ဖလမ်းမြို့ရှိ နစက၏ နယ်မြေခံတပ်ဌာနချုပ်ကို ချင်းလက်နက်ကိုင်အဖွဲ့ CNF နှင့် PDF တို့ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်
NSS - သြဂုတ် ၁၃
ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ နစက၏ နယ်မြေခံတပ်ဌာနချုပ်ကို ချင်းလက်နက်ကိုင်အဖွဲ့ CNF နှင့် PDF တို့ပူးပေါင်းကာ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ချင်းအမျိုးသားတပ်ဦး(CNF)နှင့် PDF တို့သည် ယမန်နေ့ (သြဂုတ် ၁၂ ရက်) နံနက် ၂ နာရီခွဲအချိန်တွင် ဖလမ်းမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ကို လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုကာ တိုက်ခိုက်ခဲ့သည်ဟု နစကမှ သတင်း ထုတ်ပြန်ထားသည်။
ဖလမ်းမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်ကို CNF နှင့် PDF တို့သည် လက်နက်ကြီး၊ လက်နက်ငယ်များကို အသုံးပြုကာ နေရာ(၄)နေရာခွဲ၍ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်လုံခြုံရေးအဖွဲ့ကလည်း ချက်ချင်းတုံ့ပြန် တိုက်ခိုက်ခဲ့ကြောင်း နစကမှ ဆိုသည်။
ထို့ကြောင့် နယ်မြေတပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများအနေဖြင့် CNF၊ PDF အဖွဲ့များကို ပြန်လည် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည့်အတွက် တပ်ရင်းဌာနချုပ်မှာ သိမ်းပိုက်ခံခဲ့ရခြင်းမရှိကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း CNF၊ PDF တို့ဖက်မှ အကျအဆုံးများစွာဖြင့် တပ်ရင်းဌာနချုပ်၏ အနောက်တောင်ဘက်သို့ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အလောင်းနှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။
သို့သော် ၎င်းတိုက်ပွဲအတွင်း ဖလမ်းမြို့ နယ်မြေခံတပ်ရင်းဌာနချုပ်မှ အရာရှိ၊ စစ်သည်အချို့သည်လည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ချင်းအမျိုးသားတပ်ဦး(CNF) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသည့် ချင်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
CNF သည် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းမရှိဘဲ နစကအစိုးရအား လက်နက်ကိုင်ကာ တော်လှန်နေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း