အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုက လစ်ဗျားခေါင်းဆောင် ကဒါဖီကို သတ်ဖြတ်လုပ်ကြံလိုက်ခြင်းနဲ့အတူ ကြီးမားတဲ့အမှားတွေလုပ်ဆောင်ခဲ့ဟု အီတလီအစိုးရဝေဖန်
ဂျန်ဇက် (NSS) - သြဂုတ် ၁၇
အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုက ၂ဝ၁၁ ခုနှစ်မှာ လစ်ဗျားနိုင်ငံကို ကျူးကျော်တိုက်ခိုက်ပြီး လစ်ဗျားခေါင်းဆောင် မူမာ ကဒါဖီကို သတ်ဖြတ်လုပ်ကြံလိုက်ခြင်းဟာ ကြီးမားတဲ့အမှားကို ကျူးလွန်လိုက်ခြင်းမျိုးဖြစ်ခဲ့ကြောင်း၊ အီတလီနိုင်ငံခြားရေးဝန်ကြီး က ဝေဖန်ပြစ်တင်လိုက်ပါတယ်။
လစ်ဗျားခေါင်းဆောင်ကို နေတိုးအုပ်စုက သတ်ဖြတ်လုပ်ကြံခဲ့ခြင်းဟာ လစ်ဗျားနိုင်ငံမှာ ပဋိပက္ခဖြစ်ပွားမှုတွေနဲ့ ဝရုန်းသုန်းကားဖြစ်မှုတွေ နှစ်ပေါင်းများစွာကြာဖြစ်လာစေခဲ့ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani က ပြောပါတယ်။
၎င်းက "နေတိုးအုပ်စုဟာ ကဒါဖီကို သတ်ဖြတ်ဖို့ ခွင့်ပြုလိုက်ခြင်းဟာ ဆိုးရွားလွန်းတဲ့အမှားကိုလုပ်ဆောင်လိုက်တာပါ။ ကဒါဖီဟာ ဒီမိုကရေစီချန်ပီယံတစ်ဦးတော့ မဟုတ်ဘူး။ ဒါပေမယ့် ကဒါဖီ သတ်ဖြတ်ခံလိုက်ရခြင်းကြောင့် လစ်ဗျားနဲ့ အာဖရိကတိုက်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ပိုမိုဖြစ်လာခဲ့တယ်" လို့ ပြောပါတယ်။
နေတိုးအုပ်စုဟာ ကဒါဖီကို ဖြုတ်ချဖို့ ရည်ရွယ်ချက် နဲ့ ၂ဝ၁၁ ခုနှစ်မှာ လစ်ဗျားနိုင်ငံကို ဗုံးကြဲတိုက်ခိုက်တာတွေ စတင်လုပ်ဆောင်ခဲ့ပြီးနောက် ကဒါဖီဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်။
အမေရိကန် နဲ့ မဟာမိတ်အုပ်စုတွေက အရပ်သားတွေကိုတိုက်ခိုက်နေတဲ့ လစ်ဗျားအစိုးရကို အဆုံးသတ်ဖို့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးမှုအဖြစ် လစ်ဗျားကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြောဆိုခဲ့ပေမယ့် အရပ်သားတွေအပေါ် ခြိမ်းခြောက်ခံရမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ကြောင်းသိရပါတယ်။
အနောက်အုပ်စုနိုင်ငံတွေဟာ ကဒါဖီဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ဆက်နွယ်လှုပ်ရှားနေခြင်းကို မသိကျိူးကျွံပြုနေခဲ့ကြောင်း ဗြိတိန်အောက်လွှတ်တော်ရဲ့စုံစမ်းစစ်ဆေးမှုစစ်တမ်းမှာ ဖော်ပြထားပါတယ်။
ကဒါဖီ အသတ်ခံလိုက်ရပြီးနောက် လစ်ဗျားနိုင်ငံဟာ အစိုးရအမျိုးမျိုး ပေါ်ထွက်လာခဲ့ပြီး နိုင်ငံ အပိုင်းပိုင်းဖြစ်ခဲ့ရပြီး လက်နက်ကိုင်အဖွဲ့တွေ၊ ကြားတိုက်ခိုက်မှုတွေ ပိုမိုဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ကဒါဖီ အသတ်ခံရပြီးနောက်လစ်ဗျားမှာ အစိုးရအမျိုးမျိုးရဲ့လက်နက်ကိုင်အဖွဲ့များအပြင် အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေဖြစ်တဲ့ ISIS အဖွဲ့ ၊ အယ်ကိုင်ဒါးအဖွဲ့တွေလည်း ပိုမိုအားကောင်းလာခဲ့ပြီး ခြေကုတ်ယူကာ အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာ (၁ဝဝ)ကျော်အတွက် လျှောက်လွှာများ ခေါ်ယူ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ