NCA အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ရှေ့မတိုးနိုင်ဖြစ်နေသော်လည်း ယနေ့အထိ NCA ၏ အနှစ်သာရကို စွဲကိုင်ထားဆဲဟု RCSS ပြော
မျိုးကြီး (NSS) - သြဂုတ် ၂၁
NCA အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ရှေ့မတိုးနိုင်ဖြစ်နေသော်လည်း ယနေ့အထိ NCA ၏ အနှစ်သာရကို စွဲကိုင်ထားဆဲဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ပြော သည်။
ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် RCSS က ယနေ့(သြဂုတ်လ ၂၁ ရက်)တွင် ၎င်းတို့၏ (၆)လပတ်အစည်းအဝေးထုတ်ပြန်ကြေညာချက်တွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နှစ်ပေါင်းများစွာ ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စစ်ရေးပြဿနာများ ဖြေရှင်းရာတွင် အဖက်ဖက်အနေဖြင့် ယုံကြည်မှုတည်ဆောက်ကာ တွေ့ဆုံဆွေးနွေးခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု RCSS ဘက်က မှတ်ချက်ပြုထားသည်။
ထို့ပြင် NCA သည် တွေ့ဆုံဆွေးနွေးခြင်း လမ်းကြောင်းမှတစ်ဆင့် တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်ဖြစ်သော်လည်း အလျှော့အတင်းမလုပ်နိုင်သဖြင့် NCA အကောင်အထည်ဖော်ဆောင်ခြင်းလုပ်ငန်းများ ရှေ့မတိုးနိုင်ဖြစ်ခဲ့ရသည်ဟုလည်း RCSS က ပြောသည်။
သို့သော် RCSS အနေဖြင့် ယနေ့ကာလအထိ NCA ၏ အနှစ်သာရကို စွဲကိုင်ထားဆဲဖြစ်သည်ဟု အသိပေးကြေညာထားသည်။
ထို့ကြောင့် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရမည်ဖြစ်သည့်အတွက် အဖက်ဖက်အနေဖြင့် တွေ့ဆုံဆွေးနွေးကြပါရန် RCSS က ထည့်သွင်းတိုက်တွန်းထားသည်။
NCA လက်မှတ်ရေးထိုးထားသည့် RCSS လက်နက်ကိုင်အဖွဲ့သည် လက်ရှိတွင် နစကအစိုးရနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့က အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးထားသည်။
NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိသည့်အနက် (၇)ဖွဲ့သည် နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးလျက်ရှိပြီး KNU၊ CNF နှင့် ABSDF တို့ (၃)ဖွဲ့သည် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်(၁ဝ)ရက်အတွင်း ဧရာဝတီမြစ်ရေ နှင့် ချင်းတွင်းမြစ်ရေတို့သည် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ဟု မိုးဇလဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ