ပြည်ပြေးအဖြစ်(၁၇)နှစ်ကြာ နေထိုင်ခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မိခင်နိုင်ငံကို ပြန်လာချိန်မှာ မိသားစုဝင်များနဲ့ထောက်ခံသူများလာရောက်ကြိုဆို
ဂျန်ဇက် (NSS) - ဩဂုတ် ၂၂
ပြည်ပြေးအဖြစ် ပြည်ပမှာ(၁၇)နှစ်ကျော်ကြာနေထိုင်ခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ယနေ့ (သြဂုတ်လ ၂၂ ရက်)မှာ မိခင်နိုင်ငံကို ပြန်လာခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
သက်ဆင်ဟာ သြဂုတ်လ ၂၂ ရက်၊ နံနက် ၉နာရီမှာ ကိုယ်ပိုင်လေယာဉ်နဲ့ ဒွန်းမောင်းလေဆိပ်ကို လာရောက်ခဲ့တာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်လောင်း ပီတွန်တန် ရှင်နာဝါထရာ အပါအဝင် သားသမီး သုံးဦး၊ နိုင်ငံရေးပါတီများ နဲ့ ရှပ်နီအုပ်စုများက လေဆိပ်မှာလာရောက်ကြိုဆိုခဲ့ကြောင်းသိရပါတယ်။ သက်ဆင်ဟာ သူ့ကိုအားပေးထောက်ခံသူများ၊ ဆွေးမျိုးများနဲ့ မတွေ့ဆုံခင် လေဆိပ်အတွင်းရှိ ထိုင်းဘုရင်နဲ့ မိဖုရား ရုပ်ပုံတွေကို လေးစားကြောင်းပြသဖို့ ကန့်တော့တာမျိုးတွေလည်းလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ သက်ဆင်ဟာ ၎င်းအပေါ် စွဲဆိုထားတဲ့အမှုတွေကို ကြားနားဖို့အတွက် တရားရုံးချုပ်ရဲ့ နိုင်ငံရေးသမားတွေထားရှိတဲ့ အကျဉ်းထောင်ကိုမသွားရောက်ခင် မိသားစုဝင်များ၊ ဆွေမျိုးများနဲ့ ၁၀ မိနစ်ကျော်ကြာတွေ့ဆုံခဲ့ကြောင်းသိရပါတယ်။
မိသားစုဝင်များနဲ့တွေ့ဆုံပြီးနောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဘန်ကောက်မြို့ရှိ အကျဉ်း ထောင်ကို ခေါ်ဆောင်သွားခံရဖွယ်ရှိနေကြောင်းသိရပါတယ်။
အသက် ၇၄ နှစ်အရွယ်ရှိ သက်ဆင်ဟာ သားသမီးမြေးတွေနဲ့အတူ နေထိုင်လိုတဲ့အတွက် ထိုင်းနိုင်ငံကို ပြန်လာခဲ့တာဖြစ်ကြောင်းသိရပါတယ်။ သက်ဆင်ဟာ၂၀၀၆ ခုနှစ် စက်တက်ဘာလ ၁၉ ရက်မှာ စစ်အာဏာအသိမ်းခံရပြီး အကျင့်ပျက်လာဘ်စားမှုတွေနဲ့ စွဲချက်တင်ခံရကာ ထောင်ဒဏ်မကျလိုတဲ့အတွက် ၂၀၀၈ ခုနှစ်မှာ ပြည်ပကို ထွက်ပြေးခဲ့ကြောင်းသိရပါတယ်။ ထိုင်းတရားရုံးချုပ်က သက်ဆင်အပေါ် စွဲဆိုထားတဲ့ အကျင့်ပျက်လာဘ်စားမှု(၄)မှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကနေဒါအနောက်ဖျား တောမီးလောင်မှုကြောင့် လူပေါင်း ၃၅,၀၀၀ ကို ဘေးလွတ်ရာ ရွှေပြောင်းပေး၍ အရေးပေါ်အခြေအနေ ကြေညာရသည်အထိ ဖြစ်နေ
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ