Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Leopard 2 အမျိုးအစားတင့်ကားများ ပေးပို့ခွင့်ပေးဖို့ ဂျာမနီအဓိပတိ ဆုံးဖြတ်

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅

ဂျာမနီအစိုးရဟာ Leopard 2 အမျိုးအစား တင့်ကားများကို ယူကရိန်းနိုင်ငံထံ ပေးပို့ကူညီသွားဖို့ သဘာတူညီခဲ့ကြောင်းသိရပါတယ်။

ဂျာမနီအဓိပတိ အိုလက်ဖ် ရှိုးလ်ဟာ ယူကရိန်းထံ Leopard 2 အမျိုးအစားတင့်ကားများပေးပို့ရေးနဲ့ ပိုလန်နိုင်ငံလိုမျိုး နေတိုးအုပ်စုဝင် အခြားနိုင်ငံများကိုလည်း ယူကရိန်းထံ Leopard 2 အမျိုးအစားတင့်ကားများပေးပို့ဖို့ ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ Leopard 2 အမျိုးအစားတင့်ကားများပေးပို့ခွင့်ပေးဖို့ ဂျာမနီအစိုးရအပေါ် အနောက် အုပ်စုနိုင်ငံများရဲ့ ဖိအားပေးမှုများရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဂျာမနီအဓိပတိက တင့်ကားတွေကိုပေးပို့ကူညီခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ယူကရိန်းအစိုး ရထံ Leopard 2 အမျိုးအစားတင့်ကားများပေးပို့ဖို့ အစောပိုင်းက အငြင်းပွားမှုများရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ သဘောတူညီထားတယ်လို့သတင်းတွေကဆိုပါတယ်။ ဂျာမနီအစိုးရဟာ အဆိုပါတင့်ကားတွေကို ယူကရိန်းထံပေးပို့ရေးနဲ့ပတ်သက်ပြီးအစောပိုင်းက ခွင့်ပြုချက်ပေးဖို့ ငြင်းဆန်ခဲ့သော်လည်း အမေရိကန်နိုင်ငံက ၎င်းတို့နိုင်ငံထုတ် M1 Abrams တင့်ကားများ ကို ယူကရိန်းထံပေးပို့ဖို့ ခွင့်ပြုမယ်ဆိုရင် ဂျာမနီ အစိုးရကလည်း Leopard 2 အမျိုးအစားတင့်ကားပေးပို့မယ်လို့ ဆိုခဲ့ဖူးပါတယ်။

အဆိုပါတင့်ကားများပေးပို့ရေးနဲ့ပတ်သက်ပြီး ဂျာမနိနိုင်ငံရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းမှာ ဂျာမနီကာကွယ်ရေးဝန်ကြီးအပါအဝင် နေတိုးအုပ်စုဝင်နိုင်ငံ (၁၁)နိုင်ငံက စစ်ဘက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် သဘောတူညီမှုမရခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဂျာမနီအစိုးရဟာ Leopard 2 အမျိုးအစားတင့်ကားများပေးပို့ဖို့ခွင့်ပြုခဲ့တယ်လို့ ရိုက်တာသတင်းဌာနကဆိုပါတယ်။ ယူကရိန်းဟာ ဂျာမနီနိုင်ငံထုတ် Leopard 2 အမျိုးအစားတင့်ကားများ နဲ့ အမေရိကန်နိုင်ငံထုတ် M1 Abrams တင့်ကားများ ကူညီပေးဖို့ တောင်းဆိုမှုရှိခဲ့ပြီးနောက် နေတိုးအုပ်စုဝင်နိုင်ငံများက ၎င်းတို့မှာရှိနေတဲ့ ဂျာမနီထုတ်တင့်ကားများကို ပေးပို့ဖို့စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။


zawgyi version






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းတပ်ဖွဲ့တွေ တောင်းဆိုထားတဲ့ M1 Abrams တင့်ကားအစီးရေ ၃၁ စီး ကူညီပံ့ပိုးပေးသွားမယ်လို့ အမေရိကန်အစိုးရ ပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved