ဟိုတယ်နှင့် ခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ရန် စီစဥ်နေ
ယွန်း (NSS) - သြဂုတ် ၁၉
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ရန် စီစဥ်နေကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သြဂုတ်လ(၁၈)ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၌ တရုတ်နိုင်ငံ Chery Holding Group Co., Ltd Deputy CEO Rich Resource International Investment Co., Ltd Chairman & CEO Mr. Xu Hui ဦးဆောင်သည့် အဖွဲ့နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဥ် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာစေရေးအတွက် ဗီဇာဖြေလျှော့ပေးရေးကို ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။
အလားတူ ငွေကြေးသုံးစွဲမှု လွယ်ကူချောမွေ့စေရးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံခရီးသွားကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည် စုစုပေါင်း ၃၆၇,၃၆၈ ဦး ဝင်ရောက်ခဲ့ပြီး တရုတ်ခရီးသွားသည် ၄၈,၃၄၂ ဦးပါဝင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်းအချက်အလက် များအရသိရသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်ရန် ကြိုးပမ်းလျက်ရှိပြီး ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်ရည်ရွယ်၍ ဝန်ကြီးဌာနအနေဖြင့် အခြေခံတရုတ်စကားပြောသင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်ပွဲများကြောင့် မြဝတီ- မဲဆောက်နယ်စပ်ကုန်သွယ်မှုတန်ဖိုး (၃၀)ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ရဟု ထိုင်းကုန်သည်ကြီးများအသင်းပြော
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ