Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သံမဏိစက်ရုံ(ပင်းပက်)မှ အလုပ်ရုံခွဲ(၃)ရုံကို ရုရှားနိုင်ငံမှပညာရှင်များနှင့် ပူးပေါင်း၍ ပြုပြင်မှုများဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများ လုပ်ဆောင်မည်ဟုဆို

ယွန်း (NP News) - ဇန်နဝါရီ ၂၄

အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)မှ အလုပ်ရုံခွဲ(၃)ရုံကို ရုရှားနိုင်ငံမှ ပညာရှင်များနှင့်ပူးပေါင်း၍ စစ်ဆေးပြုပြင်စမ်းသပ်လည်ပတ်ခြင်းများ ဆက်လက်‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှဆိုသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြီးခဲ့သည့် ရက်ပိုင်း၌ အဆိုပါသံမဏိစက်ရုံသို့ သွားရောက်ကြည့်ရှုစဉ် အထက်ပါကဲ့သို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။ ပင်းပက်သံမဏိစက်ရုံ၏ အဓိကထုတ်ကုန်ဖြစ်သည့် သံစိမ်းထုတ်လုပ်ရန်အတွက် သဘာဝကုန်ကြမ်းများဖြင့် သံရည်ကျိုမည့် သံရည်ကျိုအလုပ်ရုံ အပါအဝင် အလုပ်ရုံခွဲ(၁၉)ရုံအား ဝန်မပါစမ်းသပ်လည်ပတ်နိုင်ခဲ့ကြောင်း ၎င်းမှ ဆိုသည်။

အဆိုပါ အလုပ်ရုံများသည် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ရုရှားပညာရှင်များ ၏ အကူအညီဖြင့် ကွန်ပျူတာထိန်းချုပ်စနစ် မပါဝင်ဘဲ (၇၂)နာရီကြာအောင် စမ်း သပ်လည်ပတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကျန်ရှိသည့် အလုပ်ရုံခွဲ(၃)ရုံအား ရုရှားနိုင်ငံမှပညာရှင်များ အပါအဝင် မြန်မာပညာရှင်များနှင့် စက်ရုံဝန်ထမ်းများက ပူးပေါင်း၍ စစ်ဆေးပြုပြင်စမ်းသပ် လည်ပတ်ခြင်းများဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများကို တစ်ပြိုင်နက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ အသိပေးပြောဆိုထားသည်။

အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးစတင် အကောင်အထည်ဖော်ခဲ့သော သံနှင့်သံမဏိစီမံကိန်းဖြစ်ပြီး ရုရှားနိုင်ငံနှင့် မြန်မာစီးပွား‌ရေးကော်ပိုရေးရှင်းတို့မှပူးပေါင်းပြီး ၂ဝဝ၆ ခုနှစ် စက်တင်ဘာလတွင် စတင်အကောင်အထည်ဖော်ခဲ့သော စီမံကိန်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစီမံကိန်းမှာ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်ပြီး စက်ရုံစတင်လည်ပတ်နိုင်ချိန်တွင် တစ်နှစ်လျှင်သံစိမ်း တန်ချိန်(၂ဝဝဝဝဝ) ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သံနှင့် သံမဏိစက်ရုံအား (၂ဝ၂၃-၂ဝ၂၄) ဘဏ္ဍာရေးနှစ်တွင် စတင်လည် ပတ်ထုတ်လုပ်နိုင်ရန်ရည်မှန်းထားကြောင်း သိရသည်။


zawgyi version








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မေးမြန်ရန်ရှိသည်ဟုဆိုကာ မူလတန်းပြဆရာမတစ်ဦးအား နေအိမ်မှခေါ်ဆောင်ပြီး သေနတ်ဖြင့် ပစ်သတ်မှု မြိုင်မြို့တွင်ဖြစ်ပွား

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved