မဟာအောင်မြေမြို့နယ်ရှိ ရစဖမှူးရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်မှုဖြစ်ပွား
NSS - ဩဂုတ် ၁၁
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ရစဖမှူးရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၁၀ ရက်)၊ ညနေ (၄)နာရီခွဲဝန်းကျင်အချိန်တွင် မဟာအောင်မြေမြို့နယ်ရှိ မဟာနွယ်စဥ်ရပ်ကွက်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။
အဆိုပါ ရပ်ကွက်အတိုင်း ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသား(၂)ဦးသည် ရစဖမှူးရုံးအား လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့ပစ်ပေါက်ခဲ့သည့် လက်လုပ်ဗုံးသည် ရစဖမှူးရုံးရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း အထက်ပါ သတင်းအရင်းအမြစ်မှ ပြောသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံ့စီးပွားတိုးတက်ရေးဆောင်ရွက်ရာ၌ စာရင်းဇယားတွင် တိုးတက်ခြင်းထက် လက်တွေ့တိုးတက်ရေး ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ အသိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ