မြန်မာ- အီဂျစ်နှစ်နိုင်ငံအကြား စီးပွားရေး အပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးဆွေးနွေး
ယွန်း (NSS) - သြဂုတ် ၂၅
မြန်မာနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့အကြား စီးပွားရေး အပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေး နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံရုံး(ရန်ကုန်)မှ Charge d’ Affaires ai ဖြစ်သူ Dr. Ahmed Eltahlawy သည် ပြီးခဲ့သည့် သြဂုတ်လ(၂၄)ရက်က ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များထံ အသင်းချုပ်၌ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဥ် အီဂျစ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့်ကုန်စည်များ ကူးသန်းရောင်းဝယ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
ထို့ပြင် နှစ်နိုင်ငံအကြား ကုန်စည်များ အပြန်အလှန်တင်ပို့နိုင်ရေး အပါအဝင် အသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ စီးပွားရေးဆိုင်ရာဖိုရမ်များ၊ ဆွေးနွေးပွဲများသို့ နှစ်ဖက်ကိုယ်စားလှယ်များ အပြန်အလှန်စေလွှတ်နိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ စီးပွားရေးလုပ်ငန်းများကို အကျိုးရှိစေသည့် သတင်းအချက်အလက်များဖလှယ်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီခရိုင်ပြည်သူ့ဆေးရုံအား PDF အဖွဲ့က Drone ဖြင့် ဗုံး(၂)လုံး ပစ်ချတိုက်ခိုက်
RELATED POSTS
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
12 Sep 2024 | စီးပွားရေး,ပြည်တွင်း