ကမ္ဘာပေါ်ရှိ သမ္မတ၊ ဝန်ကြီးချုပ်များထဲမှာ ဒုတိယအရပ်အမြင့်ဆုံးခေါင်းဆောင်အဖြစ် ထိုင်းဝန်ကြီးချုပ်အသစ် သတ်မှတ်ခံရ
ဂျန်ဇက် (NSS) - သြဂုတ် ၂၆
ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ်ခန့်အပ်ခံရတဲ့ ဆာရက်သာတာဗီဆင်ဟာ ကမ္ဘာပေါ်ရှိ သမ္မတ၊ ဝန်ကြီးချုပ် ခေါင်းဆောင်တွေထဲမှာ ဒုတိယအရပ် အရှည်ဆုံးခေါင်းဆောင်အဖြစ် သတ်မှတ်ခံရကြောင်း သိရပါတယ်။
ဆာရက်သာတာဗီဆင်ဟာ ဝန်ကြီးချုပ်အဖြစ် အစိုးရတာဝန်များကို တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိသေးပေမယ့် လာမယ့်လပိုင်းအတွင်း ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ဦးဆောင်တဲ့အိမ်စောင့်အစိုးအဖွဲ့ထံကနေ တာဝန်များကို လွှဲပြောင်းရယူဖွယ်ရှိနေပါတယ်။ ထိုင်းအိမ်ခြံမြေသူဋ္ဌေးကြီး ဆာရက်သာတာဗီဆင်ဟာ လက်ရှိအချိန်မှာ အရပ်အမြင့် ၆ ပေ ခွဲကျော်ရှိနေပြီး အိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာထက် အရပ်ပိုမြင့်ကြောင်း သိရပါတယ်။
ဆာရက်သာတာဗီဆင်ဟာ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်သမိုင်းမှာ အရပ်အမြင့်ဆုံး ဝန်ကြီးချုပ်အဖြစ် သမိုင်းမှတ်တမ်း ဝင်သွားခဲ့သလို အာဆီယံဒေသအတွင်း နိုင်ငံတွေရဲ့ခေါင်းဆောင်တွေထဲမှာလည်း အရပ်အမြင့်ဆုံးခေါင်းဆောင် အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဆာရက်သာတာဗီဆင်ဟာ စင်ကာပူဝန်ကြီးချုပ်ဟောင်း ဂိုချောက်တောင်ရဲ့ အရပ်ထက်ပိုမြင့်သူဖြစ်ကြောင်း သိရပါတယ်။
ကမ္ဘာပေါ်ရှိ သမ္မတ၊ ဝန်ကြီးချုပ်တွေထဲမှာ အရပ်အမြင့်ဆုံးခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသူကတော့ ဆားဘီးယားသမ္မတ အလက်ဇန်ဒါဗူဆစ်ဖြစ်ပြီး အရပ်အမြင့် ၆ ပေခွဲထက် အနည်းငယ်ကျော်ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်အသစ်ဟာ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်၊ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးတို့ ထက်လည်း အရပ်ပိုရှည်ကြောင်း၊ ၎င်းတို့နှစ်ဦးရဲ့အရပ်အမြင့်ပေဟာ ၆ ပေခွဲအောက် အနည်းငယ် နိမ့်နေကြောင်း သိရပါတယ်။ ကမ္ဘာပေါ်ရှိ ဝန်ကြီးချုပ်၊ သမ္မတွေရဲ့အရပ်မြင့်ဆုံး ၁ဝ ဦး စာရင်းမှာ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား၊ လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်၊ တရုတ်သမ္မတရှီကျင့်ဖျင့် နဲ့ ပြင်သစ် သမ္မတမက်ခရွန်တို့လည်း ပါဝင်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သိရီလင်္ကာတွင် ကျင်းပမည့် အာဆီယံရုပ်ရှင်ပြပွဲ၌ "စောင်နီလေးတစ်ထည်" ရုပ်ရှင်ကား အပါအဝင် ဇာတ်ကား(၃)ခု မြန်မာနိုင်ငံက ပါဝင်ပြသမည်
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ