Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တပ်မတော်မှ နိုင်ငံတော်အာဏာရယူမှု (၂)နှစ်ပြည့်နေ့၌ အသံတိတ်သပိတ်နှင့်အပြိုင် တပ်မတော် ဂုဏ်ပြုထောက်ခံပွဲများ ပြုလုပ်မည်

မျိုးကြီး (NP News) - ဇန်နဝါရီ ၃ဝ

တပ်မတော်မှ နိုင်ငံတော်အာဏာရယူမှု (၂)နှစ်ပြည့် နေ့၌ အသံတိတ်သပိတ်နှင့်အပြိုင် တပ်မတော်ထောက်ခံပွဲများ ပြုလုပ်ရန်အတွက် စီစဉ်ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။

၂ဝ၂ဝ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အာဏာ ရယူခဲ့သည်မှာ လာမည့် ဖေဖော်ဝါရီလ ၁ ရက် တွင် (၂)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်၌ နစကအစိုးရအုပ်ချုပ်မှု (၂)နှစ်ပြည့် ဂုဏ်ပြုပွဲနှင့် ကာ/လုံ ကြိုဆိုပွဲကို တိုင်းပြည်ချစ်သူများ၊ တပ်မတော်ချစ်သူများနှင့် ရဟန်းရှင်လူပြည်သူများပူးပေါင်းကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကို ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့တွင် ဖေဖော်ဝါရီလ ၁ ရက်၊နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မိုက်ကယ်ကျော်မြင့် ဦးဆောင်ကာ စုဝေးဟောပြောခြင်း၊ စီတန်းလှည့်လည်ချီတက်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အခြားတစ်ဖက်တွင်လည်း လာမည့် ဖေဖော်ဝါရီလ ၁ ရက်၌ နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီအတွင်း အသံတိတ်သပိတ် (Silent Strike) တွင် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြရန်လည်း စည်းရုံးလှုံ့ဆော်မှုများရှိနေကို တွေ့ရသည်။

အဆိုပါနေ့ရက်အချိန်များအတွင်း နေအိမ်အတွင်း၌သာ နေထိုင်ကြရန်နှင့် လမ်းများနှင့်အများပြည်သူနေရာများတွင် လူသူကင်းမဲ့ကာ ခြောက်သွေ့တိတ်ဆိတ်နေစေခြင်းဖြင့် အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ရန် လူမှုကွန်ရက်စာမျက်နှာများ ၌ လှုံဆော်လျက်ရှိသည်ကို တွေ့ရသည်။

အလားတူ ၎င်းအသံတိတ်သပိတ် (Silent Strike) ပြုလုပ်မှုအား တုံ့ပြန်သည့် အနေဖြင့် ပုံမှန်အတိုင်း လှုပ်ရှားသွားလာကြရန်နှင့် လိုအပ်ပါက အမြို့မြို့အနယ်နယ်တိုင်းတွင် တပ်မတော်ထောက်ခံပွဲများကို စုပေါင်းကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း တပ်မတော်ချစ်မြတ်နိုးသူများအဖွဲ့က အသိ ပေးကြေညာထားသည်။

ထို့ကြောင့် လာမည့် ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ရန်ကုန်မြို့အပါအဝင် အခြားသောမြို့နယ်များ၌ အသံတိတ်သပိတ်နှင့် တပ်မတော်ထောက်ခံပွဲများ၏ အားပြိုင်မှုများကို မြင်တွေ့ရဖွယ်ရှိနေသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ခဲ့သော ပဋိပက္ခများကြောင့် လက်ရှိအချိန်အထိ မြန်မာနိုင်ငံသား အရပ်သားဦးရေ (၅ဝဝဝ)ကျော်မှာ အကြမ်း ဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရကာ အသက်စွန့်ပေးဆပ်ခဲ့ရသည့်အပြင် ကျေးရွာအများအပြားမှာလည်း မီးရှို့ဖျက်ဆီးခြင်း ခံထားရသည်။

ထို့ပြင် မြန်မာနိုင်ငံသားများဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ PDF များအပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဝင်များမှာလည်း (၂)နှစ်တာကာလအတွင်း ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်များကြောင့် အများအပြားသေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရေးတို့အတွက် လက်ရှိဖြစ်ပွားနေဆဲ ပဋိပက္ခများကို မည် သို့သောပုံစံဖြင့် အဆုံးသတ်မည်ကို သက်ဆိုင်ရာတာဝန်ရှိသူများအားမေးခွန်းထုတ်မှုများလည်း ရှိနေပြန်သည်။


zawgyi version















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံတော်၏အခြေအနေမှာ သာမန်မဟုတ်သည့်အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဆို

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved