Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သေဒဏ်အပြစ်ပေးမှုကို ဖျက်သိမ်းလိုက်ကြောင်း ဂါနာအစိုးရ ကြေညာ

Pika (NSS) - သြဂုတ် ၁၃ 

 အတည်ပြုခဲ့သော  သေဒဏ်အားလုံးကို တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲစေမည့် ဥပဒေမူကြမ်းနှစ်ရပ်ကို ဂါနာသမ္မတ Nana Addo Dankwa Akufo-Addo က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဂါနာနိုင်ငံသည် သေဒဏ်များ အားလုံးကို ဖျက်သိမ်းလိုက်သည့် နောက်ဆုံးအာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ကြောင်း သိရသည်။ 

အဆိုပါဥပဒေကြောင့် ဂါနာနိုင်ငံတွင် လွတ်လပ်ပွင့်လင်းပြီး သာယာဝပြောသောလူ့အဖွဲ့အစည်းတစ်ခုကို တည်ထောင်နိုင်မည်ဖြစ်ကြောင်း ဂါနာအမျိုးသားဒီမိုကရက်တစ်ကွန်ဂရက်ပါတီ (NDC) ပါတီအဖွဲ့ဝင် Francis-Xavier Sosu က ပြောကြားခဲ့သည်။

၎င်းက "ဒီသေဒဏ်ရှိနေသရွေ့ အကျဉ်းသားတွေဟာ ဒီနေ့က ကမ္ဘာကြီးပေါ်မှာ နေထိုင်တဲ့ သူတို့ရဲ့ နောက်ဆုံးနေ့ဖြစ်နိုင်တယ်လို့ တွေးပြီး လန့်နိုးလာကြတာပါ။ သူတို့ဟာ အသက်ရှင်လျက် သေဆုံးနေသူတွေနဲ့ တူပါတယ်။ စိတ်ပိုင်းဆိုင်ရာတွေမှာလည်း ထိခိုက်မှုတွေရှိခဲ့ပါတယ်" ဟု ပြောခဲ့သည်။


ယခင်က ဂါနာနိုင်ငံတွင် လူသတ်မှုကျူးလွန်သူများကို ကွပ်မျက်ခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဂါနာနိုင်ငံမှာ သေဒဏ်ကျခံနေရသည့် အမျိုးသား(၁၇ဝ)ဦး နှင့် အမျိုးသမီး(၆) ဦး ရှိကြောင်း သိရသည်။ သို့သော်လည်း လက်ရှိထုတ်ပြန်ထားသော ဥပဒေမူကြမ်းအရ ၎င်းတို့၏ သေဒဏ်များကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဥပဒေမူကြမ်းကို ဂါနာပါလီမန်က ဇူလိုင်လ(၂၅)ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ(၂) ရက်တွင် ဂါနာသမ္မတရုံးက အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများ က ဖော်ပြခဲ့သည်။ ထို့အပြင် သေဒဏ်ပေးမှုကို ဖျက်သိမ်းလိုက်သော နောက်ဆုံးအာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်အတွက် အဆိုပါဥပဒေမူကြမ်းကို ဂါနာပြည်သူအများအပြားက ထောက်ခံခဲ့ကြကြောင်း စစ်တမ်းများအရ သိရသည်။

Francis-Xavier Sosu က "သေဒဏ်ကို ဖျက်သိမ်းလိုက်တာက ကျွန်တော်တို့ဟာ ယုတ်ညံ့ပြီး လူမဆန်တဲ့လုပ်ရပ်တွေ၊ ခေတ်နောက်ပြန်ဆွဲနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုမဟုတ်ဖူးဆိုတာကို ပြသနေပါတယ်" ဟု ပြောခဲ့သည်။ လက်ရှိအချိန်တွင် ဂါနာနိုင်ငံသည် သေဒဏ်ပေးမှုကို ဖျက်သိမ်းလိုက်သော အာဖရိကနိုင်ငံများထဲတွင် (၂၉) နိုင်ငံ မြောက်ဖြစ်လာခဲ့ပြီး ကမ္ဘာပေါ်တွင် (၁၂၄)နိုင်ငံမြောက် ဖြစ်လာခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လပိုင်းအတွင်း အမေရိကန်ဒေါ်လာ(၈)သိန်းနီးပါးကို ပြည်တွင်းဘဏ်များက အသေးသုံးအဖြစ် ငွေသားနှင့်ရောင်းချပေးခဲ့

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved