အငြင်းပွားနယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန် ပူးပေါင်းလုပ်ဆောင်မည်ဟု တရုတ်နှင့် အိန္ဒိယ သဘောတူ
Pika (NSS) - ဩဂုတ် ၁၆
တရုတ် နှင့် အိန္ဒိယအစိုးရတို့သည် အငြင်းပွားမှုများဖြစ်ပွားနေသော Jammu နှင့် Kashmir ဒေသရှိ Ladakh ဧရိယာ တစ်လျှောက်တွင် နှစ်နိုင်ငံကြားငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ ဩဂုတ်လ (၁၃)ရက် နှင့် (၁၄)ရက်တို့တွင် Ladakhဒေသ နယ်စပ်မျဉ်း (LAC)တစ်လျှောက်ရှိ Chusul-Moldo နယ်စပ်အစည်း အဝေးမှတ်တိုင်တွင် ကျင်းပသော (၁၉)ကြိမ်မြောက် တရုတ်-အိန္ဒိယတပ်မှူးအဆင့် ဆွေးနွေးပွဲအတွင်း အဆိုပါ သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
တရုတ် နှင့် အိန္ဒိယတို့၏ ထုတ်ပြန်ချက်တွင် "နယ်စပ်အစည်းအဝေးပွဲအတွင်းမှာ နယ်စပ်ဒေသတည်ငြိမ် ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ နှစ်ဖက်လုံးက သဘောတူခဲ့ပါတယ်။ နှစ်ဖက်လုံးဟာ အငြင်းပွားနေတဲ့ နယ်စပ်ကိစ္စနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာတဲ့ပုံစံနဲ့ အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ ကျန်ရှိနေတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ သဘောတူညီခဲ့သလို စစ်ရေးနဲ့ သံတမန်ရေးအရ ဆွေးနွေးမှုတွေလည်း လုပ်ဆောင်ဖို့ နှစ်ဖက်လုံးက သဘောတူညီခဲ့ပါတယ်" ဟု ထုတ်ပြန်ထားသည်။
တရုတ် နှင့် အိန္ဒိယတို့သည် ၂ဝ၂ဝ ပြည့်နှစ် မေလကတည်းက LAC တစ်လျှောက်တွင် ထိပ်တိုက်တွေ့ဆုံမှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂ဝ၂ဝ ပြည့်နှစ် ဇွန်လက ဖြစ်ပွားခဲ့သော နယ်စပ်တိုက်ပွဲတွင် အိန္ဒိယစစ်သား (၂ဝ) ဦး နှင့် တရုတ်စစ်သား အနည်းဆုံး(၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ တရုတ် နှင့် အိန္ဒိယတို့သည် ယခုနှစ် ဧပြီလ (၂၃) ရက်တွင် (၁၈)ကြိမ်မြောက် နယ်စပ်အစည်းအဝေးကို ကျင်းပခဲ့ကြကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တံကောက်ကြော ဒဏ်ရာရရှိပြီးနောက် လအနည်းငယ် အနားယူရဖွယ်ရှိနေသည့် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ