ပဲခူးမြို့သို့ ရေဘေးကယ်ဆယ်ရေးသွားသော ပရဟိတအသင်းကား သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အသင်း သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
စော(NSS) - ဩဂုတ် ၁၁
ပဲခူးတိုင်း၊ ပဲခူးမြို့သို့ ရေဘေးကယ်ဆယ်ရေးသွားသော ပရဟိတအသင်းကား သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁၁ရက်)၊ နံနက် (၉)နာရီဝန်းကျင်အချိန်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေကျင်မောင်မယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဒီနေ့မနက်လောက်ကဖြစ်သွားတာပါ။ ကားနှစ်စီးမှာတစ်စီးပဲထိသွားတာပါ။ ကျည်ကတော့ တစ်ချက်ပဲထိသွားပါတယ်။ အသင်းသားတစ်ဦးကတော့ မှန်စထိသွားတာပါ။ မစိုးရိမ်ရပါဘူး”ဟု ရွှေကျင်မောင်မယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းကြောင့် အသင်းဝင်တစ်ဦးဖြစ်သည့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပရဟိတအသင်းကားသည် ရွှေကျင်လမ်းမှ ညောင်လေးပင်လမ်းအတိုင်းမောင်းနှင်လာစဉ် ပုဇွန်မြောင်းကျေးရွာအရောက်၌ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုသည် ပြီးခဲ့သည် (ဩဂုတ်လ ၉ ရက်) နံနက်ပိုင်းမှစတင်ခဲ့ပြီး ပဲခူးမြို့နယ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင် ရေများဝင်ရောက်နေပြီး ရန်ကုန်-မန္တလေးကားလမ်းပေါ်သို့ ရေကျော်နေမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
ထို့ကြောင့် ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာ ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန်ကျောင်းများတွင် ယာယီရေဘေးသင့် စခန်း(၁၃)ခုကို ဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ဆက်လက်ကူညီဆောင်ရွက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဟာအောင်မြေမြို့နယ်ရှိ ရစဖမှူးရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်မှုဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း