ECOWAS နှင့် ထိပ်တိုက်တွေ့ဆုံမှုများကို ရှောင်ရှားရန်အတွက် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် အဆင်သင့်ရှိနေကြောင်း နိုင်ဂျာစစ်အစိုးရပြော
Pika (NSS) - ဩဂုတ် ၁၄
အာဏာသိမ်းမှုကြောင့် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအုပ်စု (ECOWAS) နှင့် ထိပ်တိုက်တွေ့ဆုံမှုများကို သံတမန်နည်းလမ်းအရဖြေရှင်းရန် နိုင်ဂျာစစ်အစိုးရက အဆင်သင့်ဖြစ် နေကြောင်း စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးနေသော ဘာသာရေးအဖွဲ့အကြီးအကဲက ပြောကြားခဲ့သည်။
ECOWAS သည် နိုင်ဂျာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်စတင်ရန် နှင့် ဖြုတ်ချခံခဲ့ရသော သမ္မတမိုဟာမက်ဘာဇွန်ကို ပြန်လွှတ်ပေးရန်အတွက် တပ်ဖွဲ့ဝင်များ ဖြန့်ကြတ်ချထားရန် အတည်ပြုခဲ့သော်လည်း အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး သံတမန်နည်းလမ်းအရဖြေရှင်းမှုများကိုလည်း ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးနေသော ဘာသာရေးအဖွဲ့ အကြီးအကဲ Sheikh Bala Lau က "ဒီကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းဖို့အတွက် သံတမန်နည်းလမ်းအရ လုပ်ဆောင်ဖို့ လမ်းဖွင့်ထားပါတယ်’’ဟု အာဏာသိမ်းစစ်ခေါင်းဆောင် Abdourahamane Tiani ကပြောကြားခဲ့သည်။
ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင် Abdourahamane Tiani က ECOWAS သည် ၎င်းတို့ဘက်မှ ပြဿနာများကို ကြည့်ခြင်းမျိုးမရှိဘဲ သမ္မတ မိုဟာမက်ဘာဇွန်ကိုပြန်လွှတ်ပေးရန် အမိန့်တစ်ခုထုတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရသည်ဟု ပြောဆိုခဲ့ကြောင်း စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးနေသော ဘာသာရေးအဖွဲ့အကြီးအကဲ Sheikh Bala Lau ကပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားခေါင်းဆောင်ဟောင်း Abdulsalami Abubakar ဦးဆောင်သော ECOWAS အဖွဲ့၏ တောင်းဆိုချက်များကို မလိုက်နာနိုင်သည့်အတွက် တောင်းပန်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် Abdourahamane Tiani ကပြောကြားခဲ့သည်။
အာဏာသိမ်းမှုအတွင်းဖြုတ်ချခံခဲ့ရသော အသက်(၆၃)နှစ်အရွယ်ရှိ မိုဟာမက်ဘာဇွန်နှင့် ၎င်း၏မိသားစုကို အာဏာသိမ်းစစ်ခေါင်းဆောင်က သမ္မတ၏တရားဝင်နေအိမ်တွင် ထိန်းသိမ်းထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Xian မြို့တွင် ရွှံ့မြေပြိုကျမှုကြောင့် သေဆုံးသူဦးရေ(၂၁)ဦးထိမြင့်တက်လာ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း