ရုရှား၏ ဩဇာလွှမ်းမိုးမှုအောက်သို့ နိုင်ဂျာနိုင်ငံရောက်ရှိသွားမည်ကို စိုးရိမ်မိကြောင်း အမေရိကန်အစိုးရ ထုတ်ဖော် ပြော
Pika (NSS) - ဩဂုတ် ၁ဝ
ရုရှား (သို့မဟုတ်) ပရိုဂိုဇင်ဦးဆောင်သော ရုရှားကြေးစားတပ်ဖွဲ့ Wagner တို့သည် နိုင်ဂျာ စစ်အာဏာသိမ်းမှုတွင် ဆက်နွယ်မှုရှိသည်ဟု မယုံကြည်သော်လည်း နိုင်ဂျာကို ရုရှားနိုင်ငံ၏ ဩဇာလွှမ်းမိုးမှုအောက် ရောက်ရှိသွားနိုင်ခြင်း ကို စိုးရိမ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အန်တိုနီဘလင်ကန်က "ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကျွန်တော် တွေးမိပါ တယ်။ နိုင်ဂျာမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုကို ရုရှား ဒါမှမဟုတ် Wagner အဖွဲ့တို့က လှုံ့ဆော်ပေးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သူတို့က အဲဒါကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့ကြပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် Wagner အဖွဲ့သည် ပြဿနာများကို သယ်ဆောင်လာသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည့်အပြင် ၎င်းသွားရောက်ခဲ့သည့်နိုင်ငံများသည် လုံခြုံမှုမရှိတော့ကြောင်း အန်တိုနီဘလင်ကန်က စွပ်စွဲပြောခဲ့သည်။
နိုင်ဂျာစစ်အစိုးရသည် ၎င်းတို့၏ အာဏာကို ကာကွယ်ရန်နှင့် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုများကို ဟန့်တားရန် အတွက် ရုရှားကြေးစားတပ်ဖွဲ့ Wagner အား နိုင်ငံတွင်းသို့ ဖိတ်ခေါ်ရန် စဉ်းစားနေသည်ဟု မီဒီယာများက ဖော်ပြခဲ့ပြီးနောက် အန်တိုနီဘလင်ကန်၏ ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ နိုင်ဂျာစစ်အစိုးရသည် သမ္မတ မိုဟာမက်ဘာဇွန်ကို ပြန်လွှတ်ပေးရန် ဖိအားပေးခံရမှုများအပြင် စစ်ရေးနည်းလမ်းဖြင့် ဝင်ရောက်စွက်ဖက်မှုများကို လည်း ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရသည်။
ထို့အပြင် နိုင်ဂျာနိုင်ငံသည် ရုရှားကြေးစားတပ်ဖွဲ့ Wagner အုပ်စုမှတစ်ဆင့် ရုရှား၏ ဩဇာလွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားနိုင်ကြောင်း ဖြုတ်ချခံခဲ့ရသော နိုင်ဂျာသမ္မတမိုဟာမက်ဘာဇွန်က ထုတ်ဖော်ပြောဆိုဖူးကြောင်း သိရသည်။ ရုရှားကြေးစားတပ်ဖွဲ့ Wagner အဖွဲ့ခေါင်းဆောင် ပရိုဂိုဇင်က ၎င်း၏ အဖွဲ့သည် တရားမျှတမှုနှင့် ကိုယ်ပိုင်အချုပ်အခြာအာဏာကိုကာကွယ်ချင်သော နိုင်ငံများ၏အခွင့်အရေးကို ကာကွယ်လိုသူများဘက်မှသာ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုရက်ပိုင်းအတွင်း ရွှေဈေးအတက်အကျမြန်ပြီး အရောင်းအဝယ်အေးနေ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ