ဝန်ကြီးချုပ်ဟောင်းအင်မရန်ခန်း ပါတီ(PTI) ၏ ဒုဥက္ကဋ္ဌကို ပါကစ္စတန်ရဲတပ်ဖွဲ့ ဖမ်းဆီး
Pika (NSS) - သြဂုတ် ၂ဝ
ဖမ်းဆီးခံထားရသော ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း ပါတီ (PTI) ၏ ဒုဥက္ကဋ္ဌ Shah Mehmood Qureshi ကို ပါကစ္စတန်ရဲတပ်ဖွဲ့က ဩဂုတ်လ(၁၉)ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
အဆိုပါဖမ်းဆီးမှုသည် ယခင်အာဏာရပါတီဟောင်းကို ဖြိုခွင်းရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။
ပြီးခဲ့သည့်လများအတွင်း ပါကစ္စတန်အာဏာပိုင်များသည် အင်မရခန်း၏ပါတီ(PTI)ကို ပစ်မှတ်ထားသည့် ဖမ်းဆီးမှု များကို လုပ်ဆောင်ခဲ့ပြီး ပါတီထောက်ခံသူများနှင့်အကြီးတန်းခေါင်းဆောင်များကို ဖမ်းဆီးခြင်းဖြင့် အင်မရန်ခန်း၏ ပါတီကို ပြိုကွဲအောင် လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ နိုင်ငံခြားရေးဝန်ကြီးဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ဖူးသော Shah Mehmood Qureshi သည် ရွေးကောက်ပွဲနှောင့်နှေးမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များကို ပြစ်တင် ရှုတ်ချသည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် Islamabad မြို့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
PTI ပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "Shah Mehmood Qureshiဟာ Islamabad မြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။ နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး" ဟု ပြောခဲ့သည်။
အင်မရန်ခန်းသည် ၂ဝ၂၂ ခုနှစ် ဧပြီလတွင် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရပြီးတည်းက အမှုပေါင်း(၂ဝဝ)ကျော်ကို ရင်ဆိုင်ခဲ့ရပြီး အကျင့်ပျက်ခြစားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ယခုလအစောပိုင်းတွင် ထောင်ဒဏ်ချမှတ်ခံခဲ့ ရသည်။ ပါကစ္စတန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရက်ပေါင်း(၉ဝ)အတွင်း ရွေးကောက်ပွဲကျင်းပရန် စီစဉ် ထားသော်လည်း လုံခြုံရေး၊ စီးပွားရေး နှင့် နိုင်ငံရေးအကျပ်အတည်းများ ရင်ဆိုင်နေရမှုနှင့်အတူ တည်ငြိမ်မှုများ ရှိစေရန်အတွက် အစိုးရနှင့်စစ်တပ်တို့က လုပ်ဆောင်နေခြင်းကြောင့် ရွေးကောက်ပွဲကျင်းပရန် လပေါင်းများစွာ နှောင့်နှေးနိုင်ဖွယ်ရှိနေကြောင်း ထင်ကြေးပေးမှုများလည်းရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေအိမ်ဈေးဆိုင်အတွင်းရှိ လင်မယား(၂)ဦးအား ဒလန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ပြီး သေနတ်ဖြင့် ပစ်သတ်မှု မင်းလှမြို့တွင် ဖြစ်ပွား
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ