Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်ဒေါ်လာက ယုံကြည်စိတ်ချရမှုမရှိတော့ကြောင်း IMF အမှုဆောင်ဟောင်း ပြော

Pika (NSS) - ဩဂုတ် ၂၂

အမေရိကန်ဒေါ်လာ အခြေပြုထားသော နိုင်ငံတကာငွေကြေးစနစ် ယိုယွင်းပျက်စီးလာမှုများသည် BRICS အဖွဲ့ဝင် နိုင်ငံများကို ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးကို ဖန်တီးစေရန်အတွက် တွန်းအားပေးနေကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏ ဘရာဇီးကိုယ်စားလှယ်ဟောင်း Paulo Nogueira Batista Jr. က ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာသည် ကမ္ဘာလုံးဆိုင်ရာငွေကြေးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေလည်း အဆိုပါငွေကြေးအပေါ် ယုံကြည်မှုများမှာ တဖြည်းဖြည်းကျဆင်းလာခဲ့ကြောင်း Paulo Nogueira Batista Jr. က ပြောကြားခဲ့သည်။ 


အမေရိကန်ဦးဆောင်သော ငွေကြေးအဖွဲ့အစည်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက်များကို ကိုင်တွယ် ဖြေရှင်းခြင်းမျိုးမလုပ်ဆောင်နိုင်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ IMF နှင့် World Bank တို့ကဲ့သို့ အမေရိကန်ဒေါ်လာ အခြေခံအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများနှင့် ထွန်းသစ်စစီးပွားရေးဈေးကွက်များကြားတွင် မကျေနပ်မှုများတိုးပွားလာနေကြောင်း Paulo Nogueira Batista Jr. က ထုတ်ဖော်ပြောခဲ့သည်။

၎င်းက "ကျွန်တော်တို့ဟာ IMF နဲ့ World Bank တို့ရဲ့လုပ်ဆောင်မှုတွေ အောက်မှာရှိနေပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးဟာ အကျပ်အတည်းတွေနဲ့ရင်ဆိုင်နေရမှုနဲ့အတူ အမေရိကန်ဦးဆောင်တဲ့အဖွဲ့အစည်းတွေဟာ ပြောင်းလဲမှုမျိုးတွေ မလုပ်ပေးနိုင်တာကြောင့် ကျွန်တော်တို့ဟာ အခြားရွေးချယ်စရာဖြစ်တဲ့ BRICS အဖွဲ့အစည်းကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ" ဟု ပြောခဲ့သည်။

အမေရိကန်ဒေါ်လာသည် အရေးကြီးသောငွေကြေးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သော်လည်း အမေရိကန်သည် အဆိုပါငွေကြေးကို လက်နက်တစ်ခုသဖွယ်အသုံးပြုနေခြင်းကြောင့် နိုင်ငံအများအပြားသည် အမေရိကန်ဒေါ်လာအပေါ် ယုံကြည်မှုများ တစ်ဖြည်းဖြည်းကျဆင်းလာခြင်းဖြစ်ကြောင်း Paulo Nogueira Batista Jr. က ပြောခဲ့သည်။ ၎င်းက "အမေရိကန်ဟာ ဒေါ်လာရဲ့လွှမ်းမိုးမှုကို လက်နက်တစ်ခုအဖြစ် အသုံးပြုနေတဲ့အချိန် မှာ အခြားနိုင်ငံတွေဟာ ဒေါ်လာကို ဆက်လက်သုံးစွဲခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရ သေးပါဘူး" ဟု ပြောခဲ့သည်။ 

ထို့အပြင် ဝင်ရိုးစုံကမ္ဘာတည်ဆောက်မှုသည် အနောက်အုပ်စုနိုင်ငံများ၏ ငွေကြေးများ၏ အခန်းကဏ္ဍကို  လျော့ကျ သွားစေမည်ဖြစ်ကြောင်း ၎င်းက အခိုင်အမာပြောခဲ့သည်။ BRICS အဖွဲ့သည် ကိုယ်ပိုင်အရန်ငွေကြေးကို ဖန်တီးရာ တွင် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးအားလုံးသည် အက္ခရာ “R” ဖြင့် စထားသောကြောင့် ငွေကြေးအသစ်ကို 'R-5' ဟုခေါ်ဆိုရန် ရုရှားက အဆိုပြုထားပြီးဖြစ်ကြောင်း သိရသည်။ 

၎င်းက “ 'R-5' ငွေကြေးဟာ နောက်ပိုင်းမှာ အခြားအဆင့်တွေအထိ ပြောင်းလဲသွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို စီးပွား/ကူးသန်းဝန်ကြီးအစား ဒုဝန်ကြီးချုပ်ဦးဆောင်ကာ ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ဆောင်နေ

RELATED POSTS
RECENT POSTS
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved