နိုင်ဂျာစစ်အစိုးရရဲ့လမ်းပြမြေပုံကို အနောက်အာဖရိကစီးပွားရေးအဖွဲ့ ECOWAS ငြင်းဆန်ပယ်ချ
ဂျန်ဇက် (NSS) - ဩဂုတ် ၂၂
နိုင်ဂျာနိုင်ငံမှာ သုံးနှစ်အတွင်းအရပ်သားအစိုးရ ပြန်လည်အုပ်ချုပ်ရေးစနစ်ကို အသွင်ကူးပြောင်းပေးသွားမယ်ဆိုတဲ့ နိုင်ဂျာစစ်အစိုးရရဲ့လမ်းပြမြေပုံကို အနောက်အာဖရိကစီးပွားရေးအဖွဲ့ “ECOWAS” က ငြင်းဆန်ပယ်ချလိုက် ကြောင်း သိရပါတယ်။
နိုင်ဂျာ ဗိုလ်ချုပ်ကြီး Abdourahamane Tchiani ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က သမ္မတ မိုဟာမက်ဘာဇွန် ဦးဆောင်တဲ့အစိုးရအဖွဲ့ကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့ကြောင်း သိရပါတယ်။ နိုင်ဂျာမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ECOWAS အဖွဲ့ဟာ စစ်ရေးနည်းလမ်းအသုံးပြုသွားမယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိနေခဲ့ကြောင်း သိရပါတယ်။
ECOWAS အဖွဲ့ရဲ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးရာကော်မရှင်နာ Abdel-Fatau Musah က "ဒေသအတွင်းမှာ အရပ်သားအစိုးရအုပ်ချုပ်ရေးစနစ် အသွင်ကူးပြောင်းရေး ကြန့်ကြာမယ့်ကိစ္စကို လက်မခံနိုင်ဘူး။ ကျွန်တော်တို့ဟာ နိုင်ဂျာနိုင်ငံကို အချိန်တိုအတွင်း အရပ်သားအုပ်ချုပ်ရေးစနစ်ကို အမြန်ဆုံးအသွင်ကူးပြောင်းပေးနိုင်အောင် လုပ်ဆောင်ပေးဖို့ အဆင်သင့်ရှိနေတယ်" လို့ ပြောပါတယ်။
နိုင်ဂျီးရီးယားစစ်ခေါင်းဆောင်ဟောင်း Abdulsalami Abubakar ဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ နိုင်ဂျာ စစ်အာဏာသိမ်းခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးပြီးနောက် ECOWAS အဖွဲ့က အခုလိုမျိုးသတင်းထုတ်ပြန်ခဲ့တာပါ။ နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်က အရပ်သားအစိုးရသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေဟာ အချိန် ၃ နှစ်ကြာ နိုင်ကြောင်း၊ လက်ရှိအခက်အခဲပြဿနာတွေကို အဖြေရှာနိုင်ဖို့ ECOWAS အဖွဲ့နဲ့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ကာ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။
ဒါပေမယ့် ECOWAS အဖွဲ့ရဲ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးရာကော်မရှင်နာကတော့ နိုင်ဂျာစစ်ခေါင်းဆောင်ရဲ့ စေ့စပ်ဆွေးနွေးရေးနည်းအစီအစဉ်တွေကို ငြင်းဆန်ပယ်ချထားကြောင်း သိရပါတယ်။ ECOWAS အဖွဲ့ဟာ နိုင်ဂျာကို စစ်တိုက်ဖို့ ရက်သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ မကြာသေးမီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
၎င်းက ECOWAS အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၁နိုင်ငံက နိုင်ဂျာကို စစ်ရေးနည်းလမ်းအသုံးပြုမယ့်အစီအစဉ်ကို ထောက်ခံထားကြောင်း ပြောပါတယ်။ ဘာကီနာဖာဆို၊ မာလီ၊ ချက်ဒ် နဲ့ Guinea နိုင်ငံတို့ကတော့ နိုင်ဂျာစစ်အစိုးရ ကိုဖြုတ်ချဖို့ စစ်ရေးနည်းလမ်းအသုံးပြုခြင်းနဲ့ ပိတ်ဆို့မှုချမှတ်ခြင်းတွေကို ငြင်းဆန်ပယ်ချထားကြောင်း သိရပါတယ်။
နိုင်ဂျာစစ်အစိုးရက ECOWAS အဖွဲ့ဟာ ကိုလိုနီအရှင်သခင်ဟောင်း ပြင်သစ်နိုင်ငံရဲ့ ညွှန်ကြားချက်များအတိုင်း လိုက်လံလုပ်ဆောင်နေကြောင်း စွပ်စွဲထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာကျော်လူမှုကွန်ရက်တွေဖြစ်တဲ့ TikTok နဲ့ Telegram တို့အပြင် အွန်လိုင်းလောင်းကစားဆိုက်ဒ်ဖြစ်တဲ့ 1xBet ကို ပိတ်ပင်လိုက်ကြောင်း ဆိုမာလီအစိုးရ ကြေညာ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ