မြန်မာ-ရုရှားတပ်မတော်နှစ်ရပ်၏ ဆက်ဆံရေးကို မည်သူမျှ ကြားဝင်ဖျက်ဆီး၍ မရနိုင်ဟု ကာကွယ်ရေးဝန်ကြီးပြော
မြူနစ်(NSS) - သြဂုတ် ၂၂
မြန်မာ-ရုရှားတပ်မတော်နှစ်ရပ်၏ ဆက်ဆံရေးကို မည်သူမျှ ကြားဝင်ဖျက်ဆီး၍ မရနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောသည်။
ဗိုလ်ချုပ်ကြီးတင်အောင်စန်းက နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ်(2023)နှင့် (၁၁)ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံကျင်းပခဲ့သည့် ရုရှားနိုင်ငံခရီးစဉ်အတွင်း အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ရုရှားတပ်မတော် ပင်မဘုရားကျောင်းကြီးနယ်မြေ၌ မြန်မာတို့၏ ဒုတိယကမ္ဘာ့စစ်အတွင်း ဖက်ဆစ်ဝါဒီများကို တွန်းလှန်တို က်ခိုက်အောင်မြင်ခဲ့မှု အထိမ်းအမှတ်အနေဖြင့် ထုလုပ်ပုံဖော်ထားသည့် ရုပ်တုဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၄ ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီး Army General Sergey Shoigu နှင့်အတူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက တက်ရောက်ဖွင့်လှစ်ခဲ့သည်။
၎င်းရုပ်တုဖွင့်ပွဲသည် နှစ်နိုင်ငံတပ်မတော်များအကြား ကာကွယ်ရေးနှင့်ယဉ်ကျေးမှု ကူးလူးဆက်နွယ်မှု၊ သမိုင်းကြောင်းအရ ဆက်နွယ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖော်ညွှန်းလျက်ရှိသည်ဟု ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောသည်။
ထို့ပြင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးအခြေအနေများသည် မည်သူမျှကြားဝင် ဖျက်ဆီး ၍ မရနိုင်သကဲ့သို့ နှစ်နိုင်ငံ၏ မဟာဗျူဟာမိတ်ဖက်အနေဖြင့် ဆက်လက်တည်တံ့ခိုင်မြဲနေမည်ဟု ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီးက ထပ်မံပြောကြားခဲ့သည်။
ဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ ရုရှားခရီးစဉ်အတွင်း၌ ၎င်းအနေဖြင့် ရုရှားကာကွယ်ရေး ဒုဝန်ကြီး Colonel General Alexander Fomin နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
ထိုသို့တွေ့ဆုံရာတွင်လည်း စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာတော်သင် သင်တန်းသားစေလွှတ်မှုဆိုင်ရာကိစ္စရပ်များကိုလည်း နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ၎င်း၏ရုရှားခရီးစဉ်အတွင်း စစ်လက်နက်ပစ္စည်းဆိုင်ရာကုမ္ပဏီများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော ၂၀၂၁ ခုနှစ်တွင် တပ်မတော်သည် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက် မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေးသည် ပိုမိုကောင်းမွန်လာခဲ့ပြီး နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်အောင် အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုများဖြစ်ဖို့ ဆက်လက်ကြိုးပမ်းမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြော
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ