အိန္ဒိယနိုင်ငံတွင်ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကို သမ္မတပူတင် လူကိုယ်တိုင်တက်ရောက်မည်မဟုတ်ကြောင်း ရုရှားအစိုးရပြော
Pika (NSS) - ဩဂုတ် ၂၆
ရုရှားသမ္မတပူတင်သည် လာမည့်လတွင် အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအ ဝေးသို့ လူကိုယ်တိုင်တက်ရောက်ရန် အစီအစဉ်မရှိကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့သည်။
ထို့ပြင် G20 ထိပ်သီးအစည်းအဝေးတွင် ရုရှားသမ္မတပူတင်မည်သည့်ပုံစံဖြင့် ပါဝင်မည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ မဆုံးဖြတ်ရသေးကြောင်း ဒီမစ်ထရီပက်စကော့ဗ်ကပြောကြားခဲ့သည်။
G20 ထိပ်သီးအစည်းအဝေးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စက်တင် ဘာလ(၉)ရက်နေ့မှ(၁၀)ရက်နေ့အထိ ကျင်းပရန်စီစဉ်ထားကြောင်းသိရသည်။ အိန္ဒိအစိုးရသည် G20 အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌရာထူးကို ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလတွင် အင်ဒိုနီးရှားအစိုးရထံမှ လွှဲပြောင်းယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရုရှားသမ္မတပူတင်သည် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ချ်မြို့တွင် ကျင်းပသော BRICS ထိပ်သီးအစည်းအဝေးကို လူကိုယ်တိုင်တက်ရောက် ခြင်းမျိုးမရှိဘဲ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပါဝင်ခဲ့ကြောင်းသိရသည်။
နိုင်ငံတကာရာဇဝတ်တရားရုံး ICC သည် ရုရှားသမ္မတပူတင်ကို ကလေးသူငယ်ပြန်ပေးဆွဲမှုဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး တောင်အာဖရိကသို့ ခြေချမည်ဆိုပါက ဖမ်းဆီးသွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါဖမ်းဝရမ်းကြောင့် BRICS ထိပ်သီးအစည်းအဝေးသို့ လူကိုယ်တိုင်မတက်ရောက်ရန် ရုရှားသမ္မတပူတင်ကို တောင်အာဖရိကသမ္မတဆိုင်ရေးရာမာဖိုဆာက တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နိုင်ငံတကာရာဇဝတ်တရားရုံး၏ ဖမ်းဝရမ်းကို ရုရှားအစိုးရက ငြင်းဆန်ပယ်ချခဲ့ပြီး အဆိုပါလုပ်ရပ်မှာ နိုင်ငံရေးအရ အပေးအယူလုပ်ခြင်းသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်သည် ပြီးခဲ့သည့်နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ Bali မြို့တွင် ကျင်းပသော G20 ထိပ်သီးအစည်းအဝေးကို ရုရှား၏ကိုယ်စားလှယ်အဖွဲ့အဖြစ် တက်ရောက်ခဲ့ကြောင်းသိရသည်။ အဆိုပါအစည်းအဝေးမတိုင်မီ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ရုရှားသမ္မတပူတင်နှင့် အခန်းတစ်ခန်းထဲတွင် ရှိမနေလိုသည့် အတွက် အစီအစဉ်အချို့ကို ပြင်ဆင်ခဲ့ကြောင်း အနောက်အုပ်စုမီဒီယာများကဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်၏ ဗုံးကြဲလေယာဉ်များကို ခြေရာခံစောင့်ကြည့်ရန်အတွက် ဂျပန်တိုက်လေယာဉ်များကိုစေလွှတ်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ