Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကနေဒါအနောက်ဖျား တောမီးလောင်မှုကြောင့် လူပေါင်း ၃၅,၀၀၀ ကို ဘေးလွတ်ရာ ရွှေပြောင်းပေး၍ အရေးပေါ်အခြေအနေ ကြေညာရသည်အထိ ဖြစ်နေ

Htay Oung (NSS) - ဩဂုတ် ၂၂

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးရဲ့ ပျံ့နှံ့မှုဟာ လျင်မြန်လာတာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့များစေလွှတ်ဖို့ အမိန့်ပေးထားတယ်လို့ ၀န်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက တနင်္ဂနွေနေ့ (ဩဂုတ်လ ၂ဝ ရက်)မှာ ပြောဆိုကြောင်း၊ နိုင်ငံအနောက်ဖက် အစွန်ဆုံးပြည်နယ် တောမီးလောင်ကျွမ်းမှုဟာ လူပေါင်း ၃၅,၀၀၀ ကို ဘေးလွတ်ရာ ရွှေပြောင်းပေးရတဲ့အထိ ဖြစ်လာတယ်လို့ Reuters က ယမန့်(ဩဂုတ်လ ၂၁ ရက်)မှာ ရေးသားပါတယ်။


အဲဒီ ပြည်နယ်မှာ အရေးပေါ်အခြေအနေကြေညာထားရပြီး ကယ်ဆယ်ရေးနဲ့ မီးသတ်သမားများ လုပ်သာကိုင်သာရှိစေဖို့အတွက် နယ်မြေအတွင်း မဖြစ်မနေကိစ္စမှလွဲပြီး ခရီးသွားလာခွင့်ကို ပိတ်ပင်လိုက်ကြောင်း၊ ဒရုန်းမောင်းနှင်သူများနဲ့ မီးလောင်ကျွမ်းမှု ဓါတ်ပုံရိုက်ကူးနေတဲ့ အခြားသူများအနေနဲ့လည်း ကယ်ဆယ်ရေးသမားများနဲ့ ခပ်ဝေးဝေးနေကြရန် တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ လေးရက်အတွင်း ပြင်းထန်တဲ့ မီးလောင်ကျွမ်းမှုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် မျှော်လင့်ချက် အချို့ကို မြင်တွေ့လာရကြောင်း၊ မီးသတ်သမားပေါင်း ၁ သိန်းခွဲကို စေလွှတ်ငြိမ်းသတ်စေခဲ့ပြီး အခြေအနေတိုး တက်ကောင်း မွန်လာခဲ့ကြောင်း၊ နောက်ဆုတ်မပေးရတော့ပဲ ရှေ့တိုးငြှိမ်းသတ်ရအောင်ဖြစ်လာတယ်လို့ တွေ့မြင်လာရကြောင်း၊ ပြည်နယ်မြို့တော် ၀က်စ်ကလိုနာမှ မီးသတ်ဦးစီးဌာနမှူးက ပြောပါတယ်။ ဒါပေမယ့် မီးငြိမ်းသတ်ရာမှာ အခက်အခဲများ ရှိနေနိုင်တယ်လို့လည်း သတိပေးပါတယ်။

(မြန်မာနိုင်ငံရဲ့ ၁၅ ဆ အရွယ်အစားရှိပြီး) ပစိဖိတ်နဲ့ အတ္တလန်တိတ်သမုဒ္ဒကြီး နှစ်ခုအကြား ကနေဒါနိုင်ငံမှာ တောမီးလောင်တယ်ဆိုတာ အဆန်းတကြယ် ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တောမီး ပျံ့နှံ့မှုနဲ့ အနှောက်အယှက်များက တောမီးရာသီ ပြင်းထန်မှုကို ပေါ်လွင်လာစေပြီး ကမ္ဘာကြီးပူနွေးမှုကြောင့် ရာသီဥတုပြောင်းလဲလာခြင်းအပေါ် ကျွမ်းကျင်သူအချို့က ထောက်ပြဝေဖန်နေကြပါတယ်။

(ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု များပြားတဲ့အတွက် ကမ္ဘာကြီး ပူနွေးလာပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာရပါတယ်။ ဒီကြားထဲ ရာသီဥတု ပူပြင်းလွန်းတဲ့အတွက် ယမန်နှစ်များတုန်းက အမေဇုံသစ်တော အကြီးအကျယ်တောမီးလောင်ကျွမ်းမှုက ကမ္ဘာ့လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့များကို ထုတ်လွှတ်ပေးသလို ရှိခဲ့ပါတယ်။ သာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်သည်။)

ပြင်းထန်တဲ့ မိုးခေါင်မှုများကြောင့် ပိုမိုဆိုးရွားလာတဲ့ အခြားတောမီးလောင်ကျွမ်းမှုများဟာ အမေရိကန် ပစိဖိတ်အနောက်မြောက်ပိုင်း နယ်စပ်ဒေသ ကနေဒါနိုင်ငံအတွင်းနဲ့ ပိုမိုနီးကပ်စွာ လောင်ကျွမ်းနေကြောင်း တွေ့ရှိရပါတယ်။

အမေရိကန်နိုင်ငံအနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ် တောမီးလောင်ကျွမ်းမှု နှစ်ခုဟာ တောင်ဘက် ကပ်ရပ်လျက် အော်ရီဂွန်ပြည်နယ်ကို ကူးစက်သွားပြီး သစ်တောမြေ ဧကပေါင်း နှစ်သောင်းကျော်ကို ဝါးမြို သွားတဲ့အတွက် နေအိမ်အဆောက်အအုံပေါင်း ၁၀၀ ကျော်ကို ပျက်စီးစေခဲ့ပါတယ်။

ကနေဒါနိုင်ငံ အရေးပေါ်အခြေအနေ နယ်မြေအတွင်းနေထိုင်သူ ဒေသခံများအားလုံး အသက်ဘေးလွတ်ရာ ချက်ချင်းထွက်ခွာရန်နဲ့  မီးသတ်သမားများက ကယ်တင်ရန် ကြိုးစားရင်း သေဆုံးမှုဖြစ်လာနိုင်တဲ့အရေးကို ကာကွယ်ရှောင်ရှားကြရန် အစိုးရ တာ၀န်ရှိသူများက တိုက်တွန်းနေပါတယ်။

တောမီးလောင်ကျွမ်းမှု ငြှိမ်းသတ်စဉ် မြေအောက် ပေအနည်းငယ်အနက်မှာ မြှုပ်နှံထားတဲ့ မီးသတ်ပိုက်ကို အသုံးပြုတယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ဒေသတွင်း အရင်းအမြစ်များ ဆုံးရှုံးခဲ့ရပြီး ဖက်ဒရယ်အစိုးရရဲ့ အကူအညီအပြင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ပံ့ပိုးကူညီမှုများလည်း ရရှိခဲ့ကြောင်း မီးသတ်သမား လေးဦးထက်မနည်း တာဝန်ကျတဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။

ကနေဒါ နိုင်ငံတဝှမ်း အကြမ်းအားဖြင့် (မြန်မာနိုင်ငံ ရှမ်းပြည်နယ် တစ်ခုလုံးနီးပါးရှိမယ့်) ဧရိယာ ၅၄,၀၅၄ စတု ရန်မိုင်ခန့်ဟာ မီးလောင်ကျွမ်းနေပြီး အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းအထိ မီးခိုးများနဲ့ အံု့ဆိုင်းနေပါတယ်။ ကျယ်ပြန့်တဲ့ မိုးခေါင်မှုတို့လို အခြေအနေများကြောင့် မီးဘေးကျရောက်နိုင်တဲ့ရာသီဟာ ဆောင်းဦး ပေါက်တဲ့အထိ ရောက်ရှိနိုင်တယ်လို့ အစိုးရတာဝန်ရှိသူများက စီမံချက်ချမှတ်ထားပါတယ်။ ကနေဒါအစိုးရ အတွက် မီးသတ်သမားများနဲ့ မီးငြိမ်းသတ်ရတဲ့အလုပ်ဟာ တောမီးဖက်မှာပဲ အာရုံစိုက်နေခဲ့ရတာ ၂၀၀၉ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

နိုင်ငံအနောက်မြောက်မြို့တော် “ ရဲလိုးနိုက်ဖ်“ မြောက်ဖက် မိုင် ၁၂၀၀ ခန့်အကွာမှာ လောင်ကျွမ်းနေတဲ့ တောမီးကို မထိန်းနိုင်တဲ့အတွက် ယခုသီတင်းပတ်အတွင်း ဒေသခံ လူ ၂၀,၀၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရဖူးပါတယ်။ ယခု စနေ-တနင်္ဂနွေအထိ မီးထိန်းနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ တာ၀န်ရှိသူ တွေက ခန့်မှန်းထားကြပါတယ်။ တစ်ခါတစ်ရံ မိုးရွာသွန်းမှုနဲ့ ရာသီဥတု အေးမြလွန်းနေတာက မီးငြိမ်းသတ်နေသူအတွက် အဟန့်အတားဖြစ်နေတယ်လို့ ပြောပါတယ်။ 

ဗြိတိသျှကိုလံဘီယာပြည်နယ် တောမီးလောင်ကျွမ်းတဲ့နေရာဟာ ကနေဒါရဲ့ အလုပ်အများဆုံး ဗန်ကူးဗား ဆိပ်ကမ်းမြိုံ အရှေ့မြောက် ချေ့စ်မြို့အနီး အဝေးပြေးလမ်းမကြီးရဲ့ မိုင် ၂၅၀ ခန့်အကွာထိ ရောက်ရှိနေပါတယ်။ နိုင်ငံအတွင်း အရှေ့အနောက် ဖြတ်သန်းနေတဲ့ အဲ့ဒီအဝေးပြေးလမ်းမကြီးကို ထောင်ပေါင်းများစွာသော မော်တော်ယာဉ်များနဲ့ ကုန်တင်ထရပ်ကားသမားများတို့က အသက်သွေးကြောပမာ အသုံးပြုနေရပါတယ်။ ချေ့စ် မြို့၀န်းကျင် အဝေးပြေးလမ်းမကြီးတစ်လျောက်လုံး ၂ ရက်ကျော်လောက်ကြာအောင် ဘာမှ မမြင်ရ့ပဲ မီးခိုးတွေနဲ့ ဖုံးလွှမ်းနေတယ်လို့ လမ်းအသုံးပြုသူများက ပြောပါတယ်။

(Reuters., 21 August 2023,” Canada to deploy armed forces in British Columbia to tackle fast-spreading fires” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ-ရုရှားတပ်မတော်နှစ်ရပ်၏ ဆက်ဆံရေးကို မည်သူမျှ ကြားဝင်ဖျက်ဆီး၍ မရနိုင်ဟု ကာကွယ်ရေးဝန်ကြီးပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved