Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီကွေဒေါနိုင်ငံတွင် နိုင်ငံရေးသမားတစ်ဦး ထပ်မံလုပ်ကြံသတ်ဖြတ်ခံရ

Pika (NSS) - ဩဂုတ် ၁၆

အီကွေဒေါနိုင်ငံရှိ နိုင်ငံရေး ပါတီခေါင်းဆောင်တစ်ဦးဖြစ်သော Pedro Briones သည် ဩဂုတ်လ(၁၄)ရက်က  Esmeraldas ပြည်နယ်ရှိ ၎င်း၏နေအိမ်တွင် သေနတ်သမားများ၏ ပစ်ခတ်လုပ်ကြံခြင်းကို ခံခဲ့ရကြောင်း သိရ သည်။


အဆိုပါလုပ်ကြံမှုသည် အီကွေဒေါနိုင်ငံတွင် နိုင်ငံရေးအရ လှုံ့ဆော်သည့် လုပ်ကြံသတ်ဖြတ်မှုများတွင် နောက်ဆုံး ဖြစ်ပွားသည့် အကြိမ်ဖြစ်ကြောင်းလည်း သိရသည်။ ဩဂုတ်လ(၉)ရက်က  Quito မြို့တွင် သမ္မတလောင်း Fernando Villavicencio လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ငါးရက်အကြာတွင် ယခုကဲ့သို့ လုပ်ကြံမှုထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Citizen Revolution ပါတီအဖွဲ့ဝင်လူးဝစ်ဂွန်ဆာလက်က "အီကွေဒေါနိုင်ငံဟာ သွေးထွက်သံယိုဖြစ်မှုတွေ အများဆုံးခေတ်ကို ရောက်ရှိနေပါပြီ။ Pedro Briones ဟာ အကြမ်းဖက်အဖွဲ့တွေရဲ့လုပ်ကြံမှုကို ခံခဲ့ရပါတယ်" ဟု ပြောခဲ့သည်။ Pedro Briones လုပ်ကြံခံရပြီးနောက် သမ္မတလောင်းဖြစ်သူ လူးဝစ်ဂွန်ဆာလက် သည် လုံခြုံရေးများ ကို တိုးမြှင့်ခဲ့သော်လည်း ကျည်ကာအင်္ကျီကိုဝတ်ဆင်ရန် ငြင်းဆန်ခဲ့ကြောင်းသိရသည်။

၎င်းက "ကျွန်မ ဘုရားသခင်ကို ယုံကြည်ပါတယ်။ ဘုရားသခင်က ကျွန်မတို့ကို အမြဲကြည့်ရှုစောင့်ရှောက်ပါတယ်" ဟု ပြောခဲ့သည်။ Citizen Revolution ပါတီကို တည်ထောင်သူ အီကွေဒေါသမ္မတဟောင်း Rafael Correa က "လုပ်ကြံသတ်ဖြတ်သူတွေဟာ ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို Esmeraldas ပြည်နယ်မှာ သတ်ပစ်ခဲ့ပါ တယ်။ ဒါက ရပ်တန့်သင့်ပါပြီ" ဟု ပြောခဲ့သည်။ 


အာဏာပိုင်များသည် Pedro Briones အသတ်ခံရမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပြောကြားခြင်းမျိုးမရှိသော်လည်း သေနတ်သမားများသည် လုပ်ကြံသတ်ဖြတ်ပြီးနောက် မော်တော် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားသည်ဆိုသည့်အချက်ကိုသာ ပြောကြားခဲ့ကြောင်း သိရသည်။ ကိုလံဘီယာနိုင်ငံနှင့် အီကွေဒေါနယ်စပ်တွင် တည်ရှိသော  Esmeralas ပြည်နယ်သည် အမေရိကန် နှင့် ဥရောပသို့ မူးယစ်ဆေးဝါးများ အထူးသဖြင့် ကိုကင်း အများအပြားတင်ပို့နေသည့် နေရာတစ်ခုဖြစ်ပြီး အကြမ်းဖက်မှုများကြောင့် အဆိုးရွားဆုံး ထိခိုက်မှုများရှိသည့်ဒေသတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြဝတီနယ်စပ်မှ တင်ပို့တင်သွင်းမည့် ကုန်ပစ္စည်းများအတွက် ပြောင်းလဲခွင့်ပြုသွားမည့်ကိစ္စရပ်တွင် CMP လုပ်ငန်းများအားလုံး အကျုံးဝင်ကြောင်း အသိ‌ပေး

RELATED POSTS
RECENT POSTS
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved