၀န်ကြီးချုပ်အသစ်ရွေးချယ်နိုင်ဖို့ ဖြူထိုင်းပါတီဦးဆောင်ပြီး ၉ ပါတီ ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်း
ဂျန်ဇက် (NSS) - သြဂုတ် ၁ဝ
ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ Chartthaipattana ဟာ ဖြူထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ကို ပူးပေါင်း ပါဝင်ခဲ့ကြောင်း ပါတီခေါင်းဆောင်ဖြစ်သူ Varawut Silpa-archa က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဖြူထိုင်းပါတီ ဦးဆောင်တဲ့ ၉ ပါတီ ညွှန်ပေါင်းအဖွဲ့ဟာ လွှတ်တော်ကိုယ်စားလှယ်ရေ ၅၀၀ရှိတဲ့ အောက်လွှတ်တော် မှာ ကိုယ်စားလှယ်ဦးရေ ၂၃၈ ဦးရရှိထားကြောင်း သိရပါတယ်။ ဖြူထိုင်းပါတီဟာ ရွေးကောက်ပွဲမှာ မဲအများဆုံးရရှိ ထားတဲ့ ၈ ပါတီ ညွန့်ပေါင်းအုပ်စုက နှုတ်ထွက်ခဲ့ပြီးနောက် စစ်တပ်ကျောထောက်နောက်ခံရှိနေတဲ့ Bhumjaithai ညွန့်ပေါင်းအဖွဲ့ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ စတင်ဖွဲ့စည်းခဲ့ပြီး အောက်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၂၅၁ ဦးအထိ ရရှိဖို့ ပစ်မှတ်ထားခဲ့ကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီ ဦးဆောင်နေတဲ့ ၉ ပါတီ ညွန့်ပေါင်းအဖွဲ့မှာ Bhumjaithai ပါတီအပြင် ပရာချာချက်၊ ထိုင်း လစ်ဘရယ်ပါတီ၊ Chart Pattana Klaပါတီ၊ Pheu Thai Rumphalang ပါတီ၊ Plung Sungkom Mai ပါတီ၊ Thongthee Thai ပါတီ နဲ့ Chartthaipattana ပါတီ တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါတယ်။
Chartthaipattana ပါတီခေါင်းဆောင် Varawut Silpa-archa က ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခြင်း နဲ့ပတ်သက်ပြီး ဖြူထိုင်းပါတီကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ Chartthaipattana ပါတီအနေနဲ့ ဝန်ကြီးချုပ် ရွေးချယ်ပွဲမှာ ဖြူထိုင်းပါတီက အမည်စာရင်းတင်သွင်းမယ့် ဝန်ကြီးချုပ်လောင်း နဲ့ အစိုးရအဖွဲ့ကို အားပေး ထောက်ခံသွားမှာဖြစ်ကြောင်း ပါတီခေါင်းဆောင် က ပြောပါတယ်။
ရှေ့သို့ချီပါတီဟာ သြဂုတ် ၉ ရက်က အစည်းအဝေး ကျင်းပခဲ့ပေမယ့် ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲမှာ ဖြူထိုင်း ပါတီက ရွေးချယ်တဲ့ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲပေးခြင်း ရှိ၊ မရှိ ကို အပြီးသတ်မဆုံးဖြတ်နိုင်ခဲ့ ကြောင်း သိရပါတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဝန်ကြီးချုပ်ဖြစ်ဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲ ၃၇၅ မဲ အနည်းဆုံးရရှိဖို့ လိုအပ်ကြောင်း သတ်မှတ်ထားပါတယ်။
ဖြူထိုင်းပါတီအနေနဲ့ ဝန်ကြီးချုပ်အသစ်ရွေးချယ်နိုင်ဖို့အထက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ထောက်ခံမဲရဖို့ လိုအပ်နေကြောင်း သတင်းတွေက ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီကွေဒေါသမ္မတလောင်းတစ်ဦး မဲဆွယ်စည်းရုံးပွဲမှာ လုပ်ကြံသတ်ဖြတ်ခံရပြီး ဦးခေါင်းကို ကျည်ဆံသုံးချက်ထိမှန် သေဆုံး
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း