Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Breaking News: ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးလာသည့်ကားတစ်စီး ၄ဝ(မမ)လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရ

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၅

ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးလာသည့် ကားတစ်စီး ၄ဝ(မမ)လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ (၈)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) ၊ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ KP စက်သုံးဆီဆိုင်ရှေ့တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ရဲ့ မြောက်ဘက် မီတာ(၅ဝဝ)အကွာ KP ဆီဆိုင်ရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ရန်ကုန်ကနေ ကျိုက်ထီးရိုးဘုရားကို ဘုရားဖူးဖို့လာတဲ့ Light truck အမျိုးအစား အဖြူရောင်ယာဉ်ရဲ့ ခေါင်မိုးနောက် ပိုင်းပေါ်ကို လက်နက်ကြီးကျည် ၄ဝ(မမ)ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။ (၉) ယောက်လောက် ဒဏ်ရာရတယ်။ အဲဒီအထဲမှာ အမျိုးသားတစ်ဦးက စိုးရိမ်ရတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် ၎င်းဖြစ်စဉ်အတွင်း ဒဏ်ရာရရှိခဲ့သူများကို ကျိုက်ထိုမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ၄ဝ(မမ)လက်နက်ကြီးကျည်သည် ဘုရားဖူးကား၏ နောက်ခန်းအမိုးပေါ်သို့ ရုတ်တရက် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ကားအမိုးမှာ ပေါက်ထွက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ထိုသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ကျန်ရှိသော ဒဏ်ရာရရှိသူများကို ဆေးရုံ၌ စိုးရိမ်ရသည့်အတွင်းလူနာများအဖြစ် ကုသပေးလျက်ရှိကြောင်း ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောဆိုထားသည်။

“ကျိုက်ထီးရိုးတောင်ခြေရင်း မုပ္ပလင်ရွာနားက ကားလမ်မတစ်နေရာရောက်ချိန်မှာတော့ ဘယ်နေရာကလာမှန်းမသိရတဲ့ လက်နက်ကြီးကျည်ဆံတစ်လုံး ရုတ်တရက်ကျရောက်ပေါက်ကွဲသွားတယ်။ ဟိုင်းလတ်ကား နောက်ခန်းမှာထိုင်နေတဲ့ ဘုရားဖူးခရီးသည်တွေရဲ့ အလယ်တည့်တည့်ကို ကျရောက်ပေါက်ကွဲသွားတယ်။ အမျိုးသမီးငါးဦးနဲ့ အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာများစွာ ရရှိသွားလို့ မြို့နယ်ဆေးရုံကို ရောက် လာတယ်။ စိတ်မကောင်းစွာနဲ့ပဲ အမျိုးသားတစ်ဦးကတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်” ဟု အထက်ပါဆရာဝန်က ပြောဆိုထားသည်။

အဆိုပါဘုရားဖူးခရီးသည်များသည် အညာဒေသဘက်မှဖြစ်ကြောင်းသိရပြီး ရန်ကုန်မြို့မှတစ်ဆင့် ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးလာခြင်းဖြစ်ကြောင်း သိရသည်။ “(၇)ဦးကတော့ မြို့နယ်ဆေးရုံမှာ စိုးရိမ်ရအတွင်းလူနာအဖြစ်နဲ့ ဆေးကုသမှုခံယူနေရပါတယ်။ ဒီလိုအဖြစ်ဆိုးတွေ အမြန်ဆုံး ပျောက်ကွယ်သွားပါစေ။ မြန်မာပြည် အမြန်ဆုံးအေးချမ်းမှုရပါစေ” ဟု ကျိုက်ထိုမြို့နယ်ဆေးရုံမှ ဆရာဝန်တစ်ဦးက အသိ ပေးပြောဆိုထားသည်။ ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်ကလည်း ကျိုက်ထီးရိုးဘုရား ကင်ပွန်းစခန်းတောင်တက်ကားဂိတ်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဘုရားဖူးပြည်သူအများအပြား သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။


zawgyi version

Breaking News: က်ိဳက္ထီး႐ိုးဘုရားသို႔ ဘုရားဖူးလာသည့္ကားတစ္စီး ၄ဝ(မမ)လက္နက္ႀကီးက်ည္ ထိမွန္ေပါက္ကြဲမႈေၾကာင့္ တစ္ဦးေသဆုံးကာ (၈)ဦးဒဏ္ရာရ

မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၅

က်ိဳက္ထီး႐ိုးဘုရားသို႔ ဘုရားဖူးလာသည့္ ကားတစ္စီး ၄ဝ(မမ)လက္နက္ႀကီးက်ည္ ထိမွန္ေပါက္ကြဲမႈေၾကာင့္ တစ္ဦးေသဆုံးကာ (၈)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီလ ၂၅ ရက္) ၊ ေန႔လည္ ၁၂ နာရီအခ်ိန္ခန႔္တြင္ မြန္ျပည္ နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ မုပၸလင္ေက်း႐ြာ၊ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းမေပၚရွိ KP စက္သုံးဆီဆိုင္ေရွ႕တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မုပၸလင္လမ္းဆုံ စစ္ေဆးေရးဂိတ္ရဲ႕ ေျမာက္ဘက္ မီတာ(၅ဝဝ)အကြာ KP ဆီဆိုင္ေရွ႕ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းေပၚမွာ ရန္ကုန္ကေန က်ိဳက္ထီး႐ိုးဘုရားကို ဘုရားဖူးဖို႔လာတဲ့ Light truck အမ်ိဳးအစား အျဖဴေရာင္ယာဥ္ရဲ႕ ေခါင္မိုးေနာက္ ပိုင္းေပၚကို လက္နက္ႀကီးက်ည္ ၄ဝ(မမ)ဗုံးတစ္လုံး က်ေရာက္ေပါက္ကြဲခဲ့တာပါ။ (၉) ေယာက္ေလာက္ ဒဏ္ရာရတယ္။ အဲဒီအထဲမွာ အမ်ိဳးသားတစ္ဦးက စိုးရိမ္ရတယ္” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ ၎ျဖစ္စဥ္အတြင္း ဒဏ္ရာရရွိခဲ့သူမ်ားကို က်ိဳက္ထိုၿမိဳ႕နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေပးလ်က္ရွိေၾကာင္း သိရသည္။ အဆိုပါ ၄ဝ(မမ)လက္နက္ႀကီးက်ည္သည္ ဘုရားဖူးကား၏ ေနာက္ခန္းအမိုးေပၚသို႔ ႐ုတ္တရက္ က်ေရာက္ေပါက္ကြဲခဲ့ျခင္းျဖစ္ကာ ကားအမိုးမွာ ေပါက္ထြက္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။ ထိုသို႔ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသားတစ္ဦးေသဆုံးခဲ့ၿပီး က်န္ရွိေသာ ဒဏ္ရာရရွိသူမ်ားကို ေဆး႐ုံ၌ စိုးရိမ္ရသည့္အတြင္းလူနာမ်ားအျဖစ္ ကုသေပးလ်က္ရွိေၾကာင္း က်ိဳက္ထိုၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံမွ ဆရာဝန္တစ္ဦးက ေျပာဆိုထားသည္။

“က်ိဳက္ထီး႐ိုးေတာင္ေျခရင္း မုပၸလင္႐ြာနားက ကားလမ္မတစ္ေနရာေရာက္ခ်ိန္မွာေတာ့ ဘယ္ေနရာကလာမွန္းမသိရတဲ့ လက္နက္ႀကီးက်ည္ဆံတစ္လုံး ႐ုတ္တရက္က်ေရာက္ေပါက္ကြဲသြားတယ္။ ဟိုင္းလတ္ကား ေနာက္ခန္းမွာထိုင္ေနတဲ့ ဘုရားဖူးခရီးသည္ေတြရဲ႕ အလယ္တည့္တည့္ကို က်ေရာက္ေပါက္ကြဲသြားတယ္။ အမ်ိဳးသမီးငါးဦးနဲ႔ အမ်ိဳးသားသုံးဦး ထိခိုက္ဒဏ္ရာမ်ားစြာ ရရွိသြားလို႔ ၿမိဳ႕နယ္ေဆး႐ုံကို ေရာက္ လာတယ္။ စိတ္မေကာင္းစြာနဲ႔ပဲ အမ်ိဳးသားတစ္ဦးကေတာ့ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့တယ္” ဟု အထက္ပါဆရာဝန္က ေျပာဆိုထားသည္။ အဆိုပါဘုရားဖူးခရီးသည္မ်ားသည္ အညာေဒသဘက္မွျဖစ္ေၾကာင္းသိရၿပီး ရန္ကုန္ၿမိဳ႕မွတစ္ဆင့္ က်ိဳက္ထီး႐ိုးဘုရားသို႔ ဘုရားဖူးလာျခင္းျဖစ္ေၾကာင္း သိရသည္။ “(၇)ဦးကေတာ့ ၿမိဳ႕နယ္ေဆး႐ုံမွာ စိုးရိမ္ရအတြင္းလူနာအျဖစ္နဲ႔ ေဆးကုသမႈခံယူေနရပါတယ္။ ဒီလိုအျဖစ္ဆိုးေတြ အျမန္ဆုံး ေပ်ာက္ကြယ္သြားပါေစ။ ျမန္မာျပည္ အျမန္ဆုံးေအးခ်မ္းမႈရပါေစ” ဟု က်ိဳက္ထိုၿမိဳ႕နယ္ေဆး႐ုံမွ ဆရာဝန္တစ္ဦးက အသိ ေပးေျပာဆိုထားသည္။

ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္၊ ေအာက္တိုဘာလ ၁၂ ရက္ကလည္း က်ိဳက္ထီး႐ိုးဘုရား ကင္ပြန္းစခန္းေတာင္တက္ကားဂိတ္၌ ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ ဘုရားဖူးျပည္သူအမ်ားအျပား ေသဆုံးမႈႏွင့္ထိခိုက္ဒဏ္ရာရရွိမႈျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Leopard 2 အမျိုးအစားတင့်ကားများ ပေးပို့ခွင့်ပေးဖို့ ဂျာမနီအဓိပတိ ဆုံးဖြတ်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved