ဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းအပေါ် အားပေးထောက်ခံကြောင်း ကမ္ဘောဒီးယားလွှတ်တော်အတည်ပြု
ဂျန်ဇက် (NSS) - ဩဂုတ် ၂၂
ကမ္ဘောဒီးယားလွှတ်တော်ဟာ သြဂုတ် ၂၂ ရက် နံနက်ပိုင်းက ကျင်းပတဲ့အစည်းအဝေးအတွင်း ဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် ယုံကြည်မှုရှိကြောင်းဆန္ဒမဲပေး အတည်ပြုခဲ့ကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့သားအကြီးဆုံးဖြစ်သလို ကမ္ဘောဒီးယား ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူဖူးတဲ့ ဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းကို ယုံကြည်ထောက်ခံခြင်းရှိမရှိဆိုတဲ့အချက်ကို လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၁၂၅ ဦးအနက် ၁၂၃ ဦးက ထောက်ခံမဲပေးခဲ့ကြောင်း သိရပါတယ်။
ဇူလိုင်၂၃ ရက်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ဟွန်မာနက်ရဲ့ဖခင်ဖြစ်သလို ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် ဦးဆောင်တဲ့ ကမ္ဘောဒီးယားပြည်သူပါတီက လွှတ်တော်နေရာ ၁၂၅ နေရာအနက် လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၁၂ဝ ရရှိခဲ့ကြောင်း သိရပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိ ဟွန်မာနက်ဟာ ဖနွမ်းပင်မြို့ရဲ့အမတ်တစ်ဦးဖြစ်သလို ဖခင်ဖြစ်သူရဲ့ဝန်ကြီးချုပ်နေရာကို ဆက်ခံသွားမှာဖြစ်ပါတယ်။ သြဂုတ်လ အစောပိုင်းတည်းက ကမ္ဘောဒီးယားဘုရင်ဟာ ဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဟွန်မာနက်ကို “Kitti Tesaphibal Bindit” ဘွဲ့ထူးချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက် ဦးဆောင်တဲ့အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့ဆွေမျိုးတွေ အဓိကနေရာတွေမှာ ပါဝင်နေပြီး၊ လူငယ်အများစု ပါဝင်နေကြောင်း သိရပါတယ်။
ဟွန်မာနက်ရဲ့ဖခင်ဖြစ်သူ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားအစိုးရအဖွဲ့မှာ ဝန်ကြီး၊ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးချုပ်ရာထူးများကို နှစ်ပေါင်း ၄ဝ ကျော်ကြာ တာဝန်ယူခဲ့ပြီးနောက် ပြီးခဲ့တဲ့လကုန်ခါနီးမှာ ဝန်ကြီးချုပ်ရာထူးက အနားယူပြီး ၄◌င်း၏ သားဖြစ်သူကို ဝန်ကြီးချုပ်ရာထူး တာဝန်ထမ်းဆောင်စေမှာဖြစ်တယ်လို့ အံ့အားသင့်ဖွယ်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယ်စပ်ဒေသများတွင် ဒေါ်လာစျေးအပါအဝင် တရုတ်ယွမ်ငွေဈေးများ ပြန်ကျလာ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ