ထိုင်ဝမ် ဒုတိယသမ္မတရဲ့လုပ်ရပ်တွေကို သတိပေးမှုအဖြစ် ထိုင်ဝမ်ကျွန်းနားမှာ တရုတ်စစ်ဘက်က စစ်ရေးလေ့ကျင့်ခန်းများ အရှိန်မြှင့်လုပ်ဆောင်နေ
ဂျန်ဇက် (NSS) - ဩဂုတ် ၁၉
တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ လေကြောင်းလေ့ကျင့်မှုများအပြင် ပင်လယ်ပြင်ကို ကင်းလှည့်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာနေကြောင်းသိရပါတယ်။
ခွဲထွက်ရေးသမားအုပ်စုတွေက ပြည်ပနိုင်ငံများနဲ့ ပူးပေါင်းပြီး နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ကြိုးပမ်းမှုတွေကို သတိပေးမှုအဖြစ် အခုလိုမျိုး ထိုင်ဝမ်ကျွန်းနားမှာစစ်ရေးလေ့ကျင့်ခန်းများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း တရုတ်စစ်တပ်ကပြောပါတယ်။ ထိုင်ဝမ် ဒုတိယသမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တောင်အမေရိကတိုက်ကိုသွားရောက်ချိန်အတွင်း လမ်းမှာခရီးတစ်ထောက်နားရာ အမေရိကန်နိုင်ငံကိုဝင်ရောက်ခဲ့ခြင်းအပေါ် တရုတ်အစိုးရက စိတ်ဆိုးဒေါသဖြစ်နေခဲ့ကြောင်းသိရပါတယ်။
တရုတ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှီယိက "ထိုင်ဝမ်ကျွန်းနား ရေကြောင်းကင်းလှည့်မှုတွေနဲ့ လေကြောင်း စစ်ရေးလေ့ကျင့်ခန်းတွေဟာ ပင်လယ်ပြင်နဲ့ လေကြောင်းကို ထိန်းချုပ်နိုင်ဖို့ စွမ်းဆောင်ရည်တွေ ပိုမိုကောင်းမွန်အောင် ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်။ ဒီစစ်ရေးလေ့ကျင့်ခန်းဟာတရုတ်စစ်တပ်အတွက် တိုက်ပွဲအစစ်အမှန်ကို တိုက်ခိုက်ရချိန်မှာ စွမ်းဆောင်ရည်ပိုင်းဘယ်လိုမျိုးရှိသလဲဆိုတာကို စမ်းသပ်တဲ့ လေ့ကျင့်ခန်းပါ။ ဒါ့ပြင်ပင်လယ်ပြင်မှာ ကင်းလှည့်ခြင်းနဲ့ လေကြောင်းစစ်ရေးလေ့ ကျင့်ခန်းအစီအစဉ်ဟာ ထိုင်ဝမ်ရဲ့ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ ပြည်ပနိုင်ငံများနဲ့ အကူအညီနဲ့ တရုတ်လက်အောက်က ခွဲထွက်ဖို့ကြိုးပမ်းနေတာတွေကို သတိပေးတာမျိုးလည်းဖြစ်ပါတယ်"လို့ပြောပါတယ်။
တရုတ်အစိုးရက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်ပြီး ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းဖို့ လိုအပ်မယ်ဆိုရင်အင်အားသုံးသွားမှာဖြစ်ကြောင်းပြောဆိုထားဖူးပါတယ်။ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်နိုင်ငံကြား တင်းမာမှုတွေလည်း မြင့်တက်လျက်ရှိနေကြောင်းသိရပါတယ်။ တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လီရှန်ဖူက ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး မီးနဲ့ကစားတာမျိုး မလုပ်ဖို့ သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သာသနာတော် ထိခိုက်ညှိုးနွမ်းစေသည့် ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးခဲ့သော ဆွစ်ဇာလန်နိုင်ငံသားနှင့်ပါဝင်ခဲ့သူ (၁၃)ဦးကို ဖမ်းဆီးအရေးယူ
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ