ားတြင္လည္း အသံတိတ္သပိတ္မ်ား ျပဳလုပ္ခဲ့ေၾကာင္း ေတြ႕ရွိခဲ့ရသည္။

အဆိုပါ အသံတိတ္သပိတ္ႏွင့္အၿပိဳင္ ယေန႔ ေန႔လည္ပိုင္းတြင္လည္း ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမေရွ႕၌ နစက(၂)ႏွစ္ျပည့္ ဂုဏ္ျပဳပြဲႏွင့္ တပ္မ ေတာ္ေထာက္ခံပြဲကို က်င္းပခဲ့သည္ကိုေတြ႕ရွိရသည္။

တပ္မေတာ္ခ်စ္ျမတ္ႏိုးသူမ်ားႏွင့္ မ်ိဳးခ်စ္သမဂၢအဖြဲ႕မွ ရဟန္းသံဃာမ်ား ဦးေဆာင္ကာ ရန္ကုန္ၿမိဳ႕ရွိ သမၼတ႐ုပ္ရွင္႐ုံေရွ႕မွ ၿမိဳ႕ေတာ္ခန္းမေရွ႕သို႔ စီတန္းလွည့္လည္ကာ ေႂကြးေၾကာ္ဆႏၵထုတ္ေဖာ္ခဲ့သည္ကို ေတြ႕ရွိရသည္။

ထိုသို႔ စီတန္းလွည့္လည္ဆႏၵထုတ္ေဖာ္ရာတြင္ “ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ(၂)ႏွစ္ျပည့္ကို ဂုဏ္ျပဳပါသည္၊ ဗုဒၶဘာသာရဟန္းေတာ္မ်ားအား ကာကြယ္ၾက၊ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာ က်င္းပႏိုင္ေရး ဒို႔အေရး၊ ဒို႔အေရး” စသည့္ ဆိုင္းဘုတ္မ်ားကိုင္ေဆာင္ကာ ေႂကြးေၾကာ္ခဲ့သည္ကို ေတြ႕ရသည္။

“ႏိုင္ငံမွာ ဘာသာေရးၿခိမ္းေျခာက္မႈေတြ၊ ရဟန္းသံဃာေတာ္ေတြ ဆုံးရႈံးမႈေတြ၊ အျပစ္မဲ့ ျပည္သူေတြ သတ္ျဖတ္ခံရတာေတြ၊ အစိုးရဝန္ထမ္းေတြ၊ ႏိုင္ငံ့ဝန္ထမ္းေတြ ရက္ရက္စက္စက္အသတ္ခံေနရတာေတြ ဘယ္ေခတ္၊ ဘယ္ကာလမွာ ႀကဳံဖူးလဲ။ အခုလုပ္ေနတာ ဘယ္အဖြဲ႕ေတြလဲ” ဟု တပ္မေတာ္ေထာက္ခံပြဲအား ဦးေဆာင္သူတစ္ဦးျဖစ္သည့္ မိုက္ကယ္ေက်ာ္ျမင့္ က ေျပာဆိုခဲ့သည္။

ယေန႔ (ေဖေဖာ္ဝါရီလ ၁ ရက္)သည္ ၿပီးခဲ့ေသာ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါ ရီလ ၁ ရက္မွစ၍ ႏိုင္ငံေတာ္အာဏာကို ရယူခဲ့ေသာ နစကအစိုးရ၏ (၂)ႏွစ္ျပည့္ေျမာက္ခဲ့ေသာ ေန႔ရက္လည္း ျဖစ္သည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယနိုင်ငံရှိ တိုက်ခန်းတစ်ခုတွင် ကျင်းပသောမင်္ဂလာဆောင်ပွဲအတွင်း မီးလောင်မှုကြောင့် အနည်းဆုံး လူ(၁၄)ဦး သေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved